![]()
မြန်မာနိုင်ငံမှာ F4 မင်းသမီးလေး ဂင်ဂျန်ဒီလို့သိကြတဲ့ မင်းသမီးလေး ဂူဟဲဆောင်းန်ဟာဆိုရင်အိမ်ထောင်ပြုပြီးနောက်ပိုင်း ဇာတ်လမ်းတွဲအသစ်ရော၊ ရုပ်ရှင်ဇာတ်ကားအသစ်တွေပါ ရိုက်ကူးခြင်းမရှိသေးပါဘူး။ ဂူဟဲဆောင်းန်ဟာဆိုရင်အနုပညာနဲ့ ပတ်သတ်ပြီး ဝါသနာကြီးသူတစ်ဦးပဲဖြစ်ပါတယ်။သရုပ်ဆောင်အလုပ်နဲ့တင် ရပ်တန့်မသွားပဲ ဒါရိုက်တာ၊ ပန်းချီဆရာအစရှိတဲ့အခြားသောအနုပညာဘာသာရပ်တွေနဲ့အသက်မွေးဝမ်းကြောင်းပြုသူတစ်ဦးလဲဖြစ်ပါတယ်။ မင်းသားအန်ဂျယ်ဟွန်းနဲ့ လက်ထပ်ပြီး ဒီနှစ်ပိုင်းတွေမှာ သူမရဲ့အချိန်တွေကို ပန်းချီဆွဲရင်းကုန်ဆုံးနေခဲ့ပုံပါပဲ။ ပန်းချီဆရာမတစ်ဖြစ်လဲ နာမည်ကျော်သရုပ်ဆောင် ဂူဟဲဆောင်းန် ဟာ ရှေ့လျှောက်သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိတ်သတ်ရှေ့ ပြန်လည်ရောက်ရှိလာတော့မယ့်အကြောင်းအသိပေးလိုက်ပါပြီ။ ဂူဟဲဆောင်းန်ရဲ့အနာဂတ်အစီအစဉ်တွေအကြောင်း သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ဇွန်လ ၇ ရက်နေ့မှာ သရုပ်ဆောင် ဂူဟဲဆောင်းန်ဟာ “A World without you, Loneliness for Me” ခေါင်းစဉ်နဲ့ ပန်းချီပြပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒီပြပွဲအခမ်းအနားမှာ ဂူဟဲဆောင်းန်တစ်ယောက် ရှေ့ဆက်ပြုလုပ်သွားမယ့်အနုပညာလှုပ်ရှားမှုတွေအကြောင်း ပြောပြလာပါတယ်။ “ကျွန်မ ရှေ့လျှောက်သရုပ်ဆောင်ပဲဆက်လုပ်သွားမှာပါ။ ကျွန်မတစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ ကာရိုက်တာမျိုး သရုပ်ဆောင်ဖူးချင်တယ်။ ဒါကြောင့် ဇာတ်ကားတွေ လာကမ်းလှမ်းတာရှိရင် သေချာဂရုတစိုက်ရွေးဖြစ်တယ်” ဆိုပြီးပြောသွားပါတယ်။
တစ်ဖန် ဒီနှစ်ပိုင်းတွေမှာ ပန်းချီဆွဲရင်းအချိန်ကုန်ဆုံးနေတာနဲ့ပတ်သတ်ပြီး “ဒီနှစ်တွေမှာ ကျွန်မပန်းချီဆွဲရင်းအချိန်တွေကုန်နေခဲ့တာပါ။ ဒီပြပွဲပြီးသွားရင်တော့အရင်လို သရုပ်ဆောင်ပြန်လုပ်ဖို့ စတင်တော့မှာပါ” ဆိုပြီးပြောသွားပါတယ်။ ဂူဟဲဆောင်းန်ပန်းချီပြပွဲကတော့ ဆိုးလ်မြို့၊ Jinsan ပန်းချီပြခန်းမှာ ဇွန်လ ၁ ရက်နေ့ကနေ ဇူလိုင် ၂၈ ထိပြသသွားမှာပဲဖြစ်ပါတယ်။
(ပိုပိုလေး)