ဇဏ်ခီကတော့ “ဥပါယ်တံမျဉ်” “မုဒြာခေါ်သံ” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေ လူသိများ နာမည်ကြီးလာပြီး ပရိသတ်အချစ်တော် မင်းသားတစ်လက်အဖြစ်အနုပညာလောကထဲကိုဝင်ရောက်လာတာဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ ဇနီးချောလေး ခရစ္စတီးနားခီနဲ့အတူ သားသားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပါသေးတယ်။
ချစ်စရာကောင်းတဲ့ သားချောလေးကို စောင့်ရှောက်ထိန်းကျောင်းနေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ထူထောင်ထားတဲ့အနုပညာရှင်စုံတွဲတစ်တွဲဆိုရင်လည်းမမှားနိုင်ပါဘူးနော်။ဇဏ်ခီနဲ့ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုအပြည့်အဝရှိပြီး သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို တည်ဆောက်လာတာဆိုရင်လည်း ဆယ်စုနှစ်တစ်ခုကျော်အထိရှိနေပြီဖြစ်ပါတယ်။
ဇဏ်ခီက ပရိသတ်တွေအားကျရလောက်တဲ့ သူတို့နှစ်ဦးရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး”ကျွန်တော်တို့လည်း တခြားစုံတွဲတွေလိုပါပဲ။ တချိန်လုံးချစ်နေကြတာလည်းမဟုတ်ဘူး။စကားများတဲ့အခါများတာပဲအဆင်မပြေတဲ့အခါအဆင်မပြေကြဘူး။ဒါပေမဲ့အဓိက ကအဆင်မပြေတဲ့အချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပဲဖြစ်ဖြစ် ရှိတဲ့ မေတ္တာတွေမပျက်သွားဖို့ကအရေးကြီးတယ်လေ။အဲ့ဒါကြောင့်ကျွန်တော်တို့ကတော့ ဒီစာမေးပွဲတွေအများကြီးဖြေခဲ့ပြီးပြီပေါ့နော်။အခုထိလည်းတခြားသူတွေလိုပဲဖြစ်ကြတာပဲ။ Perfectလို့ မထင်ပါနဲ့လို့အားလုံးကိုပြောချင်တယ်။ “ဆိုပြီး ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို တည်ထောင်ထားနိုင်တဲ့ လျှို့ဝှက်ချက်ကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးရေ ဇဏ်ခီပြောပြတဲ့ လျှို့ဝှက်ချက်လေးတွေနဲ့ပတ်သတ်ပြီး မှတ်ချက်လေးတွေရေးပေးသွားပါဦးနော်။
Source : Exclusive On CeleGabar
Chilli@CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။
![]()
“ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားနိုင်တဲ့ လျှို့ဝှက်ချက်ကိုပြောပြလာတဲ့ ဇဏ်ခီ”
ဇဏ်ခီကတော့ “ဥပါယ်တံမျဉ်” “မုဒြာခေါ်သံ” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေ လူသိများ နာမည်ကြီးလာပြီး ပရိသတ်အချစ်တော် မင်းသားတစ်လက်အဖြစ်အနုပညာလောကထဲကိုဝင်ရောက်လာတာဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ ဇနီးချောလေး ခရစ္စတီးနားခီနဲ့အတူ သားသားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပါသေးတယ်။
ချစ်စရာကောင်းတဲ့ သားချောလေးကို စောင့်ရှောက်ထိန်းကျောင်းနေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ထူထောင်ထားတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဆိုရင်လည်းမမှားနိုင်ပါဘူးနော်။ဇဏ်ခီနဲ့ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုအပြည့်အဝရှိပြီး သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို တည်ဆောက်လာတာဆိုရင်လည်း ဆယ်စုနှစ်တစ်ခုကျော်အထိရှိနေပြီဖြစ်ပါတယ်။
ဇဏ်ခီက ပရိသတ်တွေ အားကျရလောက်တဲ့ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး”ကျွန်တော်တို့လည်း တခြားစုံတွဲတွေလိုပါပဲ။ တချိန်လုံးချစ်နေကြတာလည်းမဟုတ်ဘူး။စကားများတဲ့အခါများတာပဲ အဆင်မပြေတဲ့အခါ အဆင်မပြေကြဘူး။ဒါပေမဲ့ အဓိက ကအဆင်မပြေတဲ့ အချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပဲဖြစ်ဖြစ် ရှိတဲ့ မေတ္တာတွေမပျက်သွားဖို့ကအရေးကြီးတယ်လေ။ အဲ့ဒါကြောင့်ကျွန်တော်တို့ကတော့ ဒီစာမေးပွဲတွေအများကြီးဖြေခဲ့ပြီးပြီပေါ့နော်။အခုထိလည်းတခြားသူတွေလိုပဲဖြစ်ကြတာပဲ။ Perfectလို့ မထင်ပါနဲ့လို့အားလုံးကိုပြောချင်တယ်။ “ဆိုပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ထောင်ထားနိုင်တဲ့ လျှို့ဝှက်ချက်ကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးရေ ဇဏ်ခီပြောပြတဲ့ လျှို့ဝှက်ချက်လေးတွေနဲ့ပတ်သတ်ပြီး မှတ်ချက်လေးတွေရေးပေးသွားပါဦးနော်။