ကြည့်မိသူတိုင်း ရင်ထဲထိသွားစေမယ့် Lee Min Ho နဲ့ Blackpink Jisoo တို့ရဲ့ ကြော်ငြာ
popolay.com
|
2019-05-09

တောင်ကိုးရီးယား နာမည်ကျော် မင်းသား လီမင်ဟိုဟာဆိုရင် ထိပ်တန်းစာရင်းဝင် မင်းသားတွေထဲ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ လီမင်ဟိုဟာ နာမည်ကြီးလာတဲ့အမျှရိုက်ရတဲ့ CF ကြော်ငြာတွေအများကြီး ရိုက်လာရပါတယ်။ သူရိုက်ပေးတဲ့ ကြော်ငြာတိုင်း နာမည်ကြီးသွားပြီး ရောင်းအားကောင်းတဲ့ ကုန်ပစ္စည်း တွေဖြစ်လာပါတယ်။ ဒီလို နာမည်ကျော်တစ်ယောက်က CF ကြော်ငြာတွေ လက်မလည်အောင် ရိုက်နေရတာလဲမဆန်းပါဘူး။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<







အခုပြောပြမယ့် CF လေးကတော့ လီမင်ဟိုနဲ့ Blackpinkအဖွဲ့ဝင် Jisoo တို့ ကြော်ငြာထားတဲ့ CF လေးပါ။ ဒီကြော်ငြာလေးဟာဆိုရင် Jisoo ဟာ Blackpinkအဖွဲ့ဝင်မဖြစ်ခင် မော်ဒယ်တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့အချိန် ၂၀၁၅ လောက်က ရိုက်ထားတဲ့ ကြော်ငြာလေးပဲဖြစ်ပါတယ်။













လီမင်ဟိုနဲ့ Jisoo တို့ ကြော်ငြာတဲ့ ကုန်ပစ္စည်းကတော့ Samsonite ကျောပိုးအိတ်ဖြစ်ပါတယ်။ ကြော်ငြာရဲ့အစမှာ သမီးရည်းစားရန်ဖြစ်စကားများနေတဲ့ပုံ သရုပ်ဆောင်ထားတာကို တွေ့ရမှာဖြစ်ပြီး Jisoo က လီမင်ဟိုကို မကျေနပ်လို့ ချန်ထားရစ်ကာ ကားမောင်းထွက်ပြေးလိုက်တာပဲဖြစ်ပါတယ်။အဲ့ဒီနောက် လီမင်ဟို ကားနောက်ကို ပြေးလိုက်တဲ့အခါမှာ Jisoo စိတ်ဆိုးပြေပြီး ရပ်ပေးလိုက်တဲ့အခါမှာတော့ ခပ်တည်တည်နဲ့ သူကျန်ခဲ့တဲ့ Samsonite ကျောပိုးအိတ်ကို လွယ်ပြီးထွက်သွားတာ ကို တွေ့ရပါတယ်။







နှစ်ယောက်သား ခပ်ချေချေပုံစံ လိုက်ဖက်ညီစွာ သရုပ်ဆောင်ထားတာကြောင့် ကြည့်မိသူတိုင်း ဒီကြော်ငြာလေးကိုအမှတ်ရနေစေမယ့် ခံစားချက်တစ်ခု ပေးစွမ်းနိုင်မှာပါ။ Jisoo နဲ့ လီမင်ဟိုတို့ရဲ့ လိုက်ဖက်ညီစွာ သရုပ်ဆောင်ထားတဲ့ Samsonite Red ကြော်ငြာလေးကို ကြည့်ရှုခံစားကြည့်လိုက်ကြပါဦး ပရိတ်သတ်ကြီးရေ။




(ပိုပိုလေး)






Some text some message..