သြင်္ကန်မှာ စားလို့အကောင်းဆုံး သြင်္ကန်စာများ
moda.com.mm
|
2019-04-10



ကဲ ကဲ သြင်္ကန်ရောက်ဖို့ ဘယ်နှရက်မှ မလိုတော့ဘူးနော်။

သြင်္ကန်မှာအပီအပြင်ကဲဆို Ready ဖြစ်နေပြီလား။

Fashion Makeup Hairstyle တွေကအစအဆင်သင့်ဖြစ်နေမယ်လို့ထင်ပါတယ်။

သြင်္ကန်မှာကဲဖို့ပဲ စဉ်းစားမနေပါနဲ့ ။

သြင်္ကန်က တစ်နှစ်မှ တစ်ခါပဲကျရောက်တာဖြစ်တဲ့အတွက် သြင်္ကန်စာတွေကို မစားပဲလက်လွှတ်မခံသင့်ပါဘူး။

သြင်္ကန်စာတွေက သြင်္ကန်ကျတုန်းပဲစားလို့ ရတာပဲမလို့ လက်လွှတ်မခံပဲစားသင့်ပါတယ်။

သြင်္ကန်မှာဆို သြင်္ကန်စာတွေကို ကိုယ်တိုင်လုပ်စားစရာတောင် မလိုပါဘူး။

အိမ်နီးနားချင်းတွေ မုန့် လုပ်စားကြရင်း ဝေစား၊ မျှစားတွေလည်းရှိကြပါတယ်။

သြင်္ကန်မှာ စားလို့အကောင်းဆုံး သြင်္ကန်စာတွေကိုအားလုံးလည်းသိလောက်ပါတယ်။

ကဲအကုန်ပြန်သိအောင် Sharing လုပ်ပေးပါမယ်။


မုန့်လုံးရေပေါ်

အားလုံးသိတဲ့ မြန်မာရိုးရာ သြင်္ကန်မုန့် တစ်ခုပါ။

ဆန့် မှုန့် နဲ့ ကောက်ညှင်းဆန်အမှုန့်ကို ရေနဲ့ သမအောင် နယ်ပြီး ထန်းလျှက်ခဲကိုအလယ်ထဲထည့်ပြီး

လုံးကာ ပွတ်ပွတ်ဆူနေသော ရေနွေးအိုးထဲမှာ ၃မိနစ်၊ ၄မိနစ်အကြာထားပြီးရင်

ဆယ်ယူပြီးတော့အုန်းသီးဖတ်လေးတွေဖြူးပြီး စားသုံးနိုင်ပါတယ်။


ရွှေရင်အေး

ရွှေရင်ကိုအေးစေမယ့်ရွှေရင်အေးကတော့ နွေစာရော၊ သြင်္ကန်စာရောလို့ပြောလို့ ရပါတယ်။ ပေါင်မုန့်၊ ကောက်ညှင်း၊အခြားအစာပလာတွေနဲ့ စားကောင်းတဲ့အစားအစာတစ်ခုပါ။

ရွှေရင်အေးမှာ Editorအကြိုက်ဆုံး တစ်ခုကတော့ ကျောက်ကျောပါတာပါပဲ။ ပြောရင်းနဲ့ တောင်စားချင်လာပါပြီ။


မုန်လက်ဆောင်း

မုန့်လက်ဆောင်းနဲ့ ရွှေရင်အေးက ဆင်တူတယ်လို့ထင်ရပေမယ့် တကယ်တော့ကွဲပြားပါတယ်။

မုန့် လက်ဆောင်းကကျတော့ မုန့် လက်ဆောင်းဖက်ရယ်၊ ထန်းလျှက်ရည်ရယ်၊အုန်းသီးဖက်လေးတွေနဲ့ စားရတာအရမ်းကိုအရသာရှိပါတယ်။


သြင်္ကန်ထမင်း

မွန်ရိုးရာအစားအစာတစ်ခုလို့ပြောလို့ ရပါတယ်။

ထမင်းကို ငါးခြောက်ထောင်းရယ်၊အချဉ်သုတ်တစ်ခုခုရယ် တွဲစားလိုက်တဲ့အခါ လိုက်ဖက်တဲ့အရသာတစ်ခုကိုရရှိပါတယ်။

အဲ့လိုတွဲဖက်စားသောက်မှုအပြင် တချို့ ကို ထမင်းကို ရေဆမ်းပြီးစားကြတာကိုတွေ့ ရပါတယ်။

သြင်္ကန်မှာ လူတိုင်းတော်တော်များများက ဒီသြင်္ကန်မုန့်တွေကိုုပဲ လုပ်စားကြတာများပါတယ်။

သာကူ၊ တခြားမုုန့်တွေကိုတော့ သြင်္ကန်မှာ သိပ်မလုပ်စားကြတာကိုတွေ့ရပါတယ်။

လုပ်စားတဲ့သူတွေရှိပေမယ့်အပေါ်ကပြောပြခဲ့တဲ့ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့် လက်ဆောင်း၊ သြင်္ကန်ထမင်းအစရှိတာတွေကတော့ သြင်္ကန်မှာအစားများတာကိုတွေ့ ရပါတယ်။

Editor: Hnin ei ei Hlaing




Some text some message..