အွန်လိုင်းသုံးစွဲသူပရိသတ်တွေကိုအံ့အားသင့်စေခဲ့တယ့် ပိုင်တံခွန်နဲ့ စုလှိုင်ဝင်း
popolay.com
|
2018-09-18
အသားညိုညို၊အရပ်ရှည်ရှည် ယောကျာ်းပီသတဲ့ရုပ်ရည်သွင်ပြင်ကြောင့် ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်အဖြစ်အသိအမှတ်ပြုခံထားရတဲ့ မော်ဒယ်သရုပ်ဆောင်ပိုင်တံခွန်ကတော့ မိန်းကလေးတွေရဲ့အသဲကို ညှို့ယူဖမ်းစားထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ မော်ဒယ်စုလှိုင်ဝင်းကတော့ လှလှပပနဲ့ကပြထားတဲ့ Cover Dance တွေကြောင့်လူသိများထင်ရှားလာသူတစ်ယောက်ဖြစ်ပြီး လှပလွန်းတဲ့ သူမရဲ့ခန္တာကိုယ်ကောက်ကြောင်းအလှကြောင့်လဲ ပုရိဿတွေကြားရေပန်းစားနာမည်ကြီးကာ ယောကျာ်းထုကြီးတစ်ခုလုံးရဲ့ဝန်းရံခြင်းကို ခံထားရသူတစ်ဦးဖြစ်ပါတယ်။
လတ်တလောအွန်လိုင်းသုံးစွဲသူ ပရိသတ်များကြားမှာတော့ စုလှိုင်ဝင်းနဲ့ ပိုင်တံခွန်တို့နှစ်ယောက်ရဲ့ ကောလဟာလသတင်းတွေက ပျံ့နှံ့လို့နေပါတယ်။ ကားထဲမှာအတူတွဲထိုင်ကာ နမ်းရှုံ့နေကြတဲ့ပုံရိပ်များကြောင့် သူတို့နှစ်ယောက်ချစ်သူတွေဖြစ်နေသလားဟု သို့လော သို့လောတွေဖြစ်နေကြပါတယ်။ ထိုပုံရိပ်တွေကြောင့် မိန်းကလေးပရိသတ်တွေအပြင် ယောကျာ်းလေးပရိသတ်များပါအသဲကွဲလို့နေကြပါတယ်။ သူတို့နှစ်ယောက်ကို ချစ်သူတွေလားလို့ထင်ကြေးပေးနေကြတဲ့အပေါ် သူတို့နှစ်ယောက်ကတော့ ဘာဖြေရှင်းမှုမှ ပြုလုပ်ခြင်းတော့မရှိသေးပါဘူး။
နှစ်ယောက်စလုံးရဲ့ပရိသတ်တွေကတော့ နောက်ထပ်အနုပညာရှင်စုံတွဲဖြစ်လာဦးမလားဆိုပြီး သူတို့ရဲ့ဖြေရှင်းချက်တွေကို စောင့်စားလို့နေကြပါတယ်။ ပိုင်တံခွန်ကတော့အင်တာဗျူးတစ်ခုမှာ ချစ်ရတဲ့မိန်းကလေးရှိပေမယ့် ချစ်သူမရှိသေးဘူးလို့ပြောကြားခဲ့ကာ တကယ်လို့ချစ်သူရှိလာခဲ့ရင်လည်း ပရိသတ်တွေကို ဖုံးကွယ်မထားဘူးလို့ ပြောကြားထားပါတယ်။
#ပိုင်တံခွန်
#ယောကျာ်း
#ချစ်သူ
#ပုံရိပ်
#လှိုင်
ဆောင်းပါးများ
Some text some message..