![]()
နနွင်းရောင်တောက်တောက်၊အနီရောင်ရဲရဲနဲ့အနှစ်များများ၊အသီးအရွက်အစေ့အဆန်စုံလင်မွှေးကြိုင်နေတဲ့အိန္ဒိယစတိုင်ဟင်းလျာတွေလို့ ပြောင်းဆိုလိုက်ရင်လည်း နှစ်သက်တဲ့သူတွေအတွက် ရတနာဟင်းပွဲတွေလို့ပဲ ဆက်မြင်နိုင်ပါသေးတယ်။အရသာလေးလေးနက်နက်နဲ့ တစ်လုတ်စားမိတိုင်း လျှာလည်တဲ့အိန္ဒိယဟင်းလျာတွေအတွက်အမာခံပရိသတ်တွေ ရှိတယ်ဆိုရင်တော့ ဒီတစ်ပတ်ရဲ့ နာမည်ကျော်အိန္ဒိယစားသောက်ဆိုင် ၁၀ ဆိုင်က ဗိုက်ဆာတိုင်း သတိရမိစေတော့မှာပါ။
၁။ နယူးဒေလီ
ကြက်သားပလာတာမှာ နာမည်ကျော်တဲ့ ဒီအိန္ဒိယစားသောက်ဆိုင်မှာ တိုရှည်၊ ပူရီနဲ့ တခြားစားဖွယ်အစုံလည်း ရပါသေးတယ်။ သာမန်ဆိုင်ခန်း တစ်ခန်းအကျယ်အဝန်းသာ ရှိပေမဲ့ တကူးတက လာရောက်စားသုံးသူတွေ ရှိနေတာမို့ ပဲထမင်း၊ ထောပတ်ထမင်း၊အုန်းထမင်းနဲ့ တခြားဟင်းလျာအစုံကို လျှော့တော့ မတွက်စေချင်ပါဘူး။ ဈေးနှုန်းသက်သာသလို လက်ဖက်ရည်ကောင်းကောင်းသောက်ချင်သူတွေအတွက် ဆုံရပ်တစ်ခုဖြစ်တာမို့အကောင်းဆုံး စာရင်းထဲမှာ ထည့်သွင်းလိုက်ရပါတယ်။ လိပ်စာ-ရွှေဘုံသာလမ်းနှင့် ၂၈ လမ်းထောင့်၊အနော်ရထာလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
၂။ မြင့်မိသားစု
ချစ်တီးထမင်းလို့ ပြောလိုက်တာနဲ့ မျက်လုံးထဲတန်းမြင်မိတာက သုံးလွှာက တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာအရွယ်စုံ ဟိန္ဒူနတ်ဘုရားရုပ်တုတွေနဲ့ ဘုရားစင်၊ ပြီးတော့ ငှက်ပျောရွက်နဲ့ ခင်းထားတဲ့ ထမင်းဝိုင်း၊ ပဲဟင်း၊ ငရုတ်နီတောင့်ကြော်၊ ဆား၊ သံပုရာသီးသနပ်၊အရွက်ကြော်နဲ့ မန်ကျည်းနှစ်ဟင်းချိုတို့ကိုပါ။ ဟင်းပွဲတွေကတော့အနှစ်များများ၊ဆီများများနဲ့ သွားရည်ယိုစရာဖြစ်ပြီး စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ၁၉၇၂ ခုနှစ်ကတည်းက ဖွင့်လှစ်လာတဲ့ ဒီချစ်တီးထမင်းဆိုင်လေးက လူပြတ်တဲ့ နေ့ရယ်လို့ ရှိမယ်မထင်ပါဘူးနော်။ နေ့စဉ် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်ပါတယ်။ လိပ်စာ-အမှတ် ၈၁၊ ဒုတိယထပ်၊ ၂၉ လမ်း၊ ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန်။ ဝ၉ ၅၀၉၄၃၄၇
၃။ ရွှေမြို့တော်
လက်ဖက်ရည်ချိန်ရောက်တိုင်း မလိုင်များများနဲ့ စီလုံတီးကို နံပြားပူပူလေးနဲ့ တွဲစားမိအောင် ရွှေမြို့တော်က ဆွဲဆောင်နိုင်ပါတယ်။ ပူရီ၊ တိုရှည်၊ ပလာတာ စတာတွေအပြင် ချစ်တီးထမင်းကိုလည်း စိတ်ကြိုက်ဟင်းနဲ့ စားနိုင်တာမို့ လူစည်ကားတဲ့အိန္ဒိယစားသောက်ဆိုင်တစ်ဆိုင်ပါ။ စားပွဲထိုးဝန်ထမ်းတွေကအတွေ့အကြုံအပြည့်နဲ့မို့ ဘာဟင်းနဲ့ စားရမယ် မဝေခွဲတတ်ရင်တောင် သူတို့အကောင်းဆုံးလမ်းညွှန်ပေးနိုင်ပါတယ်။ နေ့စဉ် မနက် ၆ နာရီ ကနေ ည ၁၀ နာရီဝန်းကျင်အထိ ဖွင့်ပါတယ်။ လိပ်စာ-ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
၄။ ရွှေကောင်းကြွယ်
လက်ဖက်ရည်၊ ကော်ဖီ၊အသုပ်မျိုးစုံနဲ့ မြန်မာ့ရိုးရာစားဖွယ်အစုံအလင်ရတဲ့ ရွှေကောင်းကြွယ်မှာ ခုဆိုရင် ချစ်တီးထမင်းပါ ရနေပါပြီ။ သေချာပြင်ဆင်ထားတဲ့ သရက်သီးသနပ်၊ သီးစုံပဲဟင်း၊အချဉ်ဓာတ်ဖြည့်ထားတဲ့အရွက်ကြော်နဲ့ ကိုယ်နှစ်သက်ရာ ဟင်းပွဲအတွက် ထမင်းနဲ့အရန်ဟင်း လိုသလောက်ဖြည့်ပေးတဲ့ ပုံစံပဲမို့အဝစားချင်သူတွေအတွက်အဆင်ပြေပါတယ်။ ပိုပြီးထူးခြားတာက ၂၄ နာရီဖွင့်တဲ့ ဆိုင်ဖြစ်တာမို့ ဗိုက်ဆာလာတာနဲ့ ခပ်မြန်မြန်ပြေးသွားပြီးအားပါးတရစားနိုင်ပါတယ်။ လိပ်စာ-အမှတ် ၆၂၊ တက္ကသိုလ် ရိပ်သာလမ်းသစ်နဲ့အေးရိပ်သာလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၂၅၅၀၁၇၇၀၁
၅။ နယူးချစ်တီး
ဒီဆိုင်ကတော့ တစ်မြို့လုံးမှာ ဈေးအသက်သာဆုံး ချစ်တီးထမင်းဆိုင်လို့တောင် ပြောလို့ရတဲ့ ဆိုင်ပါ။ သရုပ်ဆောင်မင်းသား နေဆန်းက သူနှစ်သက်တဲ့ ချစ်တီးထမင်းကို ဈေးသက်သာစွာနဲ့ ရောင်းချချင်ပြီးအဓိကအခြေခံလူတန်းစားတွေအတွက် ရည်ရွယ်ကာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ သက်သတ်လွတ်ချစ်တီးထမင်းစားချင်သူတွေအတွက်လည်း စီစဉ်ထားပြီး ဟင်းပွဲတွေရဲ့ ဈေးနှုန်းက ကျပ် ၁çဝဝဝ ကသာ စတင်တာမို့အရသာရှိရှိနဲ့ ဗိုက်ဖြည့်ချင်သူ လူတိုင်းအတွက်အဆင်ပြေပါတယ်။ လိပ်စာ-အမှတ် ၁၈၊ စည်ပင်ရိပ်မွန်၊ သုမင်္ဂလာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၈၉၉၈၂၂၂၈၄
၆။ Bawarchi
ဒီအိန္ဒိယဆိုင်က ကျွမ်းကျင်စားဖိုမ·းတွေရဲ့ ဟင်းပွဲအပြင်အဆင်တွေ၊ သပ်ရပ်သန့်ရှင်းပြီး ကျယ်ဝန်းတဲ့ စားသောက်ဆိုင်၊အရသာအပြည့်နဲ့ ဟင်းပွဲအဆန်းတွေကြောင့် နာမည်ကျော်ပါတယ်။ ပုစွန်ဟင်း၊ ကြက်သား၊ ငါး စတာတွေကို ဟင်းအနှစ်များများနဲ့ လေးလေးပင်ပင် ချက်ထားတာမို့ စားသုံးသူတွေ တစ်ခါစားပြီးတာနဲ့ နောက်ထပ်အကြိမ်ကြိမ်စားမိစေတဲ့ ဆိုင်ပါ။ ကိုယ်တိုင်လုပ်ထားတဲ့ ပေါင်မုန့်၊အသားကင်၊ ဆော့စ်တွေကလည်းအမှတ်ပြည့်ပေးသူ တွေနဲ့ လူသိများပါတယ်။ လိပ်စာ-အမှတ် ၃၇၊ ပထမထပ်၊ လပြည့်ဝန်းပလာဇာ၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၂၅၃၅၀ဝဝဝ၂
၇။ ဘာရတ်
သက်တမ်းရင့်အဆောက်အအုံဟောင်းတစ်ခုရဲ့ မြေညီထပ်မှာ ဖွင့်ထားပြီး ဟိန္ဒူနတ်ဘုရားရုပ်တုတွေ၊ ပန်းချီကားတွေ၊အိန္ဒိယမင်းသား မင်းသမီးတွေရဲ့ ပိုစတာတွေနဲ့အလှဆင်ထားတဲ့ ထူးခြားတဲ့အိန္ဒိယစားသောက်ဆိုင်တစ်ဆိုင်ပါ။ ချစ်တီးထမင်း၊ ပါပလာ၊ လက်ဖက်ရည်အရသာကောင်းကောင်းနဲ့ ဘီယာပါ ရနိုင်တဲ့ ဆိုင်ဖြစ်ပြီး ဈေးသက်သာသလိုအရသာလည်း ကောင်းမွန်ပါတယ်။နိုင်ငံခြားသားခရီးသွားဧည့်သည်တွေရဲ့ ကောင်းမွန်တဲ့ မှတ်ချက်တွေ ရထားပါတယ်။ လိပ်စာ-အမှတ် ၃၅၆၊ မဟာဗန္ဓုလ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဝ၁ ၃၈၂၂၅၃
၈။ The Corriander Leaf
ဒီစားသောက်ဆိုင်ကတော့အိန္ဒိယနိုင်ငံမြောက်ပိုင်းအစားအစာကောင်းတွေကို ပြင်ဆင်ချက်ပြုတ်ပေးနေပါတယ်။ ကြက်သားထောပတ်ဟင်းနဲ့ နံပြားအတွဲအစပ်လိုမျိုးအရသာအပြည့်နဲ့အိန္ဒိယအစားအစာတွေရနိုင်ပြီး တစ်ချိန်တည်းမှာပဲ တရုတ်နဲ့အရှေ့တိုင်းဟင်းပွဲတွေမျိုးစုံလည်း ရနိုင်ပါသေးတယ်။ နေ့စဉ် မနက် ၉ နာရီကနေ ည ၁၁ နာရီအထိဖွင့်ပြီး ရွှေတိဂုံဘုရားကနေ လမ်းလျှောက်ဆင်းလာပြီး နေ့လယ်စာ ဝင်စားတတ်ကြပါတယ်။ လိပ်စာ-အမှတ် ၁၂၊ ရန်ကုန်အင်တာနေရှင်နယ်ဟိုတယ်ဝင်း၊အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၉၆၉၆၈၄၅၂၃
၉။ Indian Tadka
နာမည်ကျော်အဆင့်မြင့်အိန္ဒိယစားသောက်ဆိုင်ကြီးတစ်ဆိုင်ဖြစ်ပြီး ပေါ့ပေါ့ပါးပါးစားနိုင်တဲ့ သွားရည်စာတွေကနေ ဟင်းပွဲကြီးတွေအထိ မြည်းစမ်းနိုင်ပါတယ်။ သံပုရာထမင်းလို့ ခေါ်တဲ့ ဟင်းခတ်အမွှေးအကြိုင်အမည်စုံထည့်ထားတဲ့ ထမင်း၊ ကြက်သားကီးမားနံပြား၊ ဒံပေါက်၊အရသာဖြည့်ထားတဲ့ ပလာတာစတဲ့ မီနူးထဲက ဟင်းပွဲနာမည်ကျော်တွေအပြင်အချိုပွဲနဲ့ သောက်စရာအစုံလည်း ရှိပါသေးတယ်။ နေ့စဉ် မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။ လိပ်စာ-အမှတ် ၇အေ၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ ဝ၁ ၅၁၂၃၁၈
၁၀။ The Marina
အဆင့်မြင့်မြင့်နေထိုင်တဲ့ ဌာနေရင်းအိန္ဒိယမိသားစုတွေ၊ သံရုံးမိသားစုအသိုင်းအဝိုင်းတွေ၊အင်န်ဂျီအိုအဖွဲ့အစည်းက ဝန်ထမ်းတွေအများဆုံး စားလေ့ရှိကြတဲ့ ဆိုင်ကြီးတစ်ဆိုင်ဖြစ်ပါတယ်။ ခန်းမကျယ်ကျယ်ရှိသလို သီးသန့် ပြင်ဆင်ထားတဲ့ စားပွဲတွေလည်း ရှိတာမို့ တွေ့ဆုံပွဲ၊ နှုတ်ဆက်ပွဲ၊အထိမ်းအမှတ်စတဲ့ပွဲတွေအများဆုံးကျင်းပလေ့ရှိပါတယ်။ နေ့စဉ် မနက် ၁၁ နာရီကနေ မွန်းလွဲ ၂ နာရီအထိ နေ့လယ်စာနဲ့ ညနေ ၆ နာရီကနေ ည ၁၀ နာရီအထိ ညစာ ဖွင့်လှစ်ရောင်းချပါတယ်။ လိပ်စာ-အမှတ် ၆၃၊ တော်ဝင်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၉၇၀၅၅၀ဝ၅၅