ဆမလက်မှတ်သိမ်းခံလိုက်ရပြီးနောက် Sexy ပုံရိပ်သစ်တွေထပ်တင်လိုက်ပြန်တဲ့ နန်းမွေစံ
popolay.com
|
2019-06-18

Sexy model လောကထဲမှာ နှစ်အနည်းငယ်အတွင်းအောင်မြင်မှုတွေကိုရရှိသိမ်းပိုက်နိုင်ခဲ့တဲ့ မော်ဒယ်နန်းမွေစံဟာဆိုရင် သူမရဲ့ပင့်သက်ရှိုက်ဖွယ် ထူးခြားလှပတဲ့ကောက်ကြောင်းကြောင့် ပုရိဿတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနာမည်ကြီးသူဖြစ်သလို ယောကျာ်းထုကြီးရဲ့အခိုင်အမာဝန်းရံအားပေးခြင်းခံထားရသူပါ။

Sexy မော်ဒယ်တစ်ဦးဖြစ်တာကြောင့် သူမရဲ့ပင်ကိုသဘာဝအလှတို့ကို ပေါ်လွင်အောင်ပြသထားတဲ့ ဓာတ်ပုံတွေ၊အကြမ်းစားဗီဒီယိုတွေရိုက်ကူးပြီး ပရိသတ်တွေဆီကိုအမြဲမျှဝေလေ့ရှိသူပါ။ ဆရာဝန်လက်မှတ်ရ ဘွဲ့ရတစ်ယောက်ဖြစ်ပေမယ့် Sexy modelအလုပ်ကိုသာတစ်စိုက်မတ်မတ်လုပ်ကိုင်နေခဲ့တဲ့ နန်းမွေစံဟာဆိုရင် သူမရဲ့ဆေးကုသခွင့်လက်မှတ်(ဆမ)အသိမ်းခံခဲ့ရပါတယ်။

လက်ရှိမှာဆေးကုစားခြင်းမရှိပေမယ့်လည်း Sexy ကျလွန်းလှတဲ့ သူမရဲ့ဝတ်စားဆင်ယင်မှုတို့ကြောင့် မြန်မာနိုင်ငံဆေးကောင်စီက ဆမလိုင်စင်ကိုပြန်လည်ရုတ်သိမ်းခဲ့တာဖြစ်ပြီး နန်းမွေစံကတော့ ဆမလိုင်စင်အသိမ်းခံရပေမယ့် Sexy မဝတ်တော့ပဲမနေပါဘူးလို့ ပြောခဲ့ပါတယ်။

ဆိုရှယ်မီဒီယာအွန်လိုင်းတစ်ခွင်မှာ ရက်သတ္တပတ်ကြာမျှ သူမရဲ့သတင်းတွေကပျံ့နှံ့ခဲ့ပြီးနောက်မှာပဲ နန်းမွေစံကတော့ ညှို့အားပြင်း Sexy ပုံရိပ်သစ်တွေကိုထပ်တင်လိုက်ပြန်ပါပြီ။ သူမရဲ့ကောက်ကြောင်းအလှတို့ကိုအသားပေးရိုက်ကူးထားတဲ့ ပုံသစ်တွေကို လူမှုကွန်ယက်ကနေမျှဝေထားပြီး “Society doesn't own women's body. My body, My right. Thanks to all my fans from my country, Burma and all around the world who support and encourage me, I love y'all” ဆိုတဲ့ စာသားလေးပါရေးသားထားခဲ့တာဖြစ်ပါတယ်။

စွဲမက်ဖွယ်ကောက်ကြောင်းအလှတို့နဲ့ မော်ဒယ်နန်းမွေစံရဲ့ ပုံသစ်တွေကို ဝေမျှပေးလိုက်ပါတယ်။

(ပိုပိုလေး)






Some text some message..