ကမ္ဘာ့အချောလှဆုံးမိန်းကလေးဘွဲ့ကို ဒုတိယအကြိမ်ထပ်မံရရှိသည့် မိန်းကလေး
shweinnlay.com
|
2019-07-28



သိုင်လိန်း ဘလွန်ဒေါအမည်ရှိ မိန်းကလေးသည် လွန်ခဲ့သော ၁၀ ဆယ်စုနှစ်က ကမ္ဘာ့အချောလှဆုံးမိန်းကလေးဆုကို ချီးမြှင့်ခြင်းခံခဲ့ရပြီး ထိုစဉ်က သူ၏အသက်မှာ ၆ နှစ်သာ ရှိသေးသည်။


ယခုအခါ ကမ္ဘာ့အလှဆုံးမိန်းကလေးဆုကို ဒုတိယအကြိမ်ထပ်မံဆွတ်ခူးလိုက်ခြင်းဖြစ်ပြီး သူ၏အသက်မှာ ၁၇ နှစ်ရှိပြီ ဖြစ်သည်။

အလွန်လှပသော ဆယ်ကျော်သက်မိန်းကလေးသည် ပြင်သစ်ဘောလုံးသမား ပက်ထရစ် ဘလွန်ဒိုးနှင့် ရုပ်ရှင်သရုပ်ဆောင်၊ ဖက်ရှင်ဒီဇိုင်နာ ဗီရိုနီကာ လိုဘရီတို့၏ သမီးငယ်ဖြစ်ပြီးအသက် ၄ နှစ်အရွယ်ကတည်းကပင် မော်ဒယ်လောကကို စတင်ခြေချခဲ့သူ ဖြစ်သည်။


ယခုဆုကို ချီးမြှင့်သည်မှာ TC Candler မှဖြစ်ပြီးအလှပဆုံးမျက်နှာ ၁၀၀ စာရင်းကို နှစ်စဉ်ထုတ်ပြန်လေ့ရှိသည်။

ယခုနှစ်အလှပဆုံးမိန်းကလေးဆုရရှိသွားသူ ဘလွန်ဒေါ၏ ဗွီဒီယိုဖိုင်တစ်ခုကို TC Candler က လွှင့်တင်ထားရာ နှစ်ရက်တာကာလအတွင်း ဝင်ရောက်ကြည့်ရှုသူ ၂ သန်းကျော် ရှိခဲ့သည်။

ယခုနှစ်စာရင်းတွင်အမေရိကန်-ဖိလစ်ပိုင် မင်းသမီး လီဇာ ဆိုဘီရာနိုက စတုတ္ထ၊အစ္စရေးမော်ဒယ် ယာအဲလ် ရှယ်လ်ဘီယာက တတိယနှင့်အဆိုတော် ချောင်ချူးယူက runner-up ဆုများ ရရှိခဲ့သည်။

ကမ္ဘာ့အချောလှဆုံးမိန်းကလေးဆုရှင် သိုင်လိန်း ဘလွန်ဒေါက ဆုရရှိခဲ့ပုံကိုအင်စတာဂရမ်တွင် ရေးသားဖော်ပြခဲ့ရာ၌ “ကျွန်မ ကိုယ့်ကိုယ်ကိုတောင် မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ် @tccandler နဲ့ မဲပေးခဲ့သူအားလုံး…”ဟု ရေးသားထားသည်။




“တစ်ချိန်ကအလှဆုံးဆုရခဲ့ဖူးတာကိုလည်း တစ်ခါမှ ပြန်မတွေးမိဖူးပါဘူး။အားလုံးကို ကျေးဇူးတင်ပါတယ်။ မိသားစုတွေနဲ့အတူ ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူးကာလကို ဖြတ်သန်းနေကြမယ်လို့ မျှော်လင့်ပါတယ်။”ဟုလည်း ရေးသားထားသည်။

အဆိုပါ ပို့စ်ကို LIKE ပေးသူပေါင်း ၈၀၀၀၀ ကျော်ရှိခဲ့ပြီး သူ၏ပရိသတ်များစွာက “အရမ်းလှတယ်” “ဆုနဲ့ တကယ်ထိုက်တန်ပါတယ်”ဟူသော ကွန်မန့်များ ရေးသားခဲ့ကြသည်။




သူ၏ FOLLOWER တစ်ဦးက ရေးသားခဲ့ရာတွင်လည်း “ဂုဏ်ယူပါတယ် သိုင်လိန်း။ ဒီဆုနဲ့ တကယ်ထိုက်တန်ပါတယ်။ စြင်္ကာဝဠာတစ်ခုလုံးမှာအလှဆုံးမိန်းကလေးပါပဲ။ ဒီဆုကို မင်းရတာ ငါတကယ်ပဲ ဝမ်းသာမိတယ်”ဟု ရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါဆုကို ယခင်က ရရှိခဲ့သူများတွင် နစ်ကိုးကစ်မင်းနှင့် ဂွင်းနက် ပက်ထရိုးတို့လည်း ပါဝင်ခဲ့သည်။

သိုင်လိန်းသည် ယခုအခါ L’Oreal ၏ brand ambassador ဖြစ်သကဲ့သို့ Tommy Hilfiger ၏ မော်ဒယ်လည်း ဖြစ်သည်။

Yellow Champac (shweinnlay)




Some text some message..