Cube Entertainment ကနေ ပယ်ထုတ်ခံလိုက်ရတဲ့ HyunA နဲ့ Pentagon’s E’Dawn
trend.com.mm
|
2018-09-14

စက်တင်ဘာ ၁၃ရက်နေ့က Cube Entertainmentမှ ကြေငြာစာတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ HyunA နဲ့ Pentagon’s E’Dawn တို့ကို Cube Entertainment ကနေ တရားဝင်ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒီလိုအနုပညာရှင်တွေရဲ့သစ္စာရှိမှု ၊ ယုံကြည်မှုတွေကြောင့်အလုပ်လုပ်ခဲ့ရတဲ့ သက်တမ်းတစ်လျှောက်လုံးအကောင်းဆုံးရလဒ်တွေ ခံစားခဲ့ရပါတယ်။


များစွာသော ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် သူတို့နှစ်ယောက်ကို ပယ်ထုတ်လိုက်ဖို့ ဆုံးဖြတ်ရတာလည်း Cube Entertainment မှအများကြီးခက်ခဲစေသလို နာကျင်ရပါတယ်။ သူတို့နှစ်ယောက်ရဲ့သစ္စာရှိမှုတွေ ယုံကြည်မှုတွေနဲ့စခဲ့ကြတဲ့ ဒီခရီးဟာ လမ်းတစ်ဝက်မှာတင် ပျက်စီးခဲ့ရပြီ။HyunA နဲ့ Pentagon’s E’Dawn တို့ကို ယနေ့ချိန်ထိအားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း Cube Entertainment ဘက်မှ ပြောသွားပါတယ်။




ပြီးခဲ့တဲ့ သြဂုတ်လ ၂ရက်နေ့က HyunA နဲ့ Pentagon’s E’Dawn တို့ ဒိတ်နေကြတာ ၂နှစ်လောက်ရှိပြီဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။အဲ့ဒီလို ပရိတ်သတ်တွေကိုအသိပေးဝန်ခံလိုက်ပြီးတည်းက သူတို့နှစ်ယောက်ရဲ့ရိုက်ကူးရေးအစီစဉ်တွေ ၊ ဖျော်ဖြေပွဲတွေနဲ့ များစွာသော schedules တွေ ဖျက်သိမ်းခံရပြီး ပရိတ်သတ်တွေဆီကလည်းအမုန်းခံနေရပါတယ်။




သူတို့နှစ်ယောက်အချစ်ရေးဟာ ဒီလောက်ထိအမုန်းခံဖို့ လိုသလား မသိတော့ပါဘူး။ HyunA နဲ့ Pentagon’s E’Dawn တို့ရဲ့ပရိတ်သတ်တွေကတော့ Cube Entertainment မှ ထုတ်ပယ်ခံရတဲ့အဖြစ်ကြောင့်အင်မတန် စိတ်မကောင်းဖြစ်နေကြပါတယ်။




Some text some message..