![]()
အိမ်သုံးဆားကို ထမင်းဟင်းချက်စားဖို့အတွက်ပဲ သင်ကအသုံးပြုတာလား?ဒီလိုဆိုရင်တော့ မဟုတ်သေးဘူးနော်။တစ်ခြားနေရာတွေမှာလည်းဘက်စုံအသုံးဝင်နေတဲ့ဆားရဲ့အကျိုးကျေးဇူးလေးတွေကို သင်သိထားဖို့လိုနေပါပြီ။ကဲ ဆားကို ဘယ်လိုတွေသုံးလို့ရလဲအတူတူဖတ်ကြည့်လိုက်ရအောင်
*ဟောင်းနွမ်းဝါကျင်နေတဲ့ခေါင်းအုံးစွပ်တွေအတွက်
အိမ်မှာဟောင်းနွမ်းဝါကျင်နေတဲ့ခေါင်းအုံးစွပ်တွေရှိရင် ဒီနည်းလေးကအသုံးဝင်စေမှာပါ။ဆားစားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ဆော်ဒါမှုန့် ခွက်လေးပုံတစ်ပုံစာကိုရောစပ်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ပြီးရင်အဲ့ဒီရေနဲ့ ခေါင်းအုံးစွပ်တွေကို တစ်နာရီလောက်စိမ်ထားပါ။အရင်ထက် သန့်ရှင်းဖြူဝင်းလာတာ
တွေ့ရပါလိမ့်မယ်။
*ကော်ဖီအရသာပိုကောင်းစေတယ်
ဆားလေးအနည်းငယ်ဖြူးထည့်လိုက်ရုံနဲ့ကိုယ့်ကော်ဖီရဲ့အရသာက ပိုပြီးကောင်းမွန်သွားစေတယ်လို့ လေ့လာသူပညာရှင်တွေကဆိုထားပါတယ်။စမ်းကြည့်ကြနော်
*ခြေထောက်လေးရေချိုးမယ်
ဆားဖန်ခွက်တစ်ခွက်စာကို ခြေထောက်စိမ်လို့ရတဲ့ဇလုံထဲကိုထည့်ပါ။ပြီးရင် ရေနွေးနွေးလေးထည့်လိုက်ပါ။ရေအေးသွားတဲ့အထိ ခြေထောက်ကိုစိမ်ပေးထားမယ်ဆိုရင်အညောင်းအညာပြေစေသလို ခြေထောက်အနံ့ဆိုးထွက်တာမျိုးလည်းကင်းဝေးစေပါတယ်။
*ညစ်ပတ်နေတဲ့ရေချိုးခန်းသန့်စင်မယ်
ရေချိုးခန်းထဲက ကျောက်ပြားတွေကို ပြန်ပြီးသန့်ရှင်းဖြူဝင်းသွားအောင်လုပ်ချင်တယ်ဆိုရင် ဆားဖန်ခွက်တစ်ဝက်စာနဲ့ ရေနွေးဇလုံတစ်လုံးစာကိုရောစပ်ပြီး ကျောက်ပြားတွေကိုတိုက်ချွတ်ပေးပါ။ဒါကအမြန်ဆုံးနဲ့အသန့်ရှင်းဆုံးနည်းလမ်းတစ်ခုပါပဲ။
*ချိစ့်တွေမှိုမတက်အောင် ကာကွယ်မယ်
တကယ်လို့များ ချိစ့်တွေဝယ်ထားပြီး မစားဖြစ်ဘူး၊မှိုလည်းမြန်မြန်မတက်စေချင်ဘူးဆိုရင် ချိစ်ကို ချည်သားပိတ်စလေးနဲ့ပတ်ပြီး ဆားရေထဲ ခဏစိမ်ပေးပါ။အဲ့ဒါက ချိစ့်ကို ပိုပြီးကြာရှည်ခံစေပါတယ်။
*ပန်းအိုးဆေးမယ်
ပန်းအိုးကို မဆေးတာကြာတဲ့အခါအောက်ခြေမှာဝါသွားတတ်ပါတယ်။ပန်းအိုးအရှည်တွေဆိုရင်အောက်ခြေထိတော်ရုံနဲ့မသန့်ရှင်းပေးနိုင်တဲ့အတွက်အလွယ်တကူညစ်ပတ်လွယ်၊ဝါလွယ်ပါတယ်။အဲ့ဒီအခါ ဆားအနည်းငယ်ထည့်ပြီး ပန်းအိုးကို လှုပ်ပေးပါ။ပြီးရင် ဆပ်ပြာနဲ့ပုံမှန်အတိုင်းဆေးကြောပေးလို့ရပါပြီ။ဒီနည်းလမ်းနဲ့ဆို ပန်းအိုးကအသစ်အတိုင်း ကြည်လင်လှပသွားမှာပါ။
*တူးခြစ်နေတဲ့ဒယ်ပိုင်းကိုအလွယ်တကူဆေးကြောမယ်
ဆားဖန်ခွက်တစ်ခွက်စာကို တူးခြစ်နေတဲ့ဒယ်ပိုင်းထဲကို ထည့်ပြီးအပေါ်ကနေ မီးဖိုချောင်သုံးအဝတ်စနဲ့ဖြည်းဖြည်းချင်းပွတ်တိုက်ပေးပါ။မည်းနေတာတွေပျောက်သွားတဲ့အထိ တိုက်ပေးပြီးရင် ပုံမှန်အတိုင်းဆေးကြောလိုက်လို့ရပါပြီ။
*မျက်နှာချေးချွတ်မယ်
ဆားအနည်းငယ်နဲ့ ထောပတ်အနည်းငယ်ကို ဆတူရောစပ်ပြီး မျက်နှာပေါ်ကိုလိမ်းပေးပါ။ပြီးရင် စက်ဝိုင်းပုံစံဖြည်းညင်းစွာနှိပ်နယ်ပေးပါ။သံလွင်ဆီစစ်စစ်အနည်းငယ်ထည့်ပေးရင်ပိုပြီးကောင်းပါတယ်။ခဏကြာရင်တော့ မျက်နှာကိုသေချာသန့်စင်ပေးပြီး ပုံမှန်လိမ်းပေးနေကျ moisturizer cream လေးလိမ်းပေးလို့ရပါပြီ။ဒီနည်းလမ်းလေးကို နှစ်ပတ်တစ်ခါ၊သုံးပတ်တစ်ခါလောက်လုပ်ပေးသင့်ပါတယ်။Sensitive skin တွေကတော့ မတည့်တာတွေဖြစ်နိုင်လို့ မလုပ်တာအကောင်းဆုံးပါပဲ။
ဆားရဲ့အသုံးဝင်ပုံလေးတွေသိပြီဆိုတော့ သေချာအကျိုးရှိရှိသုံးကြည့်နော်
Unicode
အိမ်မှာဟောင်းနွမး်ဝါကျင်နေတဲ့ခေါင်းအုံးစွပ်တွေရှိရင် ဒီနည်းလေးကအသုံးဝင်စေမှာပါ။ဆားစားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ဆော်ဒါမှုန့် ခွက်လေးပုံတစ်ပုံစာကိုရောစပ်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ပြီးရင် အဲ့ဒီရေနဲ့ ခေါင်းအုံးစွပ်တွေကို တစ်နာရီလောက်စိမ်ထားပါ။အရင်ထက် သန့်ရှင်းဖြူဝင်းလာတာ
တွေ့ရပါလိမ့်မယ်။
*ကော်ဖီအရသာပိုကောင်းစေတယ်
ဆားလေးအနည်းငယ်ဖြူးထည့်လိုက်ရုံနဲ ့ကိုယ့်ကော်ဖီရဲ့အရသာက ပိုပြီးကောင်းမွန်သွားစေတယ်လို့ လေ့လာသူပညာရှင်တွေကဆိုထားပါတယ်။စမ်းကြည့်ကြနော်
*ခြေထောက်လေးရေချိုးမယ်
ဆားဖန်ခွက်တစ်ခွက်စာကို ခြေထောက်စိမ်လို့ရတဲ့ဇလုံထဲကိုထည့်ပါ။ပြီးရင် ရေနွေးနွေးလေးထည့်လိုက်ပါ။ရေအေးသွားတဲ့အထိ ခြေထောက်ကိုစိမ်ပေးထားမယ်ဆိုရင် အညောင်းအညာပြေစေသလို ခြေထောက်အနံ့ဆိုးထွက်တာမျိုးလည်းကင်းဝေးစေပါတယ်။
*ညစ်ပတ်နေတဲ့ရေချိုးခန်းသန့်စင်မယ်
ရေချိုးခန်းထဲက ကျောက်ပြားတွေကို ပြန်ပြီးသန့်ရှင်းဖြူဝင်းသွားအောင်လုပ်ချင််တယ်ဆိုရင် ဆားဖန်ခွက်တစ်ဝက်စာနဲ့ ရေနွေးဇလုံတစ်လုံးစာကိုရောစပ်ပြီး ကျောက်ပြားတွေကိုတိုက်ချွတ်ပေးပါ။ဒါက အမြန်ဆုံးနဲ့ အသန့်ရှင်းဆုံးနည်းလမ်းတစ်ခုပါပဲ။
*ချိစ့်တွေမှိုမတက်အောင် ကာကွယ်မယ်
တကယ်လို့များ ချိစ့်တွေဝယ်ထားပြီး မစားဖြစ်ဘူး၊မှိုလည်းမြန်မြန်မတက်စေချင်ဘူးဆိုရင် ချိစ်ကို ချည်သားပိတ်စလေးနဲ့ပတ်ပြီး ဆားရေထဲ ခဏစိမ်ပေးပါ။အဲ့ဒါက ချိစ့်ကို ပိုပြီးကြာရှည်ခံစေပါတယ်။
*ပန်းအိုးဆေးမယ်
ပန်းအိုးကို မဆေးတာကြာတဲ့အခါ အောက်ခြေမှာဝါသွားတတ်ပါတယ်။ပန်းအိုးအရှည်တွေဆိုရင် အောက်ခြေထိတော်ရုံနဲ့မသန့်ရှင်းပေးနိုင်တဲ့အတွက် အလွယ်တကူညစ်ပတ်လွယ်၊၀ါလွယ်ပါတယ်။အဲ့ဒီအခါ ဆားအနည်းငယ်ထည့်ပြီး ပန်းအိုးကို လှုပ်ပေးပါ။ပြီးရင် ဆပ်ပြာနဲ့ပုံမှန်အတိုင်းဆေးကြောပေးလို့ရပါပြီ။ဒီနည်းလမ်းနဲ့ဆို ပန်းအိုးက အသစ်အတိုင်း ကြည်လင်လှပသွားမှာပါ။
*တူးခြစ်နေတဲ့ဒယ်ပိုင်းကို အလွယ်တကူဆေးကြောမယ်
ဆားဖန်ခွက်တစ်ခွက်စာကို တူးခြစ်နေတဲ့ဒယ်ပိုင်းထဲကို ထည့်ပြီး အပေါ်ကနေ မီးဖိုချောင်သုံးအဝတ်စနဲ့ဖြည်းဖြည်းချင်းပွတ်တိုက်ပေးပါ။မည်းနေတာတွေပျောက်သွားတဲ့အထိ တိုက်ပေးပြီးရင် ပုံမှန်အတိုင်းဆေးကြောလိုက်လို့ရပါပြီ။
*မျက်နှာချေးချွတ်မယ်
ဆားအနည်းငယ်နဲ့ ထောပတ်အနည်းငယ်ကို ဆတူရောစပ်ပြီး မျက်နှာပေါ်ကိုလိမ်းပေးပါ။ပြီးရင် စက်ဝိုင်းပုံစံဖြည်းညင်းစွာနှိပ်နယ်ပေးပါ။သံလွင်ဆီစစ်စစ်အနည်းငယ်ထည့်ပေးရင်ပိုပြီးကောင်းပါတယ်။ခဏကြာရင်တော့ မျက်နှာကိုသေချာသန့်စင်ပေးပြီး ပုံမှန်လိမ်းပေးနေကျ moisturizer cream လေးလိမ်းပေးလို့ရပါပြီ။ဒီနည်းလမ်းလေးကို နှစ်ပတ်တစ်ခါ၊သုံးပတ်တစ်ခါလောက်လုပ်ပေးသင့်ပါတယ်။Sensitive skin တွေကတော့ မတည့်တာတွေဖြစ်နိုင်လို့ မလုပ်တာအကောင်းဆုံးပါပဲ။
ဆားရဲ့အသုံးဝင်ပုံလေးတွေသိပြီဆိုတော့ သေချာအကျိုးရှိရှိသုံးကြည့်နော်