ခပ်မြူးမြူးသံစဉ်နဲ့ ကုလားသီချင်းတွေကိုအလန်းစားစတိုင်နဲ့အပီအပြင်ကပြထားတဲ့ ခြူးလေးနဲ့စိန်လင်းရဲ့ဗီဒီယိုဖိုင်
myanmarload.com
|
2019-07-17



သရုပ်ဆောင် မင်းသမီးချောလေး ခြူးလေးကိုတော့ ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေက စတင်ရင်းနှီးခဲ့ကြမယ် ထင်ပါတယ်။ ဇာတ်လမ်းတွဲတွေအများဆုံးရိုက်ကူးခဲ့တဲ့ ခြူးလေးကအခုလတ်တလောမှာလည်း " ချစ်ရပါသော နွေ" ဇာတ်လမ်းတွဲလေးနဲ့အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ရရှိထားပြန်ပါတယ်။ ခြူးလေးရဲ့ ကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကြောင့် မြင်သူတိုင်းက မချစ်ဘဲမနေနိုင်အောင် ဖြစ်နေရတာပဲ ဖြစ်ပါတယ်။





ဒီရက်ပိုင်းမှာ ခြူးလေးတစ်ယောက် ဇာတ်လမ်းတွဲအသစ်တွေရိုက်ကူးဖို့ လက်ခံထားရပြီးအခြားကြော်ငြာတွေကိုလည်း ဆက်တိုက်ရိုက်ကူးလာရပါတယ်။အလုပ်တွေ ဘယ်လောက်မအားပေမယ့်လည်း သူမရဲ့လှုပ်ရှားမှုတွေကို စောင့်မျှော်နေကြတဲ့ ချစ်ပရိသတ်တွေအတွက် ခြူးလေးက Tik Tok ဗီဒီယိုလေးတွေကိုတော့အဆက်မပြတ် တင်ပေးနေတာ ဖြစ်ပါတယ်။အခုလည်း ခြူးလေးက စိန်လင်း (Aroma) နဲ့အတူ ကထားတဲ့အကဗီဒီယိုလေးတွေကို မျှဝေထားပါတယ်။






ခပ်မြူးမြူးသံစဉ်နဲ့ ကလို့ကောင်းတဲ့ ကုလားသီချင်းလေးတွေကို ခြူးလေးနဲ့ စိန်လင်းတို့နှစ်ယောက်ကအတွဲညီညီနဲ့အတူကပြထားတာပဲ ဖြစ်ပါတယ်။ ကုလားသီချင်းလေးနဲ့လိုက်အောင်အလန်းစားကကွက်တွေနဲ့အပီအပြင်ဒွန့်နေတဲ့ သူတို့နှစ်ယောက်ကတော့ ကြည့်နေတဲ့ပရိသတ်တွေကိုတောင် ပျော်ရွှင်စေခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခြူးလေးနဲ့ စိန်လင်း(Aroma) ရဲ့ Tik Tokအကဗီဒီယိုဖိုင်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။




Some text some message..