ဟစ်တလာရဲ့ နောက်ကွယ်က လူသိပ်မသိကြသေးတဲ့အချက် (၁၀) ချက်အကြောင်း
shwemom.com
|
2019-05-17

Adolf Hitler ဆိုတာ ဂျာမန်ရဲ့နိုင်ငံရေးသမား၊ ဂျာမန်နာဇီပါတီရဲ့ခေါင်းဆောင်တစ်ယောက်အဖြစ် ရက်စက်ပြီး စစ်မက်ရေးရာမှာ တစ်ဖက်ကမ်းခတ်တတ်ကျွမ်းသူအဖြစ်အများက သိထားကြပမေယ့်လည်း လူတိုင်းမှာ လက်ဖမိုးနဲ့လက်ဖဝါးလိုမျိုး လူရှေ့ချပြတဲ့ ပုံစံနဲ့ လွတ်လွတ်လပ်လပ်အချိန်တွေမျာ ရှိတတ်တဲ့ ပုံစံဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီတော့ ဟစ်တလာရဲ့ လူမြင်ကွင်းမှာ သိပ်တွေ့ရလေ့မရှိတဲ့ ကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဟစ်တလာဟာ ငယ်တုန်းကအနုပညာကျောင်းဝင်ခွင့်ကို (၂)ကြိမ်တိတိအပယ်ချခံရခဲ့ပါတယ်။ ဒုတိယတစ်ကြိမ်မှာတော့ ဝင်ခွင့်စာမေးပွဲဖြေခွင့်တောင် မရှိခဲ့ဘူးလို့ဆိုပေမယ့်လည်းအခုအချိန်မှာတော့ ဟစ်တလာရဲ့ ပန်းချီကားတွေကြောင့် သူဟာ ပါရမီရှိတဲ့အနုပညာရှင်တစ်ယောက်လို့ ဆိုကြပြန်ပါတယ်။


History

(၂) စစ်ခေါင်းဆောင်ဖြစ်လို့အနုပညာရှင်တွေကို သာမန်လူတွေလို မကြိုက်နိုင်ဘူးလို့ ထင်ကြပေမယ့်လည်း ဟစ်တလာဟာ တကယ်တော့ ဂျာမန်အနုပညာရှင်တွေကိုအရမ်းမြတ်နိုးသူတစ်ယောက်ဆိုတာ သူ့ရဲ့ပုံတူပန်းချီကားတွေမှာ ရေးဆွဲထားတာနဲ့တင် သိနိုင်ပါတယ်။အဲဒီအထဲကတချို့ကတော့ Albrect Durer, Lucus Cranach the Elder, Johannes Vermeer တို့ပဲဖြစ်ပါတယ်။

(၃) ဟောပြောပွဲတွေပြောဖို့အတွက် နာရီပေါင်းများစွာ လေ့ကျင့်လေ့ရှိပြီး တကယ့်မာန်နဲ့ထန်နဲ့ ပြောနေပုံကိုလည်း ဓာတ်ပုံရိုက်ကာ မှတ်တမ်းတင်ထားလေ့ရှိပါတယ်။


History

(၄) လူထုအတွက်လို့ဆိုကာ စစ်ထွက်တိုက်နေပေမယ့်လည်း ဟစ်တလာဟာအကောင်းသိပ်ကြိုက်သူတစ်ယောက်ပီပီ ဇိမ်ခံကား၊အဝတ်အစားနဲ့အသုံးအဆောင်ပစ္စည်းတွေကိုု ဈေးကြီးပါပေ့ဆိုတဲ့အရာတွေကိုသာ ဝယ်သုံးခဲ့ပါတယ်။

(၅) သူ့ရဲ့ icon ဖြစ်တဲ့ မုတ်ဆိတ်မွှေးကြောင့်ပဲ စစ်ပွဲအတွင်း ဓာတ်ငွေ့စစ်တဲ့မျက်နှာဖုံးဝတ်ကာ မဆန့်တဲ့အတွက်အငွေ့တွေဝင်ပြီး ၁၉၁၈ ခုနှစ်မှာအချိန်တစ်ခုကြာအောင်အမြင်အာရုံကွယ်သွားခဲ့ပါသေးတယ်။

(၆) ဟစ်တလာဟာ Disney ကို သိပ်သဘောကျခဲ့သူပါတဲ့။ စစချင်း Snow White ရုပ်ရှင်ထွက်ကတည်းကိုကအားပေးခဲ့ပြီး King Kong ထွက်လာတုန်းကဆိုရင်လည်း သူခဏခဏကြည့်တဲ့ ရုပ်ရှင်စာရင်းထဲ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်တဲ့။


Disney

(၇)အသက် ၁၂ နှစ်ကစပြီး ဆယ်ကျော်သက်အရွယ်တော်တေ်ာများများတုန်းကအနုပညာကိုစိတ်ဝင်စားသူ ဟစ်တလာဟာအော်ပရာရောဂါလည်း ထခဲ့ပါသေးတယ်တဲ့။အော်ပရာပွဲတွေကိုသွားသွားခိုးြက်ည့်ဖို့ ကျောင်းနေ့တိုင်းလိုလိုပျက်ခဲ့တဲ့အချိန်တွေတောင်ရှိခဲ့ဖူးပါတယ်။

(၈) ဟစ်တလာမှာ စကားပြောတတ်ပြီး ဉာဏ်ရည်မြင့်တဲ့ခွေးတပ်ကြီးလည်း ရှိတယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။ Blondi နဲ့ Bella ဆိုတဲ့ ခွေးလေးနှစ်ကောင်ကို ချစ်လွန်းလို့ မျက်စိအောက်နေအပျောက်မခံဘဲ တစ်ချိန်လုံးသွလေရာခေါ်သွား၊ စကားတွေပြောနေတော့လည်း ဒီလိုသတင်းထွက်လည်း ထွက်ချင်စရာပါပဲ။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်မသတ်သေခင်မှာပဲ ခွေးလေးနှစ်ကောင်ကိုလည်း သူနဲ့တစ်ပါတည်းခေါ်သွားချင်လို့အရင်ဆုံး ပစ်သတ်ခဲ့ပါတယ်။


Getty

(၉) ဟစ်တလာဟာ လက်မှာ လူပေါင်းများစွာရဲ့ သွေးတွေ စွန်းပေနေလည်း သူဟာ သတ်သတ်လွတ်စားသူတစ်ယောက်ဖြစ်ပြီးအစားအသောက်အပေါ်လည်း သံသယရှိလွန်းပါတယ်။ သူမစားခင်မှာအရင်အမြည်းစားဖို့အတွက် လူတွေကို ငှားထာပြီးအဲဒီလူတွေကိုအကျဉ်းချထားတယ်လို့ဆိုပါတယ်။

(၁၀) ဟစ်တလာရဲ့အကြိုက်ဆုံးသရုပ်ဆောင်ကတော့ Johannes Heesters ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကအသက် ၁၀၈ နှစ်မှာ သေဆုံးသွားခဲ့ပါတယ်။


Wiki


Source: History


Penny




Some text some message..