” တစ်ခါမှမလုပ်ဖူးသေးတဲ့ ကန္နားစီး နတ်ကတော်တစ်ယောက်ရဲ့ကာရိုက်တာနဲ့ မြင်တွေ့ရတော့မယ့် နေတိုး “
celegabar.com
|
2019-07-26



နေတိုး ကတော့ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ဘက်စုံတော်တဲ့အနုပညာရှင်တစ်ဦးဖြစ်တယ်လို့ပရိသတ်တွေကောက်ချက်ချခံထား ရတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ရိုးရိုးအေးအေး နေတတ်တဲ့ ပုံစံအပြင် တည်ကြည်တဲ့နေထိုင်ပုံတွေက မိန်းကလေးတွေ လိုချင်တဲ့ စိတ်ကူးထဲက ဘဝလက်တွဲဖော် ပုံစံမျိုးပါ။တည်ငြိမ်အေးဆေးပြီး ယောကျာ်းပီသတဲ့အပြုံး ခန့်ညားတဲ့သွင်ပြင်တွေအပြင် သရုပ်ဆောင်ကောင်းပြီးအသံတုလေးတွေလုပ်တတ်တာကြောင့်လည်းအရွယ်စုံအသည်းကျော်ဖြစ်နေရတဲ့လျို့ဝှက်ချက် တစ်ခုပါပဲ။အေးအေးဆေးဆေးပဲ နေတတ်သလို မိန်းကလေးပရိသတ်တွေ ရင်ခုန်သွားအောင်အပြောလေးတွေ၊အမူအရာလေးတွေ မလုပ်ပေမယ့်လည်း နေတိုး ကို ကြိတ်ကြွေနေတဲ့ မိန်းကလေးပရိသတ်ကတော့အများကြီးပါပဲနော်။






အသံလည်းကောင်းပြီးအဆိုပိုင်းမှာလည်းပရိသတ်တွေက သူဆိုတဲ့သီချင်းတွေကို လက်ခံအားပေးကြတာပဲ ဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်ချက်တွေကြောင့် (၂၀၀၉)၊ (၂၀၁၅)၊ (၂၀၁၇)ခုနှစ်များတွင်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ကို (၃) ဆုရရှိထားတာ ဖြစ်ပြီးအောင်မြင်တဲ့ ထိပ်တန်းမင်းသားတစ်ဦးပဲ ဖြစ်ပြီး ရရှိခဲ့တဲ့ ဇာတ်ကားတွေကတော့ မိုးညအိမ်မက်မြူ ၊နက္ခမှားတဲ့တိုက်ပွဲ ၊တာတေကြီး ရုပ်ရှင်ဇာတ်ကားတို့ပဲ ဖြစ်ပါတယ်။STAR AWARDS (2018)မှာလည်း တိမ်တိုက်တံတားရုပ်ရှင်ဇာတ်ကားနဲ့အမျိုးသားဇာတ်ဆောင်ဆုကိုသိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။






လက်ရှိမှာလည်း နေတိုးအတွက် တစ်ခါမှမလုပ်ခဲ့ဖူးသေးတဲ့ ကန္နားစီး နတ်ကတော်တစ်ယောက်ရဲ့ကာရိုက်တာအနေနဲ့ “အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။”အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ကန္နားစီး နတ်ဆရာ တစ်ယောက်ရဲ့ခက်ခဲကြမ်းတမ်းလှတဲ့ဘဝအပြင် ရိုးရာဓလေ့ထုံးတမ်းစဉ်လာ ယုံကြည်ကိုးကွယ်မှုများဖြစ်တဲ့ ဓာတ် ၊နတ် ၊သိုက် ၊ပယောဂ နှင့်အကြားမြင်စတဲ့လျှို့ဝှက်ဆန်းကျယ်မှုတွေကို ဖော်ပြမယ့်ဇာတ်လမ်းမျိုးလို့ဆိုရမှာပါ။ နေတိုး ၊ ညီထွဋ်ခေါင်၊ သူရိယ၊ ကောင်းဆက်ထူး၊ ဝေယံကျော်၊ မြတ်ကေသီအောင်၊ စိုးမိုးကြည်၊ ပိုးအိအိခန့်နှင့်အနုပညာရှင် များစွာပါဝင်ထားတာဖြစ်ပြီး ဒါရိုက်တာ နေပိုင် ရိုက်ကူးထားတဲ့အပြင် သြဂုတ်လ (၂၂)ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရော နေတိုးရဲ့ကာရိုက်တာအသစ်ကိုအားပေးဖို့အဆင်သင့်ပဲလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။





Shwe Poe @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” တစ်ခါမှမလုပ်ဖူးသေးတဲ့ ကန္နားစီး နတ်ကတော်တစ်ယောက်ရဲ့ကာရိုက်တာနဲ့ မြင်တွေ့ရတော့မယ့် နေတိုး ”

နေတိုး ကတော့ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ဘက်စုံတော်တဲ့အနုပညာရှင်တစ်ဦးဖြစ်တယ်လို့ပရိသတ်တွေကောက်ချက်ချခံထား ရတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ရိုးရိုးအေးအေး နေတတ်တဲ့ ပုံစံ အပြင် တည်ကြည်တဲ့နေထိုင်ပုံတွေက မိန်းကလေးတွေ လိုချင်တဲ့ စိတ်ကူးထဲက ဘဝလက်တွဲဖော် ပုံစံမျိုးပါ။တည်ငြိမ်အေးဆေးပြီး ယောကျာ်းပီသတဲ့အပြုံး ခန့်ညားတဲ့သွင်ပြင်တွေအပြင် သရုပ်ဆောင်ကောင်းပြီး အသံတုလေးတွေလုပ်တတ်တာကြောင့်လည်း အရွယ်စုံ အသည်းကျော်ဖြစ်နေရတဲ့လျို့ဝှက်ချက် တစ်ခုပါပဲ။ အေးအေးဆေးဆေးပဲ နေတတ်သလို မိန်းကလေးပရိသတ်တွေ ရင်ခုန်သွားအောင် အပြောလေးတွေ၊အမူအရာလေးတွေ မလုပ်ပေမယ့်လည်း နေတိုး ကို ကြိတ်ကြွေနေတဲ့ မိန်းကလေးပရိသတ်ကတော့ အများကြီးပါပဲနော်။

အသံလည်းကောင်းပြီး အဆိုပိုင်းမှာလည်းပရိသတ်တွေက သူဆိုတဲ့သီချင်းတွေကို လက်ခံအားပေးကြတာပဲ ဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်ချက်တွေကြောင့် (၂၀၀၉)၊ (၂၀၁၅)၊ (၂၀၁၇)ခုနှစ်များတွင် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ကို (၃) ဆုရရှိထားတာ ဖြစ်ပြီး အောင်မြင်တဲ့ ထိပ်တန်းမင်းသားတစ်ဦးပဲ ဖြစ်ပြီး ရရှိခဲ့တဲ့ ဇာတ်ကားတွေကတော့ မိုးညအိမ်မက်မြူ ၊နက္ခမှားတဲ့တိုက်ပွဲ ၊တာတေကြီး ရုပ်ရှင်ဇာတ်ကားတို့ပဲ ဖြစ်ပါတယ်။STAR AWARDS (2018)မှာလည်း တိမ်တိုက်တံတားရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆုကိုသိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း နေတိုးအတွက် တစ်ခါမှမလုပ်ခဲ့ဖူးသေးတဲ့ ကန္နားစီး နတ်ကတော်တစ်ယောက်ရဲ့ကာရိုက်တာအနေနဲ့ “အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။”အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ကန္နားစီး နတ်ဆရာ တစ်ယောက်ရဲ့ခက်ခဲကြမ်းတမ်းလှတဲ့ဘဝအပြင် ရိုးရာဓလေ့ထုံးတမ်းစဉ်လာ ယုံကြည်ကိုးကွယ်မှုများဖြစ်တဲ့ ဓာတ် ၊နတ် ၊သိုက် ၊ပယောဂ နှင့် အကြားမြင်စတဲ့လျှို့ဝှက်ဆန်းကျယ်မှုတွေကို ဖော်ပြမယ့်ဇာတ်လမ်းမျိုးလို့ဆိုရမှာပါ။ နေတိုး ၊ ညီထွဋ်ခေါင်၊ သူရိယ၊ ကောင်းဆက်ထူး၊ ဝေယံကျော်၊ မြတ်ကေသီအောင်၊ စိုးမိုးကြည်၊ ပိုးအိအိခန့်နှင့် အနုပညာရှင် များစွာပါဝင်ထားတာဖြစ်ပြီး ဒါရိုက်တာ နေပိုင် ရိုက်ကူးထားတဲ့အပြင် သြဂုတ်လ (၂၂)ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရော နေတိုးရဲ့ကာရိုက်တာအသစ်ကိုအားပေးဖို့အဆင်သင့်ပဲလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။


Source :အထက်တန်းစားရုပ်ရှင်ဇာတ်ကား
Shwe Poe @CeleGabar




Some text some message..