ဇနီးဖြစ်သူဟာ မယားငယ်မဟုတ်ကြောင်း တုန့်ပြန်ဖြေရှင်းလိုက်တဲ့ ကိုဥက္ကာကျော်
popolay.com
|
2019-05-10
တစ်ချိန်ကအနုပညာလောကထဲဝယ် ကျန်းမာသန်းစွမ်းပြီးလှပတဲ့ဆံပင်ရှည်ကြီးနဲ့ ပရိသတ်ရဲ့အမြင်အာရုံတွေကိုဖမ်းစားခဲ့တဲ့ ဆုပန်ထွာဟာဆိုရင် မော်ဒယ်သရုပ်ဆောင်တစ်ယောက်အဖြစ် နာမည်ကြီးအောင်မြင်ကျော်ကြားခဲ့ပြီး လက်ရှိအချိန်ထိ ပရိသတ်တွေကချစ်ခင်အားပေးနေကြဆဲဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းတွေဆိုရတာကိုလဲ ဝါသနာပါသူမို့ တေးစီးရီးတွေလဲ ထွက်ရှိထားပါသေးတယ်။ ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကို မွေးဖွားပြီးအေးချမ်းပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ဆုပန်ထွာကတော့ ရုပ်ရှင်တွေ၊ ကြော်ငြာတွေရိုက်ကူးရင်း ရှိုးပွဲတွေလိုက်လံဖျော်ဖြေရင်းနဲ့ သူမချစ်တဲ့အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

ဆုပန်ထွာကတော့ စိတ်ရင်းစိတ်ထားကောင်းသူပီပီအလှူရေစက်လက်နဲ့မကွာအောင် ကုသိုလ်ရေးပိုင်းမှာလည်းအမြဲသဒ္ဒါထက်သန်သူဖြစ်ပါတယ်။ သူမတည်ဆောက်ထားတဲ့မိသားစုဘဝလေးထဲမှာ ပျော်ရွှင်စွာနေထိုင်ရင်းအနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေပေမယ့် ဝေဖန်သူတစ်ချို့ရဲ့တိုက်ခိုက်မှုတွေကို ခံလာရပါတယ်။အဲ့တာကတော့ ဆုပန်ထွာကို သူမရဲ့မိသားစုဘဝလေးနဲ့ပတ်သက်ပြီး မယားငယ်ဆိုကာ ဝေဖန်တိုက်ခိုက်သူတွေရှိလို့နေပါတယ်။ ထိုဝေန်မှုတွေကြောင့် ခင်ပွန်းဖြစ်သူကိုဥက္ကာကျော်က ဆုပန်ထွာဟာ မယားငယ်မဟုတ်ကြောင်းနဲ့ တရားဝင်လက်ထပ်ယူထားတဲ့ ဇနီးမယားသာဖြစ်ကြောင်း ဝေဖန်တိုက်ခိုက်နေမှုတွေအပေါ် တုန့်ပြန်ဖြေရှင်းလိုက်ပါတယ်။

ဝေဖန်မှုတွေအပေါ် ကိုဥက္ကာကျော်ဖြေရှင်းလိုက်တာကတော့ “ဒီမိသားစုလေး ဒီအခြေအနေရောက်ဖို့အတွက် စတေးရတာတွေ၊ ပေးဆပ်ရတာတွေအကုန်လုံးကအစ်ကိုတစ်ယောက်တည်းမဟုတ်ဘူး၊ ပန်ပန်လဲ စတေးရတာတွေ၊ ပေးဆပ်ရတာတွေရှိတယ်။အဲ့အတွက်ကြောင့် ကျေနပ်တယ်၊ တန်တယ်လု့ိလဲထင်ပါတယ်။ တစ်ခုတော့ပြောချင်တာကအစ်ကိုတို့ မိဘမဲ့ကလေးတွေကို လှူတယ်၊ ရောဂါရှိတဲ့ကလေးတွေကို သနားတဲ့အတွက်ကြောင့် လှူတယ်။ ဒါကို သူများကလေးတွေကျ သနားပြနေလိုက်ကြတာ၊ ကိုယ့်ရဲ့အရင်အိမ်ထောင်က ကလေးကိုတော့မသနားဘူးလား၊ မချစ်ဘူးလို့လားလို့ ပြောကောင်းပြောကြလိမ့်မယ်။ မထောက်ပံ့တော့ဘူးလားတို့၊ မေ့သွားပြီလားတို့ဆိုအဲ့လိုမဟုတ်ပါဘူး။အစ်ကိုပြောချင်တာကအရင်အိမ်ထောင်က ကလေးကို ကျွန်တော့်မိသားစုကအခုချိန်ထိထောက်ပံ့နေဆဲ၊ သူတို့အမေရိကားမှာနေတဲ့အသုံးစရိတ်တွေအကုန်လုံးကို ယခုချိန်ထိထောက်ပံ့နေဆဲပါ။အရင်အိမ်ထောင်နဲ့ရထားတဲ့ သားကြီး Bryan Kyaw ကိုလည်းချစ်တယ်၊ သားလေး Roar ကိုလည်းချစ်တယ်ဆိုတာ ပြောချင်တယ်” လို့ဆိုပါတယ်။

ဆက်လက်ပြီး ဇနီးဖြစ်သူ ဆုပန်ထွာကို မယားငယ်လို့ဝေဖန်တိုက်ခိုက်နေတဲ့အပေါ် “အဓိကပြောချင်တာကတော့ ပန်ပန်သည် ကျွန်တော့်ရဲ့တရားဝင်လက်ထပ်ယူထားတဲ့အမျိုးသမီးပါ။ မယားငယ်မဟုတ်ပါဘူး။ မယားငယ်ဆိုတာကအရင်အိမ်ထောင်နဲ့လက်ထက်ပြီးတော့ နောက်မိန်းမတစ်ယောက်ကို ရည်းစားခိုးထားတာ ဒါကကျွန်တော့အနေနဲ့သတ်မှတ်သိထားတဲ့ မယားငယ်ပါ။ ကျွန်တော်ကအရင်အိမ်ထောင်နဲ့နှစ်ဦးသဘောတူ တရားရုံးမှာအိမ်ထောင်ကိုကွာရှင်းပြတ်စဲပြီးတော့မှ နောက်အိမ်ထောင်ပြုတာပါ။အဲ့တာကြောင့် ဒါကကျွန်တော့်ရဲ့နောက်အိမ်ထောင်ပါ။အဲ့အတွက်ကြောင့် ကျွန်တော်ကအမေရိကားမှာရော မြန်မာပြည်မှာရော တရားဝင်လက်ထပ်လို့ရပါတယ်။အမေရိကားမှာလည်း မိန်းမကိုတစ်ယောက်ထပ်ပိုပြီး တစ်ချိန်ထဲမှာလက်ထပ်ယူလို့မရသလို မြန်မာနိုင်ငံမှာလဲအဲ့တာမျိုးလုပ်လို့မရပါဘူး။ ကျွန်တော်ဒါလေးကို သိအောင်လို့ ပြောသင့်တယ်ထင်လို့အင်တာဗျူးကတစ်ဆင့်ပြောလိုက်တာပါ” ဆိုပြီး သူများမိသားစုအကြောင်းကို ဂဃနဏမသိပဲ ဝေဖန်တိုက်ခိုက်ပြောဆိုနေကြသူတွေကို ဖြေရှင်းလိုက်တာပဲဖြစ်ပါတယ်။






Some text some message..