ဆေးကုစားနေတဲ့ ဆရာဝန်မဟုတ်ပဲ ဆေးလက်မှတ်သိမ်းခံလိုက်ရတဲ့အပေါ် မေးခွန်းထုတ်လိုက်တဲ့ နန်းမွေစံ
popolay.com
|
2019-06-12

Sexy model လောကမှာ ထူးခြားလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့်အချိန်တိုအတွင်း နာမည်ကြီးလာတဲ့ မော်ဒယ်နန်းမွေစံဟာဆိုရင် ပုရိဿတွေရဲ့တစ်ခဲနက်ဝန်းရံအားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ Sexy မော်ဒယ်တစ်ဦးဖြစ်တာကြောင့် သူမရဲ့အလှအပကိုအတိုင်းသားထင်ရှားပေါ်လွင်စေတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ညှို့ငင်ဖမ်းစားတတ်သူပဲဖြစ်ပါတယ်။


>> Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ <<




အနုပညာပိုင်းမှာလည်းအောင်မြင်ကျော်ကြားသူဖြစ်ပြီး ဘွဲ့ရဆရာဝန်တစ်ဦးလည်းဖြစ်တဲ့ နန်းမွေစံကတော့ ဆရာဝန်အလုပ်ကိုမလုပ်ကိုင်ပဲ သူမဝါသနာပါရာ Sexy model တစ်ဦးအဖြစ်သာအနုပညာလောကထဲမှာ ရှင်သန်ရပ်တည်နေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ မော်ဒယ်နန်းမွေစံတစ်ယောက် မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့သွေဖယ်နေတဲ့ သူမရဲ့ဝတ်စားဆင်ယင်မှုတို့ကြောင့် ဆေးကုသခွင့်လိုင်စင်ကို ပိတ်သိမ်းခြင်းခံလိုက်ရပါတယ်။




Sexy Model တစ်ယောက်ဖြစ်တဲ့ နန်းမွေစံဟာဆိုရင် သူမရဲ့ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆေးကောင်စီမှာ ခံဝန်ကတိရေးထိုးထားခဲ့ပြီးဖြစ်ပေမယ့် ဆက်လက်ဝတ်စားနေတာကြောင့် ဆေးကုသခွင့်လိုင်စင်ကို ရုတ်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံဆေးကောင်စီက ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ သူမရဲ့အထွေထွေဆေးကုသခွင့်လက်မှတ်ကို ပိတ်သိမ်းခံလိုက်ရတဲ့အတွက် နန်းမွေစံကတော့အတော်လေးကို ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြောင်းကို မီဒီယာနဲ့အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။




နန်းမွေစံက “အမိန့်ကြော်ငြာစာကအရင်တုန်းကတည်းကရှိတာ။ တစ်ယောက်တည်း ဖတ်လိုက်၊ ခံစားလိုက်နဲ့ နောက်ဆုံး မခံစားနိုင်တော့လို့ ပရိသတ်နဲ့ Fan တွေ၊ သူငယ်ချင်းတွေကို Share ချင်လို့ ဓာတ်ပုံရိုက်ပြီးတင်လိုက်ရင်း ပျံ့သွားတာ။ ဝန်ခံကတိ ထိုးခဲ့တယ်ဆိုတာကလည်း မြန်မာ့ယဉ်ကျေးမှုနဲ့မညီတဲ့ ပုံတွေ၊ ဗီဒီယိုတွေကို ဖေ့စ်ဘွတ်ပေါ်မတင်နဲ့ဆိုလို့အခုတောင်အင်စတာဂရမ်ပဲသုံးဖြစ်တယ်၊ ဖေ့စ်ဘွတ်တောင် သိပ်မသုံးဖြစ်တော့ဘူး။ ဟိုတစ်နေ့က Lady Boy ရုပ်ရှင် press show ပွဲကိုသွားတဲ့ပုံတွေတော့ တက်လာတယ်။အဲ့တာကြောင့်များလားဆိုပြီးတော့ စိတ်ထဲမှာဖြစ်မိတယ်” ဆိုကာ ဆေးလိုင်စင်သိမ်းခံလိုက်ရတဲ့အကြောင်းရင်းကို ထင်ကြေးပေးပြောဆိုသွားခဲ့ပါတယ်။





ဒါ့အပြင်အနုပညာလုပ်ကိုင်နေတဲ့ ဆရာဝန်တွေအများကြီးထဲမှ သူမတစ်ယောက်တည်းသာ ဆေးလိုင်စင်သိမ်းခံရတဲ့အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြောင်းကို “နောက်တစ်ခုကအနုပညာအသိုင်းအဝိုင်းထဲမှာ ဆရာဝန်တွေအများကြီးရှိတယ်။ ဆရာဝန်မဖြစ်သေးပဲနဲ့ ဆေးကျောင်းတက်နေတဲ့ ကလေးတွေလည်းအများကြီးရှိတယ်။ သူတို့တွေကိုကျ ဘာသံမှမကြားရဘူး၊ မွေစံကိုပဲအဲ့လိုလုပ်တယ်ဆိုတော့ စိတ်မကောင်းဖြစ်တယ်။ Feeling Lost ဖြစ်နေတယ်။ တစ်ခုခုဆုံးရှုံးသွားသလို ခံစားနေရတဲ့အတွက် တော်တော်တော့ စိတ်မကောင်းဖြစ်မိတယ်” လို့ဆိုပါတယ်။




လက်ရှိမှာ ဆေးကုသနေတဲ့အစိုးရဝန်ထမ်းမဟုတ်ပဲ ဆေးလက်မှတ်သိမ်းခံလိုက်ရတဲ့အပေါ် “တကယ်တမ်း ဆရာဝန်လုပ်နေတယ်၊ ဆေးကုနေတယ်ဆိုရင်တော့ ဒီလိုမျိုးမလုပ်သင့်ပါဘူး။ ကျွန်မအနေနဲ့လဲ လက်ခံပါတယ်။ ဒါ့ပေမယ့် ကျွန်မက ဆရာဝန်လက်မှတ်ကို ဒီအတိုင်းကိုင်ထားတာပဲရှိတယ်၊ လောလောဆယ် လုပ်နေတာလဲ မဟုတ်ဘူး။အစိုးရဝန်ထမ်း ဆရာဝန်လုပ်နေတာလဲ မဟုတ်ဘူး၊ ဆေးကုစားနေတာလဲ မဟုတ်ဘူး။အဲ့တာကို ဘာလို့များလာသိမ်းရတာလဲ” ဆိုကာ နားမလည်နိုင်စွာ မေးခွန်းထုတ်သွားခဲ့ပါတယ်။




သူမအနေနဲ့ ယခုလိုဆေးလက်မှတ်သိမ်းခံလိုက်ရတဲ့အတွက် ပရော်ဖက်ဆာ ဆရာဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံဆေးကောင်စီဌာနကို တောင်းပန်ပြီး နှစ်ဖက်ညှိနှိုင်းမှုတွေပြုလုပ်ပြီးအသနားခံသွားမယ်လို့လဲ ဆိုပါတယ်။ ဆေးလက်မှတ်အသိမ်းခံရပေမယ့်အနုပညာအလုပ်တွေကိုတော့ ဆက်လုပ်သွားဖို့ရှိပြီး မြန်မာလိုလဲ ဝတ်စားမှာဖြစ်သလို ပွဲဌားတာတွေရှိရင်လည်း Sexy ပုံစံဝတ်ဖြစ်ဦးမှာပါလို့ ပြောသွားခဲ့ပါတယ်။ စိတ်ဓာတ်ခိုင်မာတဲ့ မော်ဒယ်မလေး ဒေါက်တာနန်းမွေစံကို ပရိသတ်ကြီးက ဆက်လက်အားပေးကြပါဦးနော်….






Source_Milkyway media

(ပိုပိုလေး)




Some text some message..