![]()
နှင်းနှင်းအောင် / မြန်မာတိုင်းမ်နေ့စဉ်
ကိုယ်ပိုင်သံစဉ်တေးသီချင်းများ သီဆို ဖျော်ဖြေကြမည့် ရွှေနှလုံးသားဂီတညဂီတ ဖျော်ဖြေပွဲကို မေ ၃၁ ရက် ည ၇ နာရီတွင် ရန်ကုန်မြို့အမျိုးသားဇာတ်ရုံ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်သံစဉ်တေးသီ ချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်မယ့် ရွှေနှလုံး သားဂီတညဖျော်ဖြေပွဲပါ။ ဒီပွဲမှာတော့အစ်ကို့ရဲ့ ကိုယ်ပိုင်သီချင်းတွေကိုအဓိကရွေးချယ်ထား ပါတယ်။အဆိုတော်က ခုနစ်ယောက်ဆိုတော့ ငါးပုဒ်စီဆိုရမယ်ထင်ပါတယ်"ဟု တေးသံရှင် မာရဇ္ဇကပြောဆိုသည်။
"အဆိုပါဖျော်ဖြေပွဲတွင်အဆိုတော်ဂျေမောင် မောင်၊ မွန်းအောင်၊ မာရဇ္ဇ၊ ထူးအယ်လင်း၊ ဝေလ၊ မီမီဝင်းဖေနှင့်ဆွိတီတို့က တေးသီချင်းအပုဒ် ၃၀ ကျော် သီဆိုဖျော်ဖြေကြမည်ဖြစ် သည်။ ယင်းပွဲလက်မှတ်များကို ကျပ်ခုနစ်ထောင်၊ ကျပ်တစ်သောင်း၊ ကျပ်နှစ်သောင်း၊ ကျပ်သုံး သောင်းနှင့် ကျပ်ငါးသောင်း သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း၌ ရောင်းချပေးမည်ဖြစ် သည်။