နေထူးနိုင်ကတော့ နိုင်ငံကျော်အက်ရှင်မင်းသားတစ်ယောက်အဖြစ်အနုပညာလောကထဲ ဝင်ရောက်လာပြီး ပရိသတ်အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။ ဖိုက်တင်ကောင်းကောင်းနဲ့အက်ရှင်ခန်းများကိုအကောင်းဆုံးသရုပ်ဆောင်တတ်မှုကြောင့် ပရိသတ်ရဲ့ တခဲနက်အားပေးမှုကိုရရှိထားပြီး ဗီဒီယိုလောကတွင် မရှိမဖြစ်လိုအပ်တဲ့ မင်းသားတစ်ဦးဆိုလည်းမမှားပါဘူး။
နေထူးနိုင်ကတော့အဖေတူချစ်သားလေးနှစ်ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားပြီးအောင်မြင်မှုရရှိထားသူလည်းဖြစ်ပါတယ်။သူကတော့ မင်းသားတစ်လတ် ဖြစ်ပေမဲ့ စိတ်သဘောထားပြည့်ဝစွာ ဇာတ်ပို့၊ဇာတ်ရံ ညီကိုမောင်နှမများအပေါ်မှာ လည်းဖော်ရွှေစွာ ဖေးမစောင့်ရှောင့်တတ်သူလည်းဖြစ်ပြီး လက်တလောမှာတော့ ” ငါလိုယောက်ျား ကမ္ဘာမှာရှား ” ဗီဒီယိုကားကြီးမှာ ခေါင်းဆောင်မင်းသားအနေဖြင့် ပါဝင်ရိုက်ကူးနေပါတယ်။
သူရဲ့ နောက်ထပ်ဗီဒီယိုကားအသစ်ဖြစ်တဲ့ ” ဗန်ဒိုစံညို ရဲ့အဖိုးတန်အမျိုးမှန် သိုင်းညီနောင် ” မှာလည်း နေထူနိုင်ရဲ့သားနှစ်ယောက်ဖြစ်တဲ့ ဘုန်းလက်ျာနဲ့ ဘုန်းအလင်္ကာတို့ဟာလည်းအဖေဖြစ်သူ နေထူးနိုင်နဲ့အတူအနုပညာအစွမ်းအစများကို မြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။ Cele Gabar ပရိသတ်ကြီးရော နေထူးနိုင်တို့သားအဖတွေရဲ့ ဗီဒီယိုကားသစ်ကြီး ထွက်လာရင်အားပေးကြမှာလား။
Source:Nay Htoo Naing
DarDar@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
![]()
ဖခင်ဖြစ်သူ နေထူးနိုင်ရဲ့ ဇာတ်ကားတွေမှာ ပါဝင်လာတော့မယ့် ဘုန်းလက်ျာနဲ့ ဘုန်းအလင်္ကာ
နေထူးနိုင်ကတော့ နိုင်ငံကျော်အက်ရှင်မင်းသားတစ်ယောက်အဖြစ် အနုပညာလောကထဲ ဝင်ရောက်လာပြီး ပရိသတ်အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။ ဖိုက်တင်ကောင်းကောင်းနဲ့ အက်ရှင်ခန်းများကို အကောင်းဆုံးသရုပ်ဆောင်တတ်မှုကြောင့် ပရိသတ်ရဲ့ တခဲနက်အားပေးမှုကိုရရှိထားပြီး ဗီဒီယိုလောကတွင် မရှိမဖြစ်လိုအပ်တဲ့ မင်းသားတစ်ဦးဆိုလည်းမမှားပါဘူး။
နေထူးနိုင်ကတော့ အဖေတူချစ်သားလေးနှစ်ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားပြီး အောင်မြင်မှုရရှိထားသူလည်းဖြစ်ပါတယ်။သူကတော့ မင်းသားတစ်လတ် ဖြစ်ပေမဲ့ စိတ်သဘောထားပြည့်ဝစွာ ဇာတ်ပို့၊ဇာတ်ရံ ညီကိုမောင်နှမများအပေါ်မှာ လည်းဖော်ရွှေစွာ ဖေးမစောင့်ရှောင့်တတ်သူလည်းဖြစ်ပြီး လက်တလောမှာတော့ ” ငါလိုယောက်ျား ကမ္ဘာမှာရှား ” ဗီဒီယိုကားကြီးမှာ ခေါင်းဆောင်မင်းသားအနေဖြင့် ပါဝင်ရိုက်ကူးနေပါတယ်။
သူရဲ့ နောက်ထပ်ဗီဒီယိုကားအသစ်ဖြစ်တဲ့ ” ဗန်ဒိုစံညို ရဲ့အဖိုးတန်အမျိုးမှန် သိုင်းညီနောင် ” မှာလည်း နေထူနိုင်ရဲ့သားနှစ်ယောက်ဖြစ်တဲ့ ဘုန်းလက်ျာနဲ့ ဘုန်းအလင်္ကာတို့ဟာလည်း အဖေဖြစ်သူ နေထူးနိုင်နဲ့အတူ အနုပညာအစွမ်းအစများကို မြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။ Cele Gabar ပရိသတ်ကြီးရော နေထူးနိုင်တို့သားအဖတွေရဲ့ ဗီဒီယိုကားသစ်ကြီး ထွက်လာရင်အားပေးကြမှာလား။