![]()
တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpopအဆိုတော်အဖွဲ့ Blackpink မှအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jennie ဟာပြီးခဲ့တဲ့ နိုဝင်ဘာ၊ ၂၀၁၈ မှာ Soloအမည်ရတဲ့ သီချင်းတစ်ပုဒ်ထွက်ရှိခဲ့ပါတယ်။ ဒီသီချင်းဟာ Jennie Kim ရဲ့ ပထမဆုံး တစ်ကိုယ်တော်အဖြစ် ထွက်ရှိတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး လူကြိုက်များ ရေပန်းစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ လအထိ Jennie ရဲ့ Solo သီချင်းဗွီဒီယိုဟာ Youtube မှာ ကြည့်ရှုသူ သန်းပေါင်း ၃၀၀ ခန့်သာရှိနေခဲ့ပါတယ်။ လက်ရှိ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး စစ်တမ်းကောက်နှုတ်ချက်အရ Jennie Kim ရဲ့ သီချင်းဗွီဒီယို ကြည့်ရှုသူ သန်းပေါင်း ဘယ်လောက်တိုးလာတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Jennie Kim ရဲ့ Solo သီချင်း ဗွီဒီယိုဟာ ပြီးခဲ့တဲ့ရက်တွေမှာ Youtube မှာဝင်ကြည့်သူ စုစုပေါင်း သန်းပေါင်း ၃၀၀ ကျော်ရှိနေခဲ့ပြီး ၂၉ ရက်နေ့မှာတော့ ကြည့်ရှုသူ သန်းပေါင်း ၃၅၀ ကျော် ရှိလာပါတယ်။ ကြည်ရှုသူဦးရေ လူပေါင်း ၅၀ တက်လာတာဖြစ်ပါတယ်။ Kpop လောကမှာ idolsအဖွဲ့တွေ များပြားသလို တစ်ကိုယ်တော် ထွက်ရှိတဲ့ idolsအဆိုတော်တွေလဲ ဒုနဲ့ဒေးပါပဲ။ ထိုအထဲကမှ Jennie Kim ဟာ ပထမဦးဆုံးထွက်ရှိခဲ့တဲ့ Solo သီချင်းနဲ့ ကြည့်ရှုသူ သန်းပေါင်းများစွာရရှိထားတဲ့ idolအဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။
လက်ရှိအနေအထားအရ Blackpink ဟာအရှေ့အာရှနိုင်ငံတွေမှာသာမကအနောက်နိုင်ငံတွေမှာပါအောင်မြင်ကျော်ကြား ရေပန်းစားနေတာဖြစ်ပြီး ကမ္ဘာကျော်အနုပညာရှင်တွေတောင်အသိအမှတ်ပြုရတဲ့ Kpop idolsအဖွဲ့တစ်ဖွဲ့ဖြစ်နေပြီပဲဖြစ်ပါတယ်။ Blackpinkအဖွဲ့ဝင်တစ်ယောက်ချင်းစီကလဲ သူမတူတဲ့ talents ကိုယ်စီ ပိုင်ဆိုင်ထားကြတာမို့ တစ်ယောက်ချင်းစီဟာ idolsအနေနဲ့သာမက ဖက်ရှင်လောကမှာလဲ လူကြိုက်များသူတွေဖြစ်လာပါတယ်။
Blackpinkအဖွဲ့ဝင် ၄ ယောက်မှာမှ Jennie Kim ရဲ့ဖက်ရှင်တွေဟာအထာကျ ဆန်းသစ်တာကြောင့် လူငယ်များအကြား Jennie ဟာ fashion icon တစ်ယောက်ဖြစ်လို့လာပါတယ်။ Kpop သမိုင်းတစ်လျှောက်ပထမဦးဆုံး ကြည့်ရှုသူ သန်းချီရရှိထားတဲ့ Jennie Kim ရဲ့ Solo ကိုကြည့်ရှုခံစားကြည့်လိုက်ကြပါဦး ပရိတ်သတ်ကြီးရေ။
ref:koreaboo
(ပိုပိုလေး)