အနုပညာအလုပ်တွေကြိုးစားပြီး ရတဲ့ဝင်ငွေနဲ့ မိဘကျေးဇူးဆပ်လိုက်တဲ့ ဖြူဖြူထွေး
popolay.com
|
2019-05-27




အသက်အရွယ်ငယ်ငယ်နဲ့အနုပညာလောကထဲမှာအောင်မြင်မှုတွေရရှိနေပြီဖြစ်တဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ယဉ်ကျေးဖော်ရွေမှု၊ ပွင့်လင်းရိုးသားမှုတို့ကြောင့် ပရိသတ်ရဲ့ချစ်မေတ္တာတွေကို ရရှိပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။ ဖြူဖြူထွေးဟာဆိုရင်အနုပညာလောကထဲကို ဝင်စကအပြင်းအထန်ဝေဖန်တိုက်ခိုက်ခံခဲ့ရပေမယ့် ပရိသတ်တွေရဲ့စကားကိုအလေးထားသူမို့ သူမရဲ့ပြုမှုလှုပ်ရှားမှုတွေကို ပြောင်းလဲလိုက်ပြီးနောက်မှာအားလုံးကအချစ်ပိုခဲ့ရတာဖြစ်ပါတယ်။


>> Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ <<







ကြော်ငြာတွေရိုက်ကူးရင်း ဖိတ်ကြားထားတဲ့ပွဲတွေတက်ရင်းအနုပညာအလုပ်တွေကို နေ့ညမပြတ်မအားမလပ် လုပ်ကိုင်နေရတဲ့ ဖြူဖြူထွေးတစ်ယောက်ကတော့ သူမရဲ့ဝင်ငွေလေးနဲ့ မိဘနှစ်ပါးကိုကျေးဇူးဆပ်ခဲ့ပါတယ်။အသက်ငယ်ငယ်နဲ့အောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ ဖြူဖြူထွေးဟာဆိုရင်အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ပြီး သူမရဲ့လုပ်အားခလေးနဲ့ မိဘနှစ်ပါးကို သိန်း (၃၀) ကျပ်ကန်တော့ပြီး ကျေးဇူးဆပ်ခဲ့တာဖြစ်ပါတယ်။













မိဘနှစ်ပါးနဲ့အတူရိုက်ကူးထားတဲ့ ကြည်နူးစရာပုံရိပ်တွေကိုတော့ သူမရဲ့လူမှုကွန်ယက်မှာ မျှဝေထားပြီး “မိဘကျေးဇူး ဆပ်ခွင့်ရတာနဲ့တင် ပင်ပန်းသမျှတွေ ပြေပျောက်ပါတယ်.. ဖေဖေနဲ့မေမေအတွက် သမီးဆက်ကြိုးစားပါ့မယ်နော်အနားမှာ နေခွင့်ရအောင်” ဆိုပြီး စိတ်ချမ်းမြေ့စရာ စကားလေးပါရေးသားခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ဖြူဖြူထွေးတို့မိသားစုလေးရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။













ဖြူဖြူထွေးကတော့အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသူတစ်ယောက်ဖြစ်သလို မိဘအပေါ်သိတတ်လိမ္မာတဲ့ သမီးကောင်းရတနာလေးလည်း ဖြစ်ပါတယ်။ သူမရတဲ့ ဝင်ငွေနဲ့ ရွာမှာကျန်ခဲ့တဲ့ မိဘနှစ်ပါးအတွက် ကားသစ်ကြီးဝယ်ပေးခဲ့သလို သြင်္ကန်ရက်မှာလည်း ရွာပြန်ကာ မိသားစုများကောင်းစွာနေထိုင်နိုင်ဖို့အတွက်အိမ်သစ်ဆောက်လုပ်ပေးခဲ့တယ်လို့လဲ သိရပါတယ်။







ယခုလဲ မိဘနှစ်ပါးသုံးစွဲဖို့အတွက် ငွေကြေးများကန်တော့ပြီး မိဘကျေးဇူးကိုဆပ်နေတာပဲဖြစ်ပါတယ်။ ဒီလိုငယ်ရွယ်စဉ်မှာပင် မိဘကျေးဇူးကိုဆပ်နိုင်သူဖြစ်နေတာကြောင့် တစ်ချို့သောပရိသတ်တွေက ဖြူဖြူထွေးအတွက် ဝမ်းသာပီတိဖြစ်ကြသလိုအားကျနေကြတာကိုလဲ တွေ့ရပါတယ်။







ပရိသတ်ကြီးထဲမှာရော ကိုယ့်မိဘနှစ်ပါးရဲ့ ကျေးဇူးကို ပြန်လည်ဆပ်နိုင်ကြသူတွေရှိပြီလား…



(ပိုပိုလေး)




Some text some message..