အမြည်းဆိုသည်မှာလည်း ဘီယာသောက်တဲ့အရှိန်ကို Control လုပ်ပေးနိုင်တဲ့အရာလေးလို့ပြောရင် မမှားဘူးနော်…ဘီယာဆိုင်ရောက်လို့သောက်စားကြတဲ့အခါအထာကျကျအမြည်းမှာတတ်ဖို့လည်းလိုပါတယ်။ စားစရာတိုင်းအမြည်းလို့ထင်လို့မရပါဘူးနော်…သောက်တာလေးနဲ့လိုက်ဖက်တဲ့အမြည်းကောင်းလေးကိုရွေးချယ်တတ်ဖို့ကလည်းသောက်တဲ့ နေရာမှာအရေးကြီးတယ်နော်… တစ်ချို့က ဗိုက်ပြည့်စေတဲ့ Heavyအစားစာတွေကိုမှာလိုက်တဲ့အခါအစားများသွားပြီးသောက်တဲ့နေရာမှာအဆင်မပြေတော့ပါဘူး။ ဗိုက်ကြီးတင်းပြီးသောက်လိုက်တော့အန်ချင်သလို ပျို့သလိုတွေဖြစ်လာပြီးသောက်တဲ့အရှိန်ကိုပြတ်စေပါတယ်။ ကိုယ်ကစားဖို့သီးသန့်သွားတာမဟုတ်ပဲအရက်ဘီယာသောက်ဖို့လည်းပါတယ်ဆိုရင်တော့ ဒီလိုအမြည်းလေးတွေက သောက်တဲ့သူတွေအတွက်အလိုက်ဖက်ဆုံးဖြစ်မှာပါ။ တစ်ယောက်နဲ့တစ်ယောက်က တော့အကြိုက်မတူနိုင်ပင်မဲ့အခုပြောပြမဲ့အမြည်းလေးတွေကဘီယာလေးနဲ့အလိုက်ဖက်ဆုံးဖြစ်မဲ့အမြည်းလေးတွေဖြစ်မယ်ထင်ပါတယ်နော်…
(၁) ကန်စွန်းပလိန်း
ငရုတ်သီးစိမ်းလေးနဲ့ ကန်စွန်းပလိန်း မွှေးမွှေးလေးကလည်း ဘီယာဆိုင်ရဲ့အကောင်းဆုံးအမြည်းတစ်ခုပါပဲ။အသားငါးအကြီးစားကြီး
တွေထက်စာရင် ခရုဆီလေးနဲ့ ကြော်ထားတဲ့ကန်စွန်းပလိန်းစိမ်းစိမ်းလေးဟာ ဘီယာလေးကို ပိုလို့သောက်ဝင်စေတဲ့အမြည်းလေးတစ်ခုပါပဲ။
(၂) ပန်းသီးကြော်
ဘီယာဆိုင်တော်တော်များများမှာ ရောင်းချလေ့ရှိတဲ့ ပန်းသီးကြော်လေးဟာအမြည်းအနေနဲ့ရောဒီတိုင်းပါစားလို့ကောင်းလွန်းတဲ့အစားစာလေးတစ်ခုပါပဲ။ပန်းသီးကြော်လေးရဲ့ချိုချိုစိမ့်စိမ့်အရသာလေးရယ် ဘီယာလေးရယ်နဲ့ပေါင်းစပ်လိုက်ရင် တကယ်ကိုအိုကေမှာ စိုပြေပါပဲနော်။
(၃) Cheese
Cheese လေးကို သကြားနည်းနည်းလေးနဲ့ တို့ပြီးအမြည်းအနေနဲ့ဘီယာဆိုင်တွေမှာ မှာလို့ရပါတယ်။ ပေါ့ပေါ့ပါးပါးလေးလည်းဖြစ် လေးလေးပင်ပင်အရသာလေးကိုလည်းခံစားမိစေတဲ့အတွက်အမြည်းတစ်ခုအနေနဲ့ Cheese လေးလည်းမှာစားဖို့ Recommend ပေးပါရစေ။
(၄) ကြက်ဥမွှေကြော်
ကြက်ဥမွှေကြော်လေးကလည်း ဘီယာဆိုင်ရဲ့အမြည်းကောင်းတစ်ခုပါပဲ။Budget save ဖြစ်တဲ့အမြည်းလေးလည်းဖြစ်တဲ့အပြင်အရသာလည်းထိထိမိမိရှိတဲ့အစားစာမလို့ ကျန်တဲ့အမြည်းတွေကို မမှာနိုင်သေးဘူး ပိုက်ဆံချွေတာ ပြီးသောက်ကြမယ်ဆိုရင် ကြက်ဥကြော်လေးကအဆင်ပြေဆုံးအမြည်းလေးတစ်ခုပါပဲ။
(၅)အရွက်ကင်
ရုံးပဓေသီးကင်၊အပ်မှိုကင်တို့လိုအသီးရွက်အမြည်းလေးတွေကလည်း ရင်ချောင် ပြီးမြည်းလို့ကောင်းတဲ့အမြည်းလေးတွေပါ.။
ဘီယာတွေအရက်တေ ွဝိုင်တွေကြောင့် ရင်ပူနေတဲ့အခါအရွက်ကင်လေးတွေကိုအမြည်းအဖြစ်စားသုံးခြင်းကလည်း ရင်ချောင်ပြီး သောက်ရတာအဆင်ပြေသွားစေမဲ့ပံ့ပိုးမှုလေးတစ်ခုပါပဲ။
ကဲ…ဆိုင်သွားရင်မှာသင့်တဲ့အမြည်းလေးတွေသိပြီဆိုရင်တော့ ဆိုင်သွားရင်အချိန်အကြာကြီးMenu ကြည့်စရာမလိုပဲ မှာစားလို့ရပြီနော်…
Unicode