မြတ်ကေသီအောင်ကတော့အနုပညာလောကမှာအောင်မြင်မှုအပြည့်အဝရရှိထားတဲ့ နိုင်ငံကျော်မင်းသမီးကြီးတစ်လက်ပဲဖြစ်ပါတယ်။ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တာကြောင့် လူကြီး လူငယ်ပရိသတ်မရွေးအားပေးချစ်ခင်ကြတာပဲဖြစ်ပြီးအကယ်ဒမီဆုကြီးကိုလည်း ရရှိပိုင်ဆိုင်ထားပါသေးတယ်။
ဒီနေ့ ဇူလိုင်လ (၂၉)ရက်နေ့မှာတော့ မြတ်ကေသီအောင်ဟာ ညောင်(၁၀)ပင်အဓိဌာန်စဝင်နေတာဖြစ်ပြီးအဓိဌာန်ဝင်ရောက်တဲ့ ကုသိုလ်အပြင် သန့်ရှင်းရေးကုသိုလ်ကိုပါမထင်မှတ်ဘဲရရှိခဲ့တဲ့အကြောင်းကို “ဒီနေ့ညောင်(၁၀)ပင်အဓိဋ္ဌာန်စဝင်ရင်း ကိုယ်ကအစောဆုံးရောက်သွားတော့ မြန်မြန်ပြီးသွားတယ်ဆိုပါတော့။ပြောချင်တာကသူငယ်ချင်းတွေကိုစောင့်ရင်းကျောက်ဘောင်ပေါ်မှာ ဖယောင်းတိုင်အရည်ပျော်နေတာအများကြီးတွေ့တော့ စိတ်ထဲမှာ ရှင်းပေးချင်စိတ်ပေါက်လာတယ်။ဒါနဲ့ပဲမြင်သမျှ လက်လှမ်းမှီသမျှကိုအကုန်ခြစ်ထုတ်ပေးခဲ့တယ်။ကိုယ်ကလည်း လူတမိူး သူများတွေကိုအဆင်ပြေအောင်လုပ်ပေးချင်သလို သူများမလုပ်ချင်တဲ့အရာမျိုးတွေပဲ လုပ်ချင်တယ်။နောက်နေ့တွေအဓိဌာန်ဝင်တာထက် ဘုရားဝင်းထဲသန့်ရှင်းရေးသွားလုပ်ဖို့တောင်စဉ်းစားမိတယ်”လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။
“အဓိဌာန်ဆိုတာ ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုပေါ်ဖြစ်လာစေချင်တဲ့အတ္တတစ်ခုပါတယ်လေ။(ကိုယ်တယောက်ထဲအမြင်ပါ)သန့်ရှင်းရေးဆိုတာ ဘာဖြစ်ရပါလို၏ဆိုတဲ့အတွေးမပါဘူး။သူများကောင်းကျိုးအတွက် ကိုယ်က ကူညီပေးခဲ့တာပါ။ကွာတော့ကွာတယ်နော်။”လို့လည်း မျှော်လင့်ချက်မပါဘဲအများကောင်းကျိုးအတွက် သန့်ရှင်းရေးကုသိုလ်ပြုလုပ်ဖြစ်ခဲ့တာနဲ့ ပတ်သတ်ပြီးလည်းဖော်ပြခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ မွန်မြတ်တဲ့ သန့်ရှင်းရေးကုသိုလ်လေးကိုပြုလုပ်ခဲ့တဲ့ မြတ်ကေသီအောင်အတွက်မှတ်ချက်လေးတွေရေးပေးခဲ့ပါဦးနော်။
Source : Myat Kay Thi Aung
Chilli@CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။
![]()
“အဓိဌာန်ဝင်ရင်း ဗောဓိညောင်ပင်အောက်က ဖယောင်းဂျိုးတွေကို ခွာယူကာ သန့်ရှင်းရေးပြုလုပ်ခဲ့တဲ့ မြတ်ကေသီအောင်”
မြတ်ကေသီအောင်ကတော့ အနုပညာလောကမှာ အောင်မြင်မှုအပြည့်အဝရရှိထားတဲ့ နိုင်ငံကျော်မင်းသမီးကြီးတစ်လက်ပဲဖြစ်ပါတယ်။ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တာကြောင့် လူကြီး လူငယ်ပရိသတ်မရွေး အားပေးချစ်ခင်ကြတာပဲဖြစ်ပြီး အကယ်ဒမီဆုကြီးကိုလည်း ရရှိပိုင်ဆိုင်ထားပါသေးတယ်။
ဒီနေ့ ဇူလိုင်လ (၂၉)ရက်နေ့မှာတော့ မြတ်ကေသီအောင်ဟာ ညောင်(၁၀)ပင် အဓိဌာန်စဝင်နေတာဖြစ်ပြီး အဓိဌာန်ဝင်ရောက်တဲ့ ကုသိုလ်အပြင် သန့်ရှင်းရေးကုသိုလ်ကိုပါမထင်မှတ်ဘဲရရှိခဲ့တဲ့ အကြောင်းကို “ဒီနေ့ညောင်(၁၀)ပင်အဓိဋ္ဌာန်စဝင်ရင်း ကိုယ်ကအစောဆုံးရောက်သွားတော့ မြန်မြန်ပြီးသွားတယ်ဆိုပါတော့။ပြောချင်တာကသူငယ်ချင်းတွေကိုစောင့်ရင်းကျောက်ဘောင်ပေါ်မှာ ဖယောင်းတိုင်အရည်ပျော်နေတာအများကြီးတွေ့တော့ စိတ်ထဲမှာ ရှင်းပေးချင်စိတ်ပေါက်လာတယ်။ဒါနဲ့ပဲမြင်သမျှ လက်လှမ်းမှီသမျှကိုအကုန်ခြစ်ထုတ်ပေးခဲ့တယ်။ကိုယ်ကလည်း လူတမိူး သူများတွေကို အဆင်ပြေအောင်လုပ်ပေးချင်သလို သူများမလုပ်ချင်တဲ့ အရာမျိုးတွေပဲ လုပ်ချင်တယ်။နောက်နေ့တွေ အဓိဌာန်ဝင်တာထက် ဘုရားဝင်းထဲသန့်ရှင်းရေးသွားလုပ်ဖို့တောင်စဉ်းစားမိတယ်”လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။
“အဓိဌာန်ဆိုတာ ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုပေါ်ဖြစ်လာစေချင်တဲ့ အတ္တတစ်ခုပါတယ်လေ။(ကိုယ်တယောက်ထဲအမြင်ပါ)သန့်ရှင်းရေးဆိုတာ ဘာဖြစ်ရပါလို၏ဆိုတဲ့ အတွေးမပါဘူး။သူများကောင်းကျိုးအတွက် ကိုယ်က ကူညီပေးခဲ့တာပါ။ကွာတော့ကွာတယ်နော်။”လို့လည်း မျှော်လင့်ချက်မပါဘဲ အများကောင်းကျိုးအတွက် သန့်ရှင်းရေးကုသိုလ်ပြုလုပ်ဖြစ်ခဲ့တာနဲ့ ပတ်သတ်ပြီးလည်းဖော်ပြခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ မွန်မြတ်တဲ့ သန့်ရှင်းရေးကုသိုလ်လေးကိုပြုလုပ်ခဲ့တဲ့ မြတ်ကေသီအောင်အတွက်မှတ်ချက်လေးတွေရေးပေးခဲ့ပါဦးနော်။