ထိမိပြင်းရှတဲ့အကြမ်းစားရိုက်ချက်တွေနဲ့အသစ်ဖန်တီးထားတဲ့ နေရွှေသွေးအောင်ရဲ့ Hero သီချင်းဗီဒီယိုဖိုင်
myanmarload.com
|
2019-06-12
အဆိုတော် နေရွှေသွေးအောင်ကတော့ Cover Song ဗီဒီယိုလေးတွေနဲ့အောင်မြင်မှုရရှိထားသူဖြစ်ပြီး ထွက်ရှိခဲ့သမျှ သီချင်းဗီဒီယိုတိုင်းကလည်း ပရိသတ်တွေကြားမှာအရမ်းရေပန်းစားလေ့ရှိတာ ဖြစ်ပါတယ်။ ကမ္ဘာကျော်အဆိုတော် Enrique Iglesias သီချင်းတွေကို Cover ပြန်ဆိုပြီးအမိုက်စား Music Video တွေကို ဖန်တီးတတ်တဲ့ နေရွှေသွေးအောင်က မင်းသမီးချောလေး ရွှေမှုန်ရတီနဲ့လည်း သီချင်းဗီဒီယိုတစ်ခုကိုအတူရိုက်ကူးခဲ့ပါတယ်။
သရုပ်ဆောင် နေအောင်၊ သရုပ်ဆောင် ရွှေမှုန်ရတီနဲ့ နေရွှေသွေးအောင်တို့ပါဝင်သရုပ်ဆောင်ခဲ့တဲ့ " Hero " သီချင်းလေးရဲ့ Music Videoကလည်း ပရိသတ်တွေကြားမှာ တော်တော်လေးအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။အခုလည်း နေရွှေသွေးအောင်က DJ PAST12 ၊ DJ MRNA တို့နဲ့ ပူးပေါင်းပြီး "Hero" သီချင်းကို Version တစ်မျိုးနဲ့အသစ်ဖန်တီးလိုက်ပါတယ်။ Hero (Remix) ဗီဒီယိုလေးကိုတော့ ဒီနေ့မှာပဲ ပရိသတ်တွေအတွက် တင်ဆက်ပေးထားတာ တွေ့ရပါတယ်။
ဒီဗီဒီယိုလေးမှာတော့အရင် " Hero "သီချင်းဗီဒီယိုတုန်းက မပါဝင်ခဲ့တဲ့အမိုက်စား၊အကြမ်းစားရိုက်ချက်တွေကို ပြန်လည်ထည့်သွင်းပြီးအသစ်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ထိမိပြင်းရှလွန်းတဲ့ နေရွှေသွေးအောင်နဲ့ ရွှေမှုန်ရတီတို့ရဲ့သရုပ်ဆောင်ချက်တွေကြောင့် ခဏလေးအတွင်းမှာတင် ကြည့်ရှုသူအများအပြား ရရှိခဲ့တာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေရွှေသွေးအောင်ရဲ့ Hero (Remix) ဗီဒီယိုဖိုင်လေးကိုအောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။
#ဗီဒီယို
#သီချင်း
#သွေး
#ရွှေ
#သရုပ်ဆောင်
ဆောင်းပါးများ
Some text some message..