သူတို့ကို ဘာကြောင့် နည်းပြတွေက STEAL လုပ်ခဲ့ကြတာလဲ..?
popolay.com
|
2019-05-06
The Voice Myanmar ရဲ့ Battle Round ယှဉ်ပြိုင်မှုတွေကတော့ မနေ့ညကအဆုံးသတ်သွားခဲ့ပါပြီ။ Battle မှာအရေးနိမ့်ခဲ့ရတဲ့ ပြိုင်ပွဲဝင်အချို့အိမ်ပြန်ခဲ့ရပေမယ့် သူတို့တွေထဲက (၈)ဦးကတော့ နောက်ထပ် KnockOut Round ယှဉ်ပြိုင်ဖို့အတွက် နည်းပြတွေရဲ့ ကယ်တင် (STEAL) လုပ်တာကို ခံခဲ့ရပါတယ်။

Battle Round တစ်လျှောက်လုံးမှာ နည်းပြတစ်ဦးလျှင် ပြိုင်ပွဲဝင် (၂)ဦးထိ STEAL လုပ်ခွင့်ရှိတာကြောင့်၊ သူတို့ရဲ့ ရပိုင်ခွင့်ကို နည်းပြတွေက ထိထိမိမိအသုံးချနိုင်ခဲ့ပါတယ်။ နည်းပြတွေအနေနဲ့ STEAL လုပ်ခွင့်ရတာ ပထမဦးဆုံးအတွေ့အကြုံလည်းဖြစ်လို့ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ဆုံးဖြတ်ချက်မှာ မှန်တာတွေလည်းရှိသလို စိတ်ခံစားမှုအပေါ်အခြေခံပြီး STEAL လုပ်ခဲ့တာတွေလည်း ရှိတာကို တွေ့ခဲ့ရပါတယ်။

ဒါကြောင့် နည်းပြကိုယ်စီကအရေးနိမ့်ခဲ့တဲ့ ပြိုင်ပွဲဝင် (၈)ဦးကို ဘယ်လို ဆန္ဒမျှော်လင့်ချက်တွေနဲ့ ယုံယုံကြည်ကြည် STEAL လုပ်ခဲ့ကြတာလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။




TEAM R Zarni
ပထမဦးဆုံး ‘အာဇာနည်’ STEAL လုပ်ခဲ့တဲ့ ပြိုင်ပွဲဝင် နှစ်ဦးက “ဂျူဂျူး” နဲ့ “လင်းခက်” တို့ဖြစ်ပါတယ်။
IMG
“ဂျူဂျူး” က ‘ကျားပေါက်’ ရဲ့အဖွဲ့ဝင်ဖြစ်ခဲ့ပြီး Battle မှာ “Judson Fish” နဲ့ ‘ကြိုနေစေချင်တယ်’ သီချင်းကို ယှဉ်ပြိုင်ရင်း နှာတဖျားလောက်နဲ့အရေးနိမ့်ခဲ့ရသူဖြစ်ပါတယ်။

“ဂျူဂျူး” ရဲ့ ပစ်ရက်စရာမရှိတဲ့ ဆိုဟန် ဆိုပေါက်တွေကြောင့် နောက်တစ်ဆင့်နဲ့ ထိုက်တန်သူအဖြစ် ကျန်နည်းပြ ၃ ဦးစလုံးက တပြိုင်ထဲ STEAL လုပ်ခဲ့ကြပါတယ်။ သူတို့တွေထဲကမှ “ဂျူဂျူး” က ‘အာဇာနည်’ ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ Battle Round တစ်လျှောက်လုံးမှာ နည်းပြတွေအားလုံးက ဝိုင်းပြီး STEAL လုပ်ခံရသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
VID1
ဒုတိယတစ်ယောက်ဖြစ်တဲ့ “လင်းခက်” ကတော့ Blind Audition မှာထဲက ပရိသတ်တွေရော နည်းပြတွေပါ မျက်စိကျခဲ့တဲ့ ပြိုင်ပွဲဝင်ဖြစ်ပါတယ်။ မူလက ‘ရန်ရန်ချန်း’ ရဲ့အဖွဲ့ထဲကဖြစ်ပြီး Battle Round ပထမဆုံးနေ့မှာ “Grin Go” နဲ့ ဆုံခဲ့ပါတယ်။
“ရူးချင်ယောင်ဆောင်မနေနဲ့” သီချင်းမှာ စိတ်လှုပ်ရှားလွန်းပြီးအမှားမှားယွင်းယွင်းတွေ လုပ်မိခဲ့တာကြောင့် မြင်းကောင်းခွာလိပ် ဖြစ်ကာအရေးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့် စိတ်ရင်းကောင်းပြီးအားလုံးကို ပျော်ရွှင်အောင် လုပ်နိုင်သူ၊ သီချင်းတွေကို ကိုယ်ပိုင်ဟန် ဖျော်ဖြေမှုတွေနဲ့ တင်ဆက်နိုင်သူမို့ ‘နီနီခင်ဇော်’ နဲ့ ‘အာဇာနည်’ ကအိမ်ပြန်မလွှတ်သေးပဲ STEAL လုပ်ခဲ့တာဖြစ်ပါတယ်။ “လင်းခက်” က ‘အာဇာနည်’ ကို ရွေးချယ်ခဲ့ပါတယ်။
VID2
ဒါကြောင့်မို့ ‘အာဇာနည်’ STEAL လုပ်ပြီး ရရှိခဲ့တဲ့ ပြိုင်ပွဲဝင်တွေဟာအရည်အချင်းမနည်းသူတွေမို့ လွယ်လွယ်ကူကူနဲ့ ရခဲ့တာ မဟုတ်တာ သေချာပါတယ်။ သူတို့နှစ်ယောက်ကို KnockOut Roundအတွက် ဘယ်လို လေ့ကျင့်ပြင်ဆင်ပေးသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။




TEAM Yan Chan
‘ရန်ရန်ချန်း’ STEAL လုပ်ခဲ့တဲ့ ပြိုင်ပွဲဝင် နှစ်ယောက်က “ဇင်မာမိုးစက်” နဲ့ “မယ်လိုဒီခေါင်” တို့ဖြစ်ပါတယ်။
IMG
Battle Round မှာ STEAL ကို ပထမဦးဆုံး ဈေးဦးဖောက် ခဲ့တာက ‘ရန်ရန်ချန်း’ ဖြစ်ပါတယ်။ Battle ပထမအပတ်မှာအာဇာနည် ရဲ့အဖွဲ့သားတွေဖြစ်တဲ့ ‘ဒေးဗစ်ထူး’ နဲ့ ‘ဇင်မာမိုးစက်’ တို့ “ငါ့ရဲ့တက်တူး” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ပွတ်ကာသီကာ နောက်တစ်လှမ်းကျန်ခဲ့တဲ့ ‘ဇင်မာမိုးစက်’ က ဒီထက်အများကြီး လုပ်ပြချင်လို့အခွင့်အရေးတစ်ခုလောက် ရချင်ပါတယ်ဆိုတဲ့ သူမရဲ့ဆန္ဒကို ‘ရန်ရန်ချန်း’ က ဖြည့်ဆည်းပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေမယ်လို့ ယုံကြည်ပြီး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
VID3
“မယ်လိုဒီခေါင်” ကိုတော့ Battle ဒုတိယအပတ်မှာ STEAL လုပ်ခဲ့တာဖြစ်ပါတယ်။ မူလက ‘နီနီခင်ဇော်’ ရဲ့အဖွဲ့ဝင်ဖြစ်ပြီး ပြိုင်ပွဲဝင် “ဟေဇယ်လ်” နဲ့ ‘သိပ်ချစ်ရင်ခါးမယ်’ သီချင်းနဲ့ Battle ယှဉ်ပြိုင်ရာမှာအရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ သူ့ကို STEAL လုပ်မယ်လို့အရင်ထဲက ဆန္ဒရှိခဲ့တဲ့ ‘ရန်ရန်ချန်း’ က “ဟေဇယ်လ်” သူ့ကိုနှုတ်ဆက်ပြီး စင်ပေါ်ကအဆင်းမှာ ခလုပ်ပါတစ်ခါထဲနှိပ်ခဲ့ဖို့ ပြောခဲ့ပြီး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
VID4
‘ရန်ရန်ချန်း’ STEAL ခဲ့တဲ့ “ဇင်မာမိုးစက်” နဲ့ “မယ်လိုဒီခေါင်” တို့နှစ်ယောက်လုံးက ဂီတလမ်းကြောင်းပေါ်မှာ ရပ်တည်နေဆဲအတွေ့အကြုံရှိပြီးသား ပြိုင်ပွဲဝင်တွေဖြစ်လို့ ‘ရန်ရန်ချန်း’အတွက်အားကိုးရမယ့် သူတွေ ဖြစ်လာနိုင်ပါတယ်။




TEAM Kyar Pauk
‘ကျားပေါက်’ ကတော့ သူ့ရဲ့ STEALအခွင့်အရေး နှစ်ခုကို “အေးသဇင်မောင်” နဲ့ “Oram” တို့ကို ပေးခဲ့ပါတယ်။
IMG
Battle ဒုတိယအပတ်မှာ ‘နီနီခင်ဇော်’ ရဲ့အဖွဲ့သားတွေဖြစ်တဲ့ ‘ခွန်းဝတီပြည့်’ နဲ့ ‘အေးသဇင်မောင်’ တို့က “ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်လေး” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ တမူးလောက်လျော့ပြီး ရှုံးနိမ့်ခဲ့တဲ့ ‘အေးသဇင်မောင်’ ကို ‘ကျားပေါက်’ နဲ့ ‘ရန်ရန်ချန်း’ က ပြိုင်တူပဲ STEAL လုပ်ခဲ့တာ ဖြစ်ပါတယ်။
VID5
နောက်တစ်ယောက်က ‘အာဇာနည်’ ရဲ့အဖွဲ့သားဖြစ်တဲ့ “Oram” ဖြစ်ပြီး Battle Round နောက်ဆုံးအပတ်မှာမှ STEAL လုပ်ခဲ့တာပါ။ ပြိုင်ဘက် ဖြစ်တဲ့ “June Rose” နဲ့ တွဲဖက်ပြီး “စုန်းမ” သီချင်းကို ယှဉ်ပြိုင်ခဲ့ရာမှာအမှားမှားအယွင်းယွင်းတွေ စင်ပေါ်မှာ ဖြစ်ခဲ့တာကြောင့် “Oram”အိမ်ပြန်ရဖို့ ဖြစ်လာပါတယ်။

လူတိုင်းဖြစ်တတ်တဲ့အမှားအယွင်းတစ်ခုကြောင့် သူမရဲ့ ဘဝမှာ စိတ်ဒဏ်ရာ မဖြစ်စေချင်တဲ့ စေတနာနဲ့ ‘ကျားပေါက်’ က သူရဲ့ နောက်ဆုံးလက်ကျန် STEAL ကို ထုတ်သုံးပြီး ‘Oram’ ကို ကယ်တင်ခဲ့တာဖြစ်ပါတယ်။
VID6
ဒါကြောင့်မို့ စွန့်စွန်းစားစားအသုံးချထားခဲ့တဲ့ ‘ကျားပေါက်’ ရဲ့ STEAL တွေအတွက်အရာထင်လာဖို့ KnockOut Round မှာ “အေးသဇင်မောင်” နဲ့ “Oram” တို့ရဲ့အစွမ်းကုန်ကြိုးစားမှုကို တွေ့မြင်ရဖို့ မျှော်လင့်ပါတယ်။




TEAM Ni Ni
‘နီနီခင်ဇော်’ ရဲ့ STEAL တွေကို ရရှိသွားသူတွေက “Grace Mami” နဲ့ “A ဒေး” တို့ ဖြစ်ပါတယ်။
IMG
‘ကျားပေါက်’ ရဲ့အဖွဲ့ထဲက “Grace Mami” ကို Battle ပထမဦးဆုံးအပတ်မှာ ရယူခဲ့တာဖြစ်ပါတယ်။
“Grace Mami” က “Khine” နဲ့ “Like I’m Gonna Lose You” သီချင်းနဲ့ နောက်ကျကျန်နေခဲ့ပေမယ့် ‘နီနီခင်ဇော်’ က သူနဲ့လက်တွဲဖို့ STEAL လုပ်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။
VID7
Battle Round တတိယအပတ်မှာ ‘အာဇာနည်’ ရဲ့အဖွဲ့ထဲက “ပန်ပန်ကြေးမုံ” နဲ့ ယှဉ်ပြိုင်ရင်းအရေးနိမ့်ခဲ့တဲ့ “Aဒေး” ကို ကယ်တင်ရင်း သူမရဲ့ ဒုတိယ STEAL ကိုအသုံးချနိုင်ခဲ့ပါတယ်။
VID8
‘နီနီခင်ဇော်’ STEAL ထားခဲ့တဲ့ “Grace Mami” နဲ့ “Aဒေး” တို့ နှစ်ယောက်လုံးက Battle မှာ ပွတ်ကာသီကာအရေးနိမ့်ခဲ့ပေမယ့် သူတို့ရဲ့ ဒုတိယအခွင့်အရေးကို KnockOut မှာ ပိုင်ပိုင်နိုင်နိုင်အသုံးချသွားမယ့် သူတွေအဖြစ် တွေ့မြင်ရမယ့်လို့ မျှော်လင့်ထားပါတယ်။

The Voice Myanmar ရဲ့ KNOCKOUT Round ကို လာမယ့် တနင်္ဂနွေနေ့ည ၉ နာရီ MRTV 4 ရုပ်သံလိုင်းကနေ ရင်ခုန်စွာနဲ့ စောင့်ကြည့်ကြရဦးမှာဖြစ်ပါတယ်။




Some text some message..