ကလေးငယ်လေးတွေရဲ့ ခေါင်းမှာ သန်းမရှိအောင် ကာကွယ်နည်း
myanmaplatform.com
|
2018-11-27



သန်းဆိုတာက လူတွေရဲ့ ဆံပင်တွေကြားထဲမှာ နေထိုင်ကြပါတယ်။ သန်းတွေဟာ သေးငယ်ပြီးအတောင်မပါသောကပ်ပါးအင်းဆက်တစ်မျိုးဖြစ်ပါတယ်။ ဦးရေပြားက သွေးအနည်းငယ်ကိုအစာအဖြစ်စားသုံးပြီး ဦးခေါင်းမှာ နောကပါတယ်ယ။သန်းတွေက ကလေးငယ်တွေမှာ ပိုရှိတတ်ပါတယ်။ တစ်ခါတစ်ရံ သန်းကိုက်ခြင်းကြောင့် မသက်မသာဖြစ်တဲ့ ခံစားမှုကို ပေးတတ်ပါတယ်။ သန်းတွေက ဦးရေပြားကို ကိုက်လိုက်တာကြောင့် ယားယံပြီး ကုတ်နေရပါတယ်။ သန်းကိုက်လိုက်ခြင်းကြောင့် မကြာခဏ ကုတ်နေရတဲ့အတွက်အရည်ကြည်ဖုလေးတွေနဲ့အနီဖုလေးတွေ ပေါက်ခြင်း၊ ရောင်ရမ်းခြင်းတို့ကြောင့် ဘက်တီးရီးယားပိုး ကူးစက်လွယ်စေပါတယ်။ သန်းတွေက သန့်ရှင်းနေရင် မနေနိုင်ပါဘူး။ သန်းပျောက်အောင် ဘယ်လို သန့်ရှင်းပေးရမလဲဆိုတာကို ပြောပြလိုက်ပါတယ်နော်။




၁။ သန်းတွေကို ပျောက်စေတဲ့ ဆေးခေါင်းလျှော်ရည်ကိုသုံးပါ။

ရိုးရိုးခေါင်းလျှော်ရည်တွေကိုအသုံးပြုမယ်ဆိုရင် သန်းတွေ ပျောက်မသွားနိုင်ပါဘူး။ ဒါကြောင့် သန်းမရှိအောင်

ဆေးခေါင်းလျှော်ရည်နဲ့လျှော်ပြီး ၁၀မိနစ်လောက် နှပ်ထားလိုက်ပါ။ ပြီးမှလျှော်ချလိုက်ပါ။




၂။ သံလွင်ဆီနဲ့ ရှာလကာရည်ကို သုံးကြည့်ပါ။

၁၀ ရက်ကြာ သန်းသတ်ဖြတ်ရေးနည်းလမ်းကိုအသုံးပြုကြည့်ပါ။ သံလွင်ဆီနှင့် ရှာလကာရည်ကို ရောမွှေပါ။ ပြီးနောက် ရေမချိုးခင် ၁ နာရီလောက် လိမ်းပေးထားပါ။ ရေချိုးခန်းသုံး ဦးထုပ်ဆောင်းထားပါ။ တစ်နာရီလောက်အကြာမှာရေချိုးခန်းသုံးဦးထုပ်ကို ဖယ်လိုက်ပြိး ပုံမှန်ခေါင်းလျှော်ရည်နဲ့ ဆံပင်ကို ရေဆေးချလိုက်ပါ။ ၁၀ရက်လောက်လုပ်ပေးရင်သန်းတွေ ပျောက်ကင်းစေနိုင်ပါတယ်။




၃။ Mayonnaise ကို တစ်ခေါင်းလုံးလိမ်းပေးခြင်း

Mayonnaise က ဒြပ်ပေါင်းတွေပါဝင်တာကြောင့် သန်းတွေကို သေစေနိုင်ပါတယ်။ ပထမဦးဆုံး Mayonnaise ကိုတစ်ခေါင်းလုံးလိမ်းပေးပြီး ရေချိုးခန်းသုံး ဦးထုပ်ဆောင်းထားပါ။ ညမအိပ်ခင် ထည့်ပါ။

မနက်မိုးလင်းလာရင် ခေါင်းလျှော်ပေးလိုက်ပါ။ သန်းတွေသေနေတာကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။




၄။ သန်းတွေကို ဘီးစိပ်နဲ့ ဖြီးချပါ။

သန်းတွေကို ဘီးစိပ်နဲ့ ဖြီးချတော့မယ်ဆိုရင် ရေချိုးခါနီးကို ပြုလုပ်တာအကောင်းဆုံးဖြစ်ပါတယ်။ ခေါင်းကိုအုန်း

ဆီလိမ်းလိုက်ပါ။ ပြီးနောက် တစ်ခေါင်းလုံးကို ဘီးစိပ်နဲ့ ဖြီးချလိုက်ပါ။ သန်းကောင်တွေပါသွားနိုင်ပါတယ်။

နေစဉ် ရက်ဆက်လုပ်ပေးမယ်ဆိုရင်အကောင်တွေ ပျောက်ကင်းသွားနိုင်ပါတယ်။ သန်းတွေကို လုံးဝအမြစ်ပြတ်

ပျောက်ကင်းချင်တယ်ဆိုရင်တော့ ၃ ပတ်ဆက်တိုက်လောက် သန်းဥတွေကို ဖယ်ရှားပေးသင့်ပါတယ်။




၅။အိပ်ရာနဲ့အိမ်သုံး ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်လိုက်ပါ။

သန်းတွေကို ပြောင်အောင် လုပ်ပြီးသွားပြီဆိုရင် သန်းရှိစဉ်ကအသုံးပြုခဲ့တဲ့အဝတ်တွေ၊အိပ်ယာခင်း၊ ခြုံထည်

တွေကို လျှော်လိုက်ပါ။အပူချိန် ၅၅ ဒီဂရီ စင်တီဂရိတ် ရှိတဲ့ ရေနွေးနဲ့ လျှော်ပါ။အပူပေးပြီးအခြောက်ခံပါ။ လျှော်

၍ မရသောအဝတ်တွေကိုအခြောက်မလျှော်ခင် ပလပ်စတစ်အိတ်ဖြင့် ပိတ်ပြီ။ နှစ်ပတ်လောက်ထုတ်ထားပါ။

ခေါင်းဘီးတွေ၊ သွားပွတ်တံတွေကို သန်းသေစေတဲ့ ခေါင်းလျှော်ရည်၊ ပိုးသတ်ဆေး၊ ရေနွေး ၊ပိုးသေစေသောအရက်

ပျံ တစ်မျိုးမျိုးနဲ့ တစ်နာရီလောက် စိမ်ပါ။ ဒါဆိုရင် ထပ်မကူးနိုင်တော့ပါဘူး။




Some text some message..