![]()
တောင်ကိုးရီးယား နာမည်ကျော်ကေပေါ့ပ်အဖွဲ့ Blackpink ဟာဆိုရင်အာရှတင်သာမကအနောက်နိုင်ငံတွေအထိပါအောင်မြင်ကျော်ကြားတာပဲဖြစ်ပါတယ်။ Blackpink မှအငယ်ဆုံးအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Lisa ဟာထိုင်းလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ Lisa တစ်ယောက် နိုင်ငံရပ်ခြားမှာအနေများပြီး ကိုးရီးယားဘာသာစကားနဲ့အင်္ဂလိပ်စကားကိုသာ တွင်တွင်ပြောနေရပေမဲ့ မိခင်ဘာသာစကားဖြစ်တဲ့ ထိုင်းစကားကိုတော့ မေ့သွားလေ့မရှိပါဘူး။ Lisa က သူမအကြိုက်ဆုံး မြန်မာပရိတ်သတ်တွေ yaya လို့ခေါ်ကြတဲ့ Urassaya Sperbund ဖြစ်ကြောင်းအင်တာဗျုးတစ်ခုမှာပြောဖူးပါတယ်။ နောက်ထပ် Yaya ကိုကြိုက်နှစ်သက်တဲ့အဖွဲ့ဝင်က ဘယ်သူဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
နောက်ထပ် yaya ကို ကြိုက်နှစ်သက်သူကတော့အဖွဲ့ဝင် Rose’ ပါ။ Rose’ က ထိုင်းနိုင်ငံရောက်နေတုန်း Yaya Standingအရုပ်နဲ့ ဓာတ်ပုံတွဲရိုက်ပြီးအင်စတာဂရမ်မှာတောင်တင်ခဲ့ပါသေးတယ်။
Yaya ကိုယ်တိုင်ကလဲ သူမက blackpink ပရိတ်သတ်တစ်ဦးဖြစ်ကြောင်း သက်သေပြလိုက်ပါပြီ။ သူမကိုယ်ပိုင် concert မှာ yaya ဟာ လတ်တလော ရေပန်းစားနေတဲ့ blackpink သီချင်း Kill this love နဲ့အတူ ဖျော်ဖြေခဲ့ပါတယ်။
ဖျော်ဖြေခဲ့ရုံသာမက သူမအင်စတာဂရမ်မှာတင်ပြီး သူမကိုယ်တိုင်က blink တစ်ဦးဖြစ်ကြောင်းကိုလဲ ပရိတ်သတ်ကိုအသိပေးခဲ့ပါတယ်။ yaya တစ်ယောက် blackpink သီချင်းကို ဘယ်လို ကပြဖျော်ဖြေခဲ့လဲဆိုတာ ပိုပိုလေးနဲ့အတူ ကြည့်ရှုလိုက်ရအောင်။
(ပိုပိုလေး)