![]()
လူအများစုက ဂျုံနဲ့လုပ်တဲ့ ပေါင်မုန့်ကို diet ကြောင့် မစားတော့ဘဲ ရပ်လိုက်ဖို့ဆုံးဖြတ်ကြပါတယ်။ Blogger တွေကလည်း ဂျုံနဲ့လုပ်တဲ့ ပေါင်မုန့်ကို ဖြတ်လိုက်ရင် ဘဝမှာ ဘယ်လိုတွေပြောင်းလဲသွားမယ်ဆိုတဲ့အချက်အလက်တွေကို မျှဝေခဲ့ပါတယ်။ ရလဒ်ကတော့အံ့မခန်းပါ ၊အသားအရေ ပိုကောင်းလာတယ် ၊ ဝိတ်ကျလာတယ် ၊ တက်ကြွလာတယ်။ ဒါပေမယ့် ဒီအချက်တွေက လက်တွေ့မှာ တကယ်ရောဖြစ်ရဲ့လား။
(၁)အသားအရေ ပိုကောင်းလာမယ်
ဂျုံနဲ့လုပ်တဲ့အစားအစာတွေကို စားပါများရင်အသားအရေပြသနာ နဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဝက်ခြံက ပေါင်မုန့်မှာ ပါတဲ့ gluten ကြောင့် ဖြစ်လာပါတယ်။ ခန္ဓာကိုယ်ထဲမှာ gluten များရင်အူကျန်းမားရေးကိုပါ ထိခိုက်စေပါတယ်။ သင့်အသားအရေ နဲ့ ကျန်းမာရေးကောင်းစေဖို့ စားသောက်ပုံကိုအရင်ပြောင်းပေးဖို့လိုပါတယ်။
(၂)အစာချေဖျက်အား ပိုကောင်းလာမယ်
![]()
brightside
ပေါင်မုန့်မှာ ပါတဲ့ gluten ကအစာချေဖျက်ဖို့ ခက်လာစေပါတယ်။ ဂျုံနဲ့ လုပ်တဲ့အစားအစာမှာအမျှင်ဓာတ် မပါဝင်ပေမယ့် Whole grain ပေါင်မုန့်မှာတော့ ပါဝင်ပါတယ်။ တစ်နေ့မှာ Whole grain ပေါင်မုန့် (၅-၆)ချပ် စားတာကအမျှင်ဓာတ် လုံလောကေ်နပါပြီ။ Whole grain ပေါင်မုန့် (၅-၆)ချပ် စားတာကလည်း ပန်းသီး (၁၄)လုံး ၊ မုန့်လာဥနီ (၂၁)လုံး ၊ ခရမ်းချဉ်သီ (၂၅)လုံး ၊ သခွားသီး (၅) ပေါင် စာတို့နဲ့ ညီမျှပါတယ်။
(၃) နုပျိူလာမယ်
![]()
brightside
အဖြူရောင် ပေါင်မုန့် ( white bread ) က ဘာအကျိူးအာနိသင်မှ မပါတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။အကျိူးအာနိသင် မပါတဲ့အစားအစာကို စားတာက သင့်ကို မနုပျိုစေပါဘူး။ ဂျုံနဲ့ လုပ်တဲ့အစားအစာကို စားပါများရင်အသက်အရွယ်ထက် ရုပ်ရည်ပိုအိုလာစေပါတယ်။ ဒါကြောင့် နုပျိုချက်ရင် ဂျုံပါတဲ့အစားအစာတွေကို ရှောင်ပေးဖို့လိုပါတယ်။
(၄) စွဲလမ်းစိတ်တွေ ပျောက်လာမယ်
![]()
brightside
ပေါင်မုန့်က မူးယစ်ဆေးလို စွဲစေပါတယ်။အဖြူရောင် ပေါင်မုန့် ( white bread ) မှာ သွေးချိုကို ပိုတက်လာစေပါတယ်။ ပေါင်မုန့် တစ်ချပ်ပဲ စားရုံနဲ့ သွေးချိုတတ်လာပေမယ့် ကျဖို့တော့ ခက်ပါတယ်။ ပေါင်မုန့်က စားပြီးရင်း စားချင်နေတာမျိုးဖြစ်တာကြောင့် များများစားလေ သွေးချိုတတ်လေ ၊ သွေးချိုတတ်ရင် ဝလာဖို့ပဲ ရှိပါတော့တယ်။ ဒါကြောင့် ပေါင်မုန့်ကို မစားဘဲနေရင် စွဲလမ်းစိတ်ပါ ပျောက်လာမှာပါ။
(၅) ဝိတ်ကျလာမယ်
ပေါင်မုန့်စားတာကို ဖျက်လိုက်ရင် ဘာတွေဖြစ်လာတယ်ဆိုရင်တော့ ဝိတ်ကျလာပါတယ်။ ပေါင်မုန့်ဖျက်လိုက်တဲ့ လူအယောက် (၇၀%) ဟာ ပထမ (၂)ပတ်နဲ့တင် ဝိတ်ကျသွားပါတယ်။အလယ်အလက်ဆိုဒ် ပေါင်မုန့်မှာအမျှင်ဓာတ် (0.6 g) ပါဝင်ပြီး တခြားပါဝင်ပစ္စည်းတွေကလည်းအဆီပိုတွေကို ဖြစ်စေပါတယ်။ ဝိတ်ချချင်ရင် ပေါင်မုန့်ကို လျော့စားပေးဖို့လိုသလို ဖျက်နိုင်ရင်တော့ ကျန်းမာရေးအတွက်အကောင်းဆုံးပါ။
Hannwe Soe