တစ်နှစ်အတွင်း သင့်ကို ပိုက်ဆံ စုမိစေမယ့် နည်းလမ်း (၅) သွယ်
shwemom.com
|
2018-09-18

သင့်အနေနဲ့ ရသမျှ ပိုက်ဆံနဲ့ သုံးတဲ့ပိုက်ဆံ မမျှလို့အဆင်မပြေဖြစ်နေတာမျိုး ခံစားဖူးလား။ ဒါမှမဟုတ် ရှာသမျှပိုက်ဆံတွေ ဘယ်လို ကုန်သွားမှန်းမသိပဲအဖတ်မတင်ပဲ ဖြစ်နေတာမျိုးရော ကြုံနေရလား။အောက်မှာ ဖော်ပြထားတဲ့အချက် (၅) ချက်က သင့်ကို ပိုက်ဆံ စုမိစေမှာ သေချာပြီး ဒီအချက်တွေကို တစ်နှစ်လောက်အသုံးပြုလိုက်တာနဲ့ သင့်လက်ထဲမှာ ပိုက်ဆံ ပမာဏတစ်ခုကတော့ ရှိလာမှာ သေချာစေပါတယ်။ ဘာတွေလဲဆိုတာတော့ တစ်ချက်လောက် ကြည့်လိုက်ဦးနော်…။


သင့်ရဲ့အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ် နေ့လည်စာကိုအိမ်ကနေ သယ်လာတာမျိုးက ပိုပြီးတော့ သင့်ပိုက်ဆံတွေကို စုမိစေပါတယ်။ နေ့တိုင်းအပြင်ထွက်စားတာမျိုးဆိုရင်တော့ သင့် ပိုက်ဆံတွေလည်း တစ်နည်းမဟုတ်တစ်နည်း ထွက်နေတော့မှာပဲလေ။ ဒီတော့ နေ့လည်စာဗူးလေးကိုအိမ်ကနေ သယ်လာပြီး ကုန်ကျစရိတ်နည်းနည်းနဲ့ စားတာအကောင်းဆုံးပါပဲ။


သင့်အနေနဲ့ တစ်ပတ်တစ်ခါ၊ ဒါမှမဟုတ် တစ်လကို တစ်ခါ သင့်ရဲ့ လခ၊ မုန့်ဖိုးထဲကနေ စုဗူးထဲကို ပိုက်ဆံလေးတွေ ထည့်သင့်ပါတယ်။ စုဗူးထဲကို ပိုက်ဆံထည့်လိုက်ပြီဆိုရင် သင့်အနေနဲ့ တော်ရုံနဲ့ ပြန်ထုတ်ဖို့ မလွယ်တာကြောင့်အဲဒါကအဖတ်တင်စေမှာပါ။အချိန်ကြာလာတာနဲ့အမျှ ပိုက်ဆံ စုရကောင်းမှန်းလည်း သိလာမှာဖြစ်ပြီး ဘဏ်တိုက်အသေးစားလေးတစ်ခုကို ပိုင်ဆိုင်ထားသလိုမျိုးခံစားရစေပါလိမ့်မယ်။


သင့်မှာ ပိုက်ဆံတွေ ဘယ်လောက်ပဲရှိရှိ ပိုက်ဆံအိတ်ထဲကိုတော့ တစ်ပတ်စာအသုံးစရိတ်လောက်က လွဲရင် ပိုပြီးထည့်မထားတာအကောင်းဆုံးပါ။ လူတွေရဲ့ သဘာဝကအိတ်ထဲမှာ ပိုက်ဆံများများရှိနေရင် သုံးချင်တာတွေလည်း များလာတာမို့ ပိုက်ဆံတွေက ခဏလေးနဲ့ ကုန်သွားပါလိမ့်မယ်။ ဒီတော့ ကိုယ့်ရဲ့ ပိုက်ဆံအိတ်ထဲက ပမာဏကို တတ်နိုင်သမျှ နည်းနည်းသာ ထားသင့်ပါတယ်။


ကိုယ့်ရဲ့အလုပ်ကို ၊ ကျောင်းကို ရိုးရိုး ဘတ်စ်ကားမစီးပဲ တက္ကစီနဲ့ သွားတဲ့အကျင့်မျိုးက သင့်ရဲ့ ပိုက်ဆံတွေကိုအကျိုးမရှိပဲအလကားဖြစ်စေပါလိမ့်မယ်။ သင့်ရဲ့ ပုံမှန်အချိန်ထက် နောက်ကျပြီးအိပ်ယာထတာပဲဖြစ်ဖြစ်၊ သိပ်ပြီးအရေးမကြီးတဲ့ ကိစ္စတွေ လုပ်နေတာပဲဖြစ်ဖြစ်အချိန်နောက်ကျလို့ တက္ကစီ စီးရတာတွေက သင့်ကို ပိုက်ဆံစုမိဖို့အခက်တွေ့စေမှာပါ။ ဒီတော့ တတ်နိုင်သလောက် ဘတ်စ်ကားစီးပြီး သွားကြရအောင်။

သင့်ရဲ့ တစ်လတာ ဝင်ငွေတွေထဲမှာ ဖုန်းဘေလ်တွေနဲ့အင်တာနက်အသုံးပြုခတွေကြောင့် ပိုက်ဆံအများကြီး ကုန်နေပြီဆိုရင်အဲဒါကို လျော့သင့်ပါတယ်။ ကိုယ့်အတွက် လိုအပ်တဲ့ဖုန်းခေါ်ဆိုမှုတွေပဲ လုပ်ပြီးအင်တာနက်အသုံးပြုမှုကိုလည်းအတိုင်းအတာ တစ်ခုအထိ လျော့ချလိုက်မယ်ဆိုရင် သင့်ရဲ့ ပိုက်ဆံတွေ ပိုထွက်လာမှာဖြစ်ပြီး စုမိဆောင်းမိတောင် ဖြစ်လာမှာပါ။

Linn

Source : EliteReader




Some text some message..