ကာမအတင်းရယူမှုကြောင့် တရားရုံးမှ ဆင့်ခေါ်စာပေးပြီး စစ်ဆေးခံရတော့မယ် စီရော်နယ်ဒို
popolay.com
|
2019-05-24

စီရော်နယ်ဒိုဟာ ကာမအတင်းရယူမှုကြောင့် စွပ်စွဲခံနေရပြီး ဒီအမှုက မပြီးပြတ်သေးဘဲ တရားလို ဘက်ကနေ ရော်နယ်ဒို နေထိုင်တဲ့ လိပ်စာကို စုံစမ်းနေကာ တရားရုံးမှ ဆင့်ခေါ်စာပေးပြီး ကြာနာ စစ်ဆေးသွားဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ကာသန်မာယော်ဂါဟာ ကျောင်းဆရာမဟောင်း တစ်ဦးဖြစ်ပြီး ၊ ၂၀၀၉ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ညအစောပိုင်းက လက်စ်ဗီးဂက်က ပန်းမ် ဟိုတယ်မှာ ရိုနာဒိုဟာ သူ့မကိုအတင်းအားဓမ္မ ပြုကျင့်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့သူ ဖြစ်ပါတယ်။ရော်နယ်ဒို ကတော့ ဒီကိစ္စကို Video Live လွှင့်ပြီး ဒါကိုုငြင်းဆန်ထားခဲ့ပါတယ်။







ဖြစ်စဉ်က ရော်နယ်ဒို ဟာအဲဒီအချိန်ကအပန်းဖြေဖို့အမေရိကားကို ရောက်ရှိနေချိန် ဖြစ်ပြီး ၊ မာယော်ဂါနဲ့ ကလပ်တစ်ခုမှာ တွေ့ဆုံခဲ့ကြပါတယ်။ ထို့နောက် ရော်နာဒိုက မာယော်ဂါကို သူ့နေတဲ့အခန်းဆီ ခေါ်ဆောင်ခဲ့ပြီး ရေးချိုးကန်ထဲမှာအတူတူ ရေးချိုးဖို့ စည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။







ထို့နောက်အမျိုးသမီး ကိုအင်္ကျီတွေ လဲဖို့ပြောဆိုခဲ့ပြီးနောက်အဝတ်လဲနေချိန်မှာပဲ ရော်နယ်ဒိုအနားကို ကပ်လာပြီးအမျိုးမျိုး ငြင်းဆန်နေသည့် ကြားထဲကနေအတင်းအဓမ္မ ရယူသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။







ထိုနောက် မီဒီယာတွေကြားထဲ့မှာ သူတို့နှစ်ယောက်အတူသွားအတူလာ နေကြတဲ့ ဓါတ်ပုံတွေ ပေါ်ထွက်လာခဲ့ပါတယ်။ မာယော်ဂါ ကတော့ ရော်နယ်ဒို ၉၉ % လူကောင်းတစ်ယောက်ဖြစ်ပြီး မကောင်းတဲ့ ၁ % ကသူကို ဓါးစားခံ ဖြစ်သွားတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။




Some text some message..