ငွေကြေးမတတ်နိုင်တဲ့ နှလုံးရောဂါသည်ကလေးတွေကို ကူညီထောက်ပံ့ပေးလိုက်တဲ့ ဖန်ဘင်းဘင်း
popolay.com
|
2019-05-09

နာမည်ကျော် တရုတ်မင်းသမီး ဖန်ဘင်းဘင်းဟာဆိုရင် ဟောလိဝုဒ် Marvel ရုပ်ရှင်စီးရီးမှာ ပါဝင်ခွင့်ရတဲ့ တစ်ဦးတည်းသော တရုတ်လူမျိုး မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ ဖန်ဘင်းဘင်း ပါဝင်တဲ့ Marvel ဇာတ်ကားကတော့ ၂၀၁၄ မှာထွက်ရှိခဲ့တဲ့ X-Men : Days of future past ပဲဖြစ်ပါတယ်။ ဖန်ဘင်းဘင်းဟာ တရုတ်မှာသာမက ဟောလိဝုဒ်ထိတက်ပြီး ကမ္ဘာကျော်ခဲ့တဲ့ မင်းသမီးတစ်လက်ပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ် ၂၀၁၈ မှာ တရုတ်အစိုးရကိုအခွန်ရှောင်တဲ့အမှုနဲ့ ပတ်သတ်ပြီး သူမအနုပညာလောကမှာ ထွက်ပေါ်လာခြင်းမျိုး သိပ်မရှိတော့ပါဘူး။ ဒါ့အပြင် ဘင်းဘင်းတစ်ယောက် ဒုသမ္မတ နဲ့အတူအိပ်ထားတဲ့ ဗွီဒီယိုဖိုင်ပေါ်ထွက်လာတယ်ဆိုပြီး သတင်းတွေထွက်လာခဲ့တာကြောင့်အနည်းငယ် တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပါသေးတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လအနည်းငယ်အတောအတွင်း ဇာတ်ကားအသစ်မှာ သေမင်းအဖြစ်ပါဝင်သရုပ်ဆောင် ဖြစ်တော့မယ့်အကြောင်း သူမ ပရိတ်သတ်ကိုအသိပေးခဲ့ပါတယ်။အခုတော့ ဘင်းဘင်းဟာ ပရိတ်သတ်ရှေ့ကို လူလုံးထွက်ပြနိုင်တဲ့အခြေအနေ ပြန်လည်ရောက်ရှိလာပါပြီ။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<







ဖန်ဘင်းဘင်းဟာ မေလ ၈ ရက်နေ့ သူမကိုယ်ပိုင်အင်စတာဂရမ်အကောင့်မှာ ငွေကြေးမတတ်နိုင်တဲ့ နှလုံးရောဂါသည်ကလေးတွေကို ကူညီစောင့်ရှောက်ပေးတဲ့အကြောင်းတင်ခဲ့ပါတယ်။ ဘင်းဘင်းဟာ တိဘက်နိုင်ငံ၊ Ngari မြို့ရှိ နှလုံးရောဂါသည်ကလေးတွေအတွက် “Heart Ali”အမည်ရတဲ့ ပရဟိတအသင်းကို ၂၀၁၀ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။













“ကျွန်မအခု တိဘက်ကို ရောဂါဝေဒနာခံစားနေရတဲ့ ကလေးတွေနဲ့တွေ့ဆုံဖို့ ဆေးကုသရေးအဖွဲ့နဲ့အတူ ရောက်ရှိနေတာပါ၊ ရောဂါသည်ကလေးတွေ ဘေကျင်းနဲ့ ရှန်ဟိုင့်မှာ ခွဲစိတ်ကုသမှုခံယူဖို့ နဲ့ လိုက်ပါမယ့် ကလေးမိဘတွေအတွက် ခရီးစရိတ်တွေပါ စပွန်ဆာအပြည့်အဝ ရရှိထားပြီးပါပြီ” ဆိုပြီး ရေးသားထားပါတယ်။



















ဖန်ဘင်းဘင်းရဲ့အလှူဟာ မွန်မြတ်လွန်းတာကြောင့် သူမရဲ့ ပရဟိတစိတ်ဓာတ်ကိုတော့ မချီးကျူးပဲမနေနိုင်ပါဘူး။ တရုတ်နိုင်ငံရှိ ပြည်သူအချို့ကလဲ သူမရဲ့ ကြိုးစားအားထုတ်မှုကိုအားပေးတဲ့အနေနဲ့ ဖန်ဘင်းဘင်းတည်ထောင်ထားတဲ့ ပရဟိတအသင်း “Heart Ali” မှာ တတ်နိုင်သလောက် ပါဝင်လှူဒါန်းသွားမည်ဖြစ်ကြောင်း ကွန်မန့်တွေမှာ ပြောကြားခဲ့ကြပါတယ်။

(ပိုပိုလေး)




Some text some message..