![]()
မြန်မာနိုင်ငံမှာ F4 မင်းသမီးလို့ သိကြတဲ့ မင်းသမီးချောလေး ဂူဟဲဆောင်းန်ဟာဆိုရင် သရုပ်ဆောင်အလုပ်သာမက ပန်းချီ၊ စာရေးခြင်း၊တေးရေးဆရာ၊ ဒါရိုက်တာအစရှိတဲ့အနုပညာဆိုင်ရာ ဘာသာရပ်တွေမှာ တစ်ဖတ်ကမ်းခတ် ကျွမ်းကျင်သူလေးပဲဖြစ်ပါတယ်။ F4 ကားနဲ့ လူသိများအောင်မြင်ကျော်ကြားခဲ့ပြီး ချစ်ခင်နှစ်သက်တဲ့ ပရိတ်သတ်အများအပြားရရှိခဲ့ပါတယ်။ သရုပ်ဆောင် ဂူဟဲဆောင်းန်ဟာ လတ်တလော သူမကိုယ်တိုင်ရေးသားထားတဲ့ “Tears are heart-shaped” ဆိုတဲ့ ဝတ္ထုစာအုပ်ကို ထုတ်ဝေရင်း သူမရဲ့အချစ်ဦးအကြောင်းကို ပြောပြလာပါတယ်။ ဂူဟဲဆောင်းန်တစ်ယောက်အချစ်ဦးနဲ့ လမ်းခွဲဖြစ်ခဲ့တဲ့အကြောင်းကို သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ဂူဟဲဆောင်းန်ဟာ လတ်တလော သူမကိုယ်တိုင်ရေးသားထားတဲ့ စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပြီးအင်တာဗျူးမှာအချစ်ဦးနဲ့ ပတ်သတ်တဲ့အကြောင်းအရာများကိုပြောပြလာပါတယ်။
“ကျွန်မရဲ့အချစ်ဦးက ကျွန်မနဲ့တွဲနေစဉ်အတောအတွင်းမှာ တခြားမိန်းကလေးတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တယ်။ ဒါကြောင့် ကျွန်မ သူမက ဘယ်လိုလူဆိုတာ သိရဖို့သူမနဲ့ တွေ့ဖို့ဆုံးဖြတ်ခဲ့တယ်။ သူမကို တွေ့လိုက်ရတဲ့အခါ လူကောင်းတစ်ယောက်ဆိုတာ ကျွန်မသိလိုက်ရတယ်။ ကျွန်မ ချစ်သူနဲ့အဆင်ပြေမယ့် လူတစ်ယောက်ဆိုတာ ကျွန်မယုံကြည်တယ် ဒါကြောင့် ကျွန်မ သူတို့နှစ်ယောက်ကို ဆက်တွဲဖို့ တိုက်တွန်းခဲ့တယ်။အဲ့ဒီအချိန်တုန်းက ကျွန်မအရမ်းခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ ကိုယ်တကယ်လက်ထပ်ဖို့ မရည်ရွယ်ထားရင် ဘယ်သူနဲ့မှ မတွဲဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်” ဆိုပြီး ပြောပြသွားပါတယ်။
ဂူဟဲဆောင်းန်ဟာ ၂၀၁၆ ၊မေလ ၂၀ ရက်နေ့မှာ သရုပ်ဆောင် Ahn Jae Hyun နဲ့လက်ထပ်ထိမ်းမြားခဲ့ပြီးအခုဆိုရင်အိမ်ထောင်သက်တမ်း သုံးနှစ်တိုင်တိုင်ရှိပြီပဲဖြစ်ပါတယ်။အချစ်ဦးရဲ့ သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ ဂူဟဲဆောင်းန်ဟာ သူမရဲ့ နှလုံးသားက ဒဏ်ရာတွေကို သက်သာစေတဲ့ လူပုဂ္ဂိုလ်ကတော့ ခင်ပွန်းသည် Ahn Jae Hyun ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။ ချစ်ဖို့ကောင်းတဲ့ မနဲ့မောင် စုံတွဲလေးပါပဲ။ <3
source-koreaboo
(ပိုပိုလေး)