ဗိုက်ဆာနေစဉ် စားသုံးသင့်တဲ့အစားအစာများ
popolay.com
|
2019-03-08

လူတော်တော်များများ ဗိုက်ဆာနေရင်အလျင်လိုတတ်ကြပါတယ်။ ဗိုက်ဆာတယ်ဆိုတာ ဗိုက်ထဲမှာအစာမရှိလို့၊အစာကိုအချိန်မှန်မှန်မစားလို့ ဗိုက်ဆာတတ်ကြတာပါ။ ဗိုက်ဆာလာပြီဆိုရင် ဘာမှမစဉ်းစားတော့ပဲအနီးအနားမှာရှိတဲ့ စားစရာရှိတာကို ကောက်စားကြတော့တာပါပဲ။ တကယ်တော့ ဗိုက်အရမ်းဆာနေတဲ့အချိန်မှာ ထမင်းအများကြီးစားပစ်တာမျိုး၊ ကိုယ်စားချင်တာတွေအကုန်လုံးကိုတစ်ထိုင်တည်းစားပစ်တာမျိုးတွေမလုပ်သင့်ပါဘူး။အစာအိမ်အူလမ်းကြောင်း မှာအစာမရှိတဲ့အတွက် ရုတ်တရက်အစာတွေအစုလိုက်အပြုံလိုက်ထည့်သွင်းလိုက်ခြင်းဟာ သင့်ကိုနေလို့ထိုင်လို့ကောင်းစေမှာမဟုတ်ပါဘူး။ မတော်တဆလေပွပြီး ပျို့အန်တာတွေ ဘာတွေတောင် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဗိုက်အရမ်းဆာနေတဲ့အချိန် ကိုယ်ကြိုက်တာတွေအများကြီးစားတော့မယ်လို့ ဆုံးဖြတ်ပြီးရင် တစ်ခုခုမစားခင် ဒီအရာတွေကို ကြားခံအဖြစ်အရင်စားဖို့တိုက်တွန်းပါရစေ။

သံပုရာရည်








သံပုရာရည်ဟာ ဝိတ်ချဖို့နဲ့ Detox လုပ်ချင်သူတွေအတွက်အကောင်းဆုံးပါ။ သံပုရည်မှာပါတဲ့အက်ဆစ်ဓာတ်ဟာအစာအိမ်အူလမ်းကြောင်းကိုသန့်စင်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့်အစာအများကြီး မစားခင် သံပုရာရည်တစ်ခွက်အရင်သောက်ပေးသင့်ပါတယ်။

Green tea








Green tea တစ်ခွက်သောက်တာကလဲ သံပုရာရည်တစ်ခွက်သောက်သလိုပါပဲ။ Green tea မှာပါဝင်တဲ့ anti-oxidants ဟာအူလမ်းကြောင်းမှာရှိတဲ့အမှိုက်သရိုက်တွေကို ရှင်းလင်းပေးမှာဖြစ်ပါတယ်။

အုတ်ဂျုံ








ဗိုက်အရမ်းဆာနေချိန်မှာအုတ်ဂျုံနဲ့နွားနို့ တစ်ခွက်သောက်သုံးပေးခြင်းဟာ သင့်ကိုအစာအများကြီးမစားစေပဲအမြန်ဆုံးတင်းတိမ်စေမှာဖြစ်ပါတယ်။

ဥနီဖျော်ရည်








ဗိုက်အရမ်းဆာနေချိန်မှာ ဥနီဖျော်ရည်ကိုသောက်တာအကောင်းဆုံးပါ။ ဥနီမှာပါတဲ့အမျှင်ဓာတ်ဟာ သင့်ကိုဗိုက်ပြည့်တယ်လို့ထင်စေပြီးအလွယ်တကူတင်းတိမ်စေမှာပဲဖြစ်ပါတယ်။

ကြက်ဥပြုတ်








ကြက်ဥပြုတ်ဟာ ကိုလက်စထရောကို ထိခိုက်မှုမရှိစေနိုင်တဲ့အတွက် ဗိုက်ဆာနေစဉ် ကြက်ဥပြုတ်တစ်လုံးနှစ်လုံးစားခြင်းဟာ သင့်ကိုအမြန်ဆုံးတင်းတိမ်စေမှာပါ။

ဖရဲသီး








အရည်ရွှမ်းတဲ့ ဖရဲသီးဟာပါဝင်တဲ့ ကယ်လိုရီပမာဏနည်းသလိုအမျှင်ဓာတ်အများအပြားပါဝင်တဲ့အသီးပဲဖြစ်ပါတယ်။ ဖရဲသီးဟာအစာအိမ်ထဲမှာအစာမရှိတဲ့အခါ စားသုံးဖို့အသင့်တော်ဆုံးပါပဲ။

သင်္ဘောသီး








“မနက်သင်္ဘော ညငှက်ပျော” ဆိုပြီး မြန်မာစကားပုံတောင်ရှိပါသေးတယ်။ သင်္ဘောသီးဆိုတာ မနက်ခင်း ဘာအစာမှမရှိရင်တောင် စားသင့်တဲ့အသီးတစ်မျိုးပါ။ ရေဓာတ်အပြည့်အဝပါဝင်လို့ ကျန်းမာရေးအတွက်လဲသင့်တော်ပြီးအစာအိမ်ကို detox ဖြစ်စေမှာ ဖြစ်ပါတယ်။

မြေပဲ








တကယ်လို့ သင်ဟာဗိုက်အရမ်းဆာနေလို့ ဘယ်လိုမှမနေနိုင်တော့လို့ မဖြစ်မနေ တစ်ခုခု စားရမှဖြစ်တော့မယ်ဆိုရင်မြေပဲ လက်တစ်ဆုပ်လောက် ကိုထဲ ဝါးစားနေလိုက်ပါ။ မြေပဲတစ်စေ့ဟာ ကြက်ဥတစ်လုံးမှာပါရှိတဲ့ စွမ်းအင်နဲ့ တူတူပါပဲ။ မြေပဲလက်တစ်ဆုပ်စာလောက် ဝါးစားလိုက်ခြင်းဟာအစာအိမ်အတွက်လဲအနှောင့်အယှက်မပေးနိုင်သလိုသင့်ကိုဆာလောင်ခြင်းမှအနည်းငယ်သက်သာစေမှာဖြစ်ပါတယ်။

(ပိုပိုလေး)




Some text some message..