အသားမဲတာ ပတ္တမြားခဲပါ
hellosayarwon.com
|
2019-05-22


အသားမဲလို့ဆိုပြီး စိတ်ညစ်နေလား။ သမီးကိုဘာလို့အသားဖြူဖြူလေးမွေးမထားရတာလဲ မေရယ်ဆိုပြီးအပြစ်တင်နေမိလား။အပြစ်မဆိုပါနဲ့နော်။အရာရာတိုင်း၊ ကိစ္စရပ်တိုင်းမှာအကောင်းအဆိုးက ဒွန်တွဲနေတာပါ။ တစ်ခါတလေကျ ငါ့ကျမှဒါမျိုးဖြစ်ရလားဆိုပြီး စိတ်မကောင်းဖြစ်မနေပါနဲ့အချို့သောကိစ္စတွေက ဆိုးတယ်လို့ ထင်ရပေမယ့် တစ်ဖက်မှာတော့ ကောင်းကျိုးလေးတွေရှိနေပါတယ်နော်။

အသားမဲတာက မကောင်းဘူးလို့ ဘယ်သူပြောလဲ


အသားအရောင်တွေ ကအမျိုးမျိုးနော်။

အာရှအသားအရေ ကပိုတောင် စုံသေးတယ်။ ရာသီဥတုအခြေအနေစုံလင်သလိုအသားအရောင်ကလည်းအသားဖြူဖြူလေးတွေရှိသလို ဝါညက်ညက်လေးတွေ၊ ညိုပြာညက်လေးတွေ၊အသားရောင်အညိုရင့်ရင့်လေးတွေရယ်ဆိုပြီးအမျိုးအစားကိုစုံနေတာပါပဲ။ လူတိုင်းအထူးသဖြင့်

လေဒီလေးတွေ ကအသားဖြူတာကို သဘောကျကြတယ်နော်။ သတိထားမိကြမလားမသိဘူး။အသားညိုတာက

အရေပြားပြဿနာတွေ ကိုအသားဖြူသူတွေလောက်မခံစားရဘူးဆိုတာကိုလေ။အသားအရောင်ကွာခြားရတာက

ခန္ဓာကိုယ် က ထုတ်လုပ်တဲ့ မယ်လ်လာနင် ပမာဏကွာခြားတာကြောင့်ပါ။အသားအရောင်ဖြူလေလေ နေပူအောက်မှာအသားအရေထိခိုက်နိုင်ခြေ များလေလေပါနော်။အသားညိုတဲ့သူအသားမဲတဲ့သူတွေရဲကအရေပြားက

မယ်လ်လာနင် ကြွယ်ဝတာကြောင့် ပူပြင်းတဲ့နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV) ကိုအသားဖြူသူတွေ၊အသားလတ်သူတွေထက် ပိုပြီး ကာကွယ်နိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။အသားအရောင်ရင့်တာက ကိုယ်တွင်းက ဖောလိတ်ဓာတ်တွေ မကုန်ဆုံးအောင် ကာကွယ်ပေးနိုင်သလို

DNA ပျက်စီးမှုတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။အခုလိုပူတဲ့ နေရောင်အောက်မှာအသားဖြူဖြူလေးတွေက ခြေကုန်လက်ပန်းကျလို့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုအလူးအလဲခံနေရချိန်မှာအသားညိုသူတွေက ခပ်အေးအေးပါပဲနော်။ ဒီတော့အသားမဲတာက ပတ္တမြားခဲဆိုတာ လက်ခံရမယ့်အချက်တစ်ခုပေါ့။အသားညိုသူတွေ၊အသားအရောင်ရင့်သူတွေကအရေပြားပြဿနာခံစားရနိုင်ခြေနည်းပါတယ်။

နေလောင်ဒဏ် ၊ ခရမ်းလွန်ရောင်ခြည်ဒဏ်အပြင်အပူဒဏ်ကြောင့် ဝက်ခြံထွက်နိုင်ခြေကလည်းအသားဖြူသူတွေနဲ့ယှဉ်ရင် နည်းပါတယ်။ ဒီလိုဆိုတာနဲ့တော့ နေပူထဲကို ထင်သလိုတော့ မထွက်စေချင်ပါဘူးနော်။ သစ္စာရှိရှိအစဉ်အလာမပျက် တစ်နှစ်ထက်တစ်နှစ်ပိုတိုးပူလာတဲ့

နွေ ရဲ့ နေရောင်အောက်မှာအပြင်သွားမယ်ဆိုရင် လိုအပ်တဲ့ကာကွယ်မှုလေးတွေတော့ လုပ်သွားစေချင်ပါတယ်နော်။

နေလောင်ကာခရင်မ် လူးတာ၊

ရေများများသောက်တာ ၊ ဦးထုပ်ဆောင်းတာ၊ ထီးဆောင်းတာ၊ ချည်သားပွပါချောင်ချောင်လေးတွေ ဝတ်တာမျိုးပေါ့။အသားညိုသူတွေရဲ့အရေပြားကနေရောင်မျာပါတဲ့

UVA  ရော UVB တို့ကြောင့်ပါ ထိခိုက်နိုင်ခြေနည်းတာပါ။အသားညိုတဲ့သူတေါအတွက် စိတ်ပူစရာတစ်ခုရျိတာက နေရောင်ရတာနည်းတဲ့ ကာလတွေမှာ ဗီတာမင် D ချို့တဲ့မှာကိုပါ။ ဒါကလည်း မြန်မာနိုင်ငံအတိုင်းအတာနဲ့ဆိုရင်တော့ ပူစရာမလိုပါဘူး။ မြန်မာနိုင်ငံက ရာသီ ၃ ခုစလုံးမှာ နေရောင်ကို သင့်တင့်မျှတစွာရရှိနေတာကြောင့်ပါ။အခုလိုနွေရာသီမှာအသားဖြူတာတွေကိုအားကျမနေပါနဲ့ ညိုပြာညက်လေးတို့ရေ။ ကိုယ်တွေကိုတောင် သူတို့ကအားကျရဦးမှာနော်။ နေရောင်ကြောင့်အသားအရေကို ထိခိုက်မှုများလေလေ

အရေပြားကင်ဆာြ ဖစ်နိုင်ခြေကများလေလေပါနော်။ ဒီတစ်ချက်ကတော့အသားညိုသူတွေရောအသားဖြူသူတွေပါ သတိထားရမယ့်အချက်ပါ။ဒါကြောင့် ထိခိုက်နိုင်ခြေနည်းပေမယ့်လည်းအသားအရေကို နေရောင်ဒဏ်ကနေအကောင်းဆုံးကာကွယ်ပါကြပါနော် Helloဆရာဝန်ပရိသတ်ကြီးရေ။ ဒါကြောင့်ပြောချင်တာကတော့  နွေအပူရှိန်မှာ ထိခိုက်မှုနည်းတာကအသားညိုပြာညက်လေးတွေပါနော်။အသားမဲတာ မကောင်းဘူးလို့ ဘယ်သူပြောလဲနော်..............................

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။




Some text some message..