![]()
ဒီတစ်ခါတော့ Trend ပရိသတ်ကြီးအတွက် ရက်လွန်ဒိတ်စိတ်ပူစရာမလိုတဲ့အစားအစာတွေ၊အချိန်ခဏလေးနဲ့ ဒိတ်ကုန်ပြီလားစဉ်းစားနေဖို့မလိုတဲ့စားသောက်ကုန်တွေအကြောင်း ဗဟုသုတအနေနဲ့သိထားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
*ဆန်
ဆန်တွေကို 4.5 ဒီဂရီစင်တီဂရိတ် ဒါမှမဟုတ်အဲ့ဒီထက်လျော့နည်းပြီးအစားအသောက်သိုလှောင်ရာနေရာမှာသိမ်းဆည်းထားမယ်ဆိုရင် လေ့လာချက်တွေအရ ဒီဆန်တွေကို နှစ်ပေါင်း ၃၀ထက်မနည်း သိုလှောင်ထားလို့ရတယ်လို့သိရပါတယ်။ဆန်ရဲ့အရည်အသွေးလည်းမလျော့ပဲ ထိန်းသိမ်းထားနိုင်တာဖြစ်ပါတယ်။
*နို့မှုန့်
ကျန်းမာရေးနဲ့ညီညွတ်မျှတစွာထုတ်လုပ်ထားတဲ့နို့မှုန့်ကို သူ့ရဲ့သဘာဝအရည်အသွေးမလျော့ပဲအချိန်ကြာမြင့်စွာသိမ်းဆည်းထားလို့ရတယ်လို့သိရပါတယ်။
*ပဲငပိဆော့စ်
ပဲငပိဆော့စ်တွေကို ပုလင်းအဖုံးဖွင့်လျက်သားတောင်အနည်းဆုံး ၃နှစ်ထိကြာရှည်ခံတယ်လို့သိရပါတယ်။သေချာကျစ်လစ်ထုပ်ပိုးထားတဲ့ပဲငပိဆော့စ်ဟာဆိုရင် ဒီထက်ပိုပြီးတောင်ကြာရှည်ခံပါတယ်။ဒါပေမဲ့ ဆော့စ်အမျိုးအစား၊အပူချိန်၊အရည်အသွေးတွေအပေါ်မှာတော့အနည်းငယ်မူတည်နေ
ပါတယ်။အရည်အသွေးကောင်းရင်ကောင်းသလို ပိုပြီးကြာရှည်စားသောက်လို့ရပါတယ်။
*ပဲစေ့
မကြော်မပြုတ်ထားတဲ့ ပဲစေ့အစိမ်းတွေ၊အထူးသဖြင့်ပဲနီလေး၊ပဲကတ္တီပါစတဲ့ပဲတွေဟာ သေချာသိုလှောင်သိမ်းဆည်းထားမယ်ဆိုရင် နှစ်ပေါင်း ၃၀ ကျော်အောင်ထိန်းသိမ်းထားလို့ရတယ်လို့သိရပါတယ်။
*ဆား
လေ့လာချက်တွေအရ ဆားဟာ တစ်နှစ်နီးပါးကြာရှည်ခံတယ်လို့သိရပါတယ်။အိုင်အိုဒင်းဆားတွေဟာ တစ်နှစ်ထက်ကျော်လွန်သွားရင်အာနိသင်နည်းပါးလာပြီး ပုံမှန်စားပွဲတင်ဆားအဖြစ်သာအသုံးပြုလို့ရပါတော့တယ်။
*ယမကာများ
ဗော့ကာ၊ဝီစကီ၊ရမ်စတဲ့ နာမည်ကျော်အရက်တွေဟာ ဒိတ်သတ်မှတ်ထားခြင်းမရှိပါဘူး။ဒါပေမဲ့အသင့်အတင့်အေးမြတဲ့နေရာမျိုးမှာသိမ်းဆည်းထားဖို့တော့လိုအပ်ပါတယ်။
*ရှာလကာရည်
အဖြူရောင်ရှာလကာရည်မှာလည်း ဒိတ်ကုန်ရက်သတ်မှတ်ထားတာမရှိပါဘူး။သေချာသိမ်းဆည်းသိုလှောင်ထားတတ်ဖို့ပဲလိုအပ်ပါတယ်။စိတ်ချယုံကြည်စွာထိန်းသိမ်းထားချင်တယ်ဆိုရ်င ရှာလကာရည်ပုလင်းကိုအပူတွေနဲ့ဝေးရာမှာထားပေးပါ။
*သကြား
ဆားလိုပဲ သကြားဟာလည်းအချိန်ကြာမြင့်စွာခံပါတယ်။သေချာကျစ်လစ်သိုလှောင်ထားမယ်ဆိုရင် ပိုပြီးကြာရှည်ခံနိုင်ပါတယ်။သကြားခဲတွေဖြစ်သွားရင်တောင်အာနိသင်လျော့မသွားဘူးလို့သိရပါတယ်။
*ပျားရည်
ပျားရည်ဟာလည်း ဒိတ်ကုန်ပြီလားတွေးစရာမလိုတဲ့စားသောက်ကုန်တစ်ခုပါ။ပျားရည်ဟာအခုနောက်ပိုင်းဆို နေရာအနှံ့တွင်ကျယ်စွာအသုံးခံနေရပါပြီ။ပျားရည်ကိုလည်းသေချာစနစ်တကျသုံးစွဲမယ်၊သိုလှောင်ထားမယ်ဆိုရင် နှစ်ပေါင်း ၃၀ကျော် ၄၀နီးပါးအသာလေးကြာရှည်ခံတယ်လို့ လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။
Source:Brightside
Unicode
ဒီတစ်ခါတော့ Trend ပရိသတ်ကြီးအတွက် ရက်လွန်ဒိတ်စိတ်ပူစရာမလိုတဲ့အစားအစာတွေ၊အချိန်ခဏလေးနဲ့ ဒိတ်ကုန်ပြီလားစဉ်းစားနေဖို့မလိုတဲ့စားသောက်ကုန်တွေအကြောင်း ဗဟုသုတအနေနဲ့သိထားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
*ဆန်
ဆန်တွေကို 4.5 ဒီဂရီစင်တီဂရိတ် ဒါမှမဟုတ် အဲ့ဒီထက်လျော့နည်းပြီး အစားအသောက်သိုလှောင်ရာနေရာမှာသိမ်းဆည်းထားမယ်ဆိုရင် လေ့လာချက်တွေအရ ဒီဆန်တွေကို နှစ်ပေါင်း ၃၀ထက်မနည်း သိုလှောင်ထားလို့ရတယ်လို့သိရပါတယ်။ဆန်ရဲ့အရည်အသွေးလည်းမလျော့ပဲ ထိန်းသိမ်းထားနိုင်တာဖြစ်ပါတယ်။
*နို့မှုန့်
ကျန်းမာရေးနဲ့ညီညွတ်မျှတစွာထုတ်လုပ်ထားတဲ့နို့မှုန့်ကို သူ့ရဲ့သဘာဝအရည်အသွေးမလျော့ပဲ အချိန်ကြာမြင့်စွာသိမ်းဆည်းထားလို့ရတယ်လို့သိရပါတယ်။
*ပဲငပိဆော့စ်
ပဲငပိဆော့စ်တွေကို ပုလင်းအဖုံးဖွင့်လျက်သားတောင် အနည်းဆုံး ၃နှစ်ထိကြာရှည်ခံတယ်လို့သိရပါတယ်။သေချာကျစ်လစ်ထုပ်ပိုးထားတဲ့ပဲငပိဆော့စ်ဟာဆိုရင် ဒီထက်ပိုပြီးတောင်ကြာရှည်ခံပါတယ်။ဒါပေမဲ့ ဆော့စ်အမျိုးအစား၊အပူချိန်၊အရည်အသွေးတွေအပေါ်မှာတော့ အနည်းငယ်မူတည်နေ
ပါတယ်။အရည်အသွေးကောင်းရင်ကောင်းသလို ပိုပြီးကြာရှည်စားသောက်လို့ရပါတယ်။
*ပဲစေ့
မကြော်မပြုတ်ထားတဲ့ ပဲစေ့အစိမ်းတွေ၊အထူးသဖြင့်ပဲနီလေး၊ပဲကတ္တီပါစတဲ့ပဲတွေဟာ သေချာသိုလှောင်သိမ်းဆည်းထားမယ်ဆိုရင် နှစ်ပေါင်း ၃၀ ကျော်အောင်ထိန်းသိမ်းထားလို့ရတယ်လို့သိရပါတယ်။
*ဆား
လေ့လာချက်တွေအရ ဆားဟာ တစ်နှစ်နီးပါးကြာရှည်ခံတယ်လို့သိရပါတယ်။အိုင်အိုဒင်းဆားတွေဟာ တစ်နှစ်ထက်ကျော်လွန်သွားရင် အာနိသင်နည်းပါးလာပြီး ပုံမှန်စားပွဲတင်ဆားအဖြစ်သာ အသုံးပြုလို့ရပါတော့တယ်။
*ယမကာများ
ဗော့ကာ၊ဝီစကီ၊ရမ်စတဲ့ နာမည်ကျော်အရက်တွေဟာ ဒိတ်သတ်မှတ်ထားခြင်းမရှိပါဘူး။ဒါပေမဲ့ အသင့်အတင့်အေးမြတဲ့နေရာမျိုးမှာသိမ်းဆည်းထားဖို့တော့လိုအပ်ပါတယ်။
*ရှာလကာရည်
အဖြူရောင်ရှာလကာရည်မှာလည်း ဒိတ်ကုန်ရက်သတ်မှတ်ထားတာမရှိပါဘူး။သေချာသိမ်းဆည်းသိုလှောင်ထားတတ်ဖို့ပဲလိုအပ်ပါတယ်။စိတ်ချယုံကြည်စွာထိန်းသိမ်းထားချင်တယ်ဆိုရ်င ရှာလကာရည်ပုလင်းကို အပူတွေနဲ့ဝေးရာမှာထားပေးပါ။
*သကြား
ဆားလိုပဲ သကြားဟာလည်း အချိန်ကြာမြင့်စွာခံပါတယ်။သေချာကျစ်လစ်သိုလှောင်ထားမယ်ဆိုရင် ပိုပြီးကြာရှည်ခံနိုင်ပါတယ်။သကြားခဲတွေဖြစ်သွားရင်တောင် အာနိသင်လျော့မသွားဘူးလို့သိရပါတယ်။
*ပျားရည်
ပျားရည်ဟာလည်း ဒိတ်ကုန်ပြီလားတွေးစရာမလိုတဲ့စားသောက်ကုန်တစ်ခုပါ။ပျားရည်ဟာ အခုနောက်ပိုင်းဆို နေရာအနှံ့တွင်ကျယ်စွာအသုံးခံနေရပါပြီ။ပျားရည်ကိုလည်းသေချာစနစ်တကျသုံးစွဲမယ်၊သိုလှောင်ထားမယ်ဆိုရင် နှစ်ပေါင်း ၃၀ကျော် ၄၀နီးပါး အသာလေးကြာရှည်ခံတယ်လို့ လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။
Source:Brightside