သဘောၤသီးက စားရတာအရသာရှိသလို သဘောၤရွက်ကလည်း သင့်ကိုဒီလိုကျန်းမာရေးကောင်းကျိုးတွေယူဆောင်လာပေးနိုင်ပါတယ်။သဘောၤရွက်က
သင့်ကိုဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်လဲဆိုတာ ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး
သဘောၤရွက်မှာ ကယ်လ်စီယမ် ၇ရာခိုင်နှုန်း ၊ သံဓာတ် ၅ ရာခိုင်နှုန်း၊မဂ္ဂနီဆီယမ် ၃ ရာခိုင်နှုန်း၊ Papin ၃.၃ ရာခိုင်နှုန်း ၊ Phytonutrients ၇ ရာခိုင်နှုန်း ၊ဗီတာမင်အေ ၆ ရာခိုင်နှုန်း ၊ ဗီတာမင် စီ ၈ရာခိုင်နှုန်း၊ ဗီတာမင်အီး ၄ ရာခိုင်နှုန်း ၊ ဗီတာမင် ကေ ၄ ရာခိုင်နှုန်းပါဝင်ပါတယ်။ဒီလိုသဘောၤရွက်ရဲ့အကျိုးကျေး
ဇူးတွေကတော့…
*အစာခြေစနစ်ကောင်းမွန်စေတယ်
သဘောၤရွက်နဲ့လုပ်ထားတဲ့ရေနွေးကြမ်းကိုသောက်ပေးရင်အစာအိမ်မှာရှိတဲ့ဘတ်တီးရီးယားတွေသေပြီးအစာခြေစနစ်ကိုပိုပြီးကောင်းမွန်လာစေပါတယ်။
အစာအိမ်နဲ့အူမကြီးလမ်းကြောင်းကိုလည်းသန့်ရှင်းကျန်းမာစေပါတယ်။
*ကင်ဆာရောဂါကာကွယ်ပေးနိုင်
အာဟာရဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကတော့ သဘောၤရွက်ဟာအဆုတ်ကင်ဆာ၊ပန်ကရိယကင်ဆာ၊ရင်သားကင်ဆာတွေမဖြစ်အောင်
လျှော့ချပေးနိုင်တယ်လို့ပြောထားပါတယ်။ကင်ဆာရောဂါနဲ့ပတ်သက်ပြီးလေ့လာသူတွေကတော့ သဘောၤရွက်ရဲ့အကျိုးသက်ရောက်မှုကိုဒီထက်ပိုပြီး
လေ့လာနေဆဲဖြစ်ပါတယ်။
*အသည်းကိုကျန်းမာစေ
အသည်းကျန်းမာသန့်ရှင်းဖို့ကလည်းအရေးကြီးပါတယ်။အသည်းပျက်စီးယိုယွင်းတာတွေမဖြစ်အောင် သဘောၤရွက်ကိုဖျော်ရည်လိုလုပ်သောက်တာဖြစ်စေ၊
သဘောၤရွက်ကိုခြောက်အောင်လှမ်း၊အမှုန့်ဖြစ်အောင်လုပ်ပြီး လက်ဖက်ရည်ကြမ်းလုပ်သောက်တာဖြစ်စေ လုပ်ပေးပြီးသောက်ပေးမယ်ဆိုရင်
အသည်းကျန်းမာအောင်ထိန်းသိမ်းပြီးသားဖြစ်စေပါတယ်။ဒါပေမဲ့အသည်းနဲ့ပတ်သက်ပြီးရောဂါဖြစ်ဖူးတာမျိုး၊အသည်းရောဂါရှိနေတာမျိုးဆိုရင် ဆရာဝန်နဲ့
အရင်ဆုံးတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
*အရေပြားယားယံနီမြန်းမှုသက်သာစေ
သဘောၤရွက်ကိုစားပေးတာဖြစ်စေ၊ကြိတ်ချေပြီးဖြစ်စေ ယားယံနီမြန်းနေတဲ့နေရာတစ်ဝိုက်ကို ခပ်ထူထူလေးအုံထားပေးမယ်ဆိုရင်
သက်သာစေနိုင်ပါတယ်။
*ဗောက်ပျောက်စေ
သဘောၤရွက်ဟာ ဗောက်လည်းပျောက်စေပါတယ်တဲ့။သင်္ဘောရွက်ကိုကြိတ်ချေပြီးရလာတဲ့အရည်နဲ့ ရေအနည်းငယ်ရောစပ်ပြီးဦးရေပြား
အနှံ့ နှံ့စပ်အောင်လောင်းချပါ။ခဏနေပြီးရင် ရေနဲ့သေချာပြန်လည်ဆေးချပါ။ရက်အနည်းငယ်လောက်လုပ်ပေးမယ်ဆိုရင် ဗောက်တွေပျောက်
သွားပါလိမ့်မယ်။
*ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်
သဘောၤရွက်စားပေးတာဟာ ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားကိုလည်းမြှင့်တင်ပေးနိုင်ပါတယ်။ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုတွေ၊ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ
ရဲ့လုပ်ဆောင်မှုတွေကိုပိုပြီးကောင်းလာစေပြီး ခန္ဓာကိုယ်ကိုအမြဲသွက်လက်ကျန်းမာစေဖို့ကူညီပေးနိုင်ပါတယ်။
သတိထားစရာရှိတာကတော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးနေတဲ့မိခင်တွေဟာ သဘောၤသီးစားတာဖြစ်စေ၊သဘောၤသီးဖျော်ရည်သောက်သုံးတာဖြစ်စေ မလုပ်သင့်ပါဘူး။