ယုန်လေးကတော့အောင်မြင်နေတဲ့အဆိုတော်တစ်ယောက်ဖြစ်သလို တေးရေးဆရာ၊ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဇာတ်ကားတွေကို ပရိသတ်ရင်ထဲရောက်အောင် ပုံဖော်တဲ့နေရာမှာ ထူးချွန်တဲ့ဒါရိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ “အန္တာရာယ်ရှိသည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ကိုယ်တိုင်ဒါရိုက်တာတစ်ယောက်အနေနဲ့ ပုံဖော်ရိုက်ကူးပြီးတော့ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။
ယခုလက်ရှိမှာတော့အနုပညာအသိုင်းအဝိုင်းက ပရိသတ်တွေကို ရယ်မောစရာလေးတွေ ဖန်တီးပေးတတ်တဲ့ လူရွှင်တော်နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဦးဧရာဟာဆိုရင်အကိုက်အခဲပျောက်ဆေးတွေအသောက်များလို့အစာအိမ်ရောဂါဝေဒနာ ခံစားနေရတာဖြစ်ပါတယ်။ ခုလိုဝေဒနာခံစားနေရတဲ့ ဦးဧရာရဲ့ သတင်းကို ကြားပြီးတော့ စိတ်မကောင်းခြင်းများစွားနဲ့အနုပညာရှင်လောကတွေထဲက တစ်ယောက်ဖြစ်တဲ့ ယုန်လေးကလည်း ဆေးဖိုးငွေကို ထောက်ပံ့လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ယခုလို လှူဒါန်းခဲ့တဲ့အကြောင်း “အဆိုတော် တေးရေးဆရာ၊သရုပ်ဆောင်၊ ဒါရိုက်တာ၊ယုံလေးက ဆေးဖိုးငွေ(၂၀၀၀၀၀)ထောက်ပံသွားလေရဲ့ ကျေးဇူးကမ္ဘာပါ ယုန်လေးရေ။အနုပညာလောကမှာ ဒီထက်မကအောင်မြင်ကျော်ကြား ပါစေဗျာ ” လို့ ဦးဧရာက ဝမ်းနည်းပီတိဖြစ်စွာနဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ ဖော်ပြထားတာကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။
![]()
ချစ်သဲမေ @CeleGabar /Source: လူရွှင်တော် ဧရာ
![]()
ယူနီကုတ်ဖြင့်ဖတ်ရန်
“အစာအိမ်ရောဂါဝေဒနာကို ခံစားနေရတဲ့ လူရွှင်တော်ဦးဧရာကို ဆေးဖိုးငွေထောက်ပံ့ လှူဒါန်းခဲ့တဲ့ ယုန်လေး”
ယုန်လေးကတော့ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို တေးရေးဆရာ၊ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဇာတ်ကားတွေကို ပရိသတ်ရင်ထဲရောက်အောင် ပုံဖော်တဲ့နေရာမှာ ထူးချွန်တဲ့ဒါရိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ “အန္တာရာယ်ရှိသည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ကိုယ်တိုင်ဒါရိုက်တာတစ်ယောက်အနေနဲ့ ပုံဖော်ရိုက်ကူးပြီးတော့ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။
ယခုလက်ရှိမှာတော့ အနုပညာအသိုင်းအဝိုင်းက ပရိသတ်တွေကို ရယ်မောစရာလေးတွေ ဖန်တီးပေးတတ်တဲ့ လူရွှင်တော်နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဦးဧရာဟာဆိုရင် အကိုက်အခဲပျောက်ဆေးတွေ အသောက်များလို့ အစာအိမ်ရောဂါဝေဒနာ ခံစားနေရတာဖြစ်ပါတယ်။ ခုလိုဝေဒနာခံစားနေရတဲ့ ဦးဧရာရဲ့ သတင်းကို ကြားပြီးတော့ စိတ်မကောင်းခြင်းများစွားနဲ့ အနုပညာရှင်လောကတွေထဲက တစ်ယောက်ဖြစ်တဲ့ ယုန်လေးကလည်း ဆေးဖိုးငွေကို ထောက်ပံ့လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ယခုလို လှူဒါန်းခဲ့တဲ့အကြောင်း “အဆိုတော် တေးရေးဆရာ၊သရုပ်ဆောင်၊ ဒါရိုက်တာ၊ယုံလေးက ဆေးဖိုးငွေ(၂၀၀၀၀၀)ထောက်ပံသွားလေရဲ့ ကျေးဇူးကမ္ဘာပါ ယုန်လေးရေ။အနုပညာလောကမှာ ဒီထက်မက အောင်မြင်ကျော်ကြား ပါစေဗျာ ” လို့ ဦးဧရာက ဝမ်းနည်းပီတိဖြစ်စွာနဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ ဖော်ပြထားတာကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။
ချစ်သဲမေ @CeleGabar /Source: လူရွှင်တော် ဧရာ