မင်းသမီး Park Yoo Na နဲ့ မင်းသား Kim Min Suk တို့ ချစ်သူတွေဖြစ်နေကြပြီလား?
trend.com.mm
|
2019-06-19




နာမည်ကျော်တောင်ကိုရီးယားအနုပညာရှင်တွေဖြစ်ကြတဲ့ မင်းသမီး Park Yoo Na နဲ့ မင်းသား Kim Min Suk တို့ဟာ ချစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့
သတင်းတွေအင်တာနက်တစ်ခွင်ပျံ့နှံ့လာခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာ ၂၀၁၈ တုန်းကရိုက်ကူးခဲ့တဲ့ KBS ဇာတ်လမ်းတွဲ “So Close, Yet So Far”မှာ
အတူသရုပ်ဆောင်ခဲ့ဖူးပါတယ်။








မင်းသား Kim Min Suk ဟာ ဆိုရင် “Descendants of the Sun” ၊ “Doctors” ၊ “Defendant” ၊ “Age of Youth 2” စတဲ့ဇာတ်လမ်းတွဲတွေမှာ
ပါဝင်ခဲ့ပြီး ပရိသတ်အသိအမှတ်ပြုအားပေးမှုကိုရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။မင်းသမီး Park Yoo Na ဆိုရင်လည်း “SKY Castle” ၊ “My ID is Gangnam Beauty” ၊ “Forest of Secrets” ၊ “The Package” စတဲ့ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ရင်းနာမည်ကျော်ကြားလာသူတစ်ယောက်ပါ။








အခု ပျံ့နှံ့လာတဲ့သတင်းတွေအရ သူတို့နဲ့ရင်းနှီးသူတစ်ယောက်ဟာ “ပြီးခဲ့တဲ့နှစ်က ဇာတ်လမ်းတွဲရိုက်ရင်းသူတို့နှစ်ယောက်တွေ့ဆုံခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ
သူတို့ စတွဲခဲ့ပြီး မင်းသား Kim Min Suk စစ်တပ်က ခွင့်ရတိုင်း နှစ်ယောက်သားတွေ့ဖြစ်ကြကြောင်း”ပြောခဲ့တယ်လို့သိရပါတယ်။



Source:Soompi

Unicode

နာမည်ကျော်တောင်ကိုရီးယားအနုပညာရှင်တွေဖြစ်ကြတဲ့ မင်းသမီး Park Yoo Na နဲ့ မင်းသား Kim Min Suk တို့ဟာ ချစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့သတင်းတွေ အင်တာနက်တစ်ခွင်ပျံ့နှံ့လာခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာ ၂၀၁၈ တုန်းကရိုက်ကူးခဲ့တဲ့ KBS ဇာတ်လမ်းတွဲ “So Close, Yet So Far”မှာအတူသရုပ်ဆောင်ခဲ့ဖူးပါတယ်။

မင်းသား Kim Min Suk ဟာ ဆိုရင် “Descendants of the Sun” ၊ “Doctors” ၊ “Defendant” ၊ “Age of Youth 2” စတဲ့ဇာတ်လမ်းတွဲတွေမှာပါဝင်ခဲ့ပြီး ပရိသတ်အသိအမှတ်ပြုအားပေးမှုကိုရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။မင်းသမီး Park Yoo Na ဆိုရင်လည်း “SKY Castle” ၊ “My ID is Gangnam Beauty” ၊ “Forest of Secrets” ၊ “The Package” စတဲ့ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ရင်းနာမည်ကျော်ကြားလာသူတစ်ယောက်ပါ။

အခု ပျံ့နှံ့လာတဲ့သတင်းတွေအရ သူတို့နဲ့ရင်းနှီးသူတစ်ယောက်ဟာ “ပြီးခဲ့တဲ့နှစ်က ဇာတ်လမ်းတွဲရိုက်ရင်းသူတို့နှစ်ယောက်တွေ့ဆုံခဲ့ပါတယ်။သိပ်မကြာခင်မှာပဲသူတို့ စတွဲခဲ့ပြီး မင်းသား Kim Min Suk စစ်တပ်က ခွင့်ရတိုင်း နှစ်ယောက်သားတွေ့ဖြစ်ကြကြောင်း”ပြောခဲ့တယ်လို့သိရပါတယ်။

ဒီဒိတ်သတင်းတွေနဲ့ပတ်သက်ပြီး Kim Min Suk ရဲ့အေဂျင်စီကတော့ “သူနဲ့ Park Yoo Na က ရိုးရိုးသူငယ်ချင်းတွေပါပဲ။ချစ်သူတွေဖြစ်နေတာမဟုတ်ပါဘူး။အဲ့ဒီဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေအားလုံး ရင်းနှီးကြသလို မကြာခဏလည်းတွေ့ဖြစ်ကြပါတယ်”လို့ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

Source:Soompi




Some text some message..