ခင်များတို့အမြဲသစ္စာရှိရှိ သောက်နေတဲ့ ဘီယာက ခင်များကို ပြန်ပြီး ကောင်းကျိုးပြုနေတယ်ဆိုတာ သိရောသိကြရဲ့လားဗျ ! ဘီယာမကြိုက်တဲ့သူတွေ ၊ မသောက်တဲ့သူတွေအတွက်တော့ စိတ်မကောင်းဘူးဗျာ ။ ဒီအကျိုးကျေးဇူးတွေ သူတို့မခံစားရဘူးပေ့ါ.။ ကဲ ဘီယာကို ကြိုက်လို့ပဲသောက်သောက် ၊အပေါင်းအသင်းကြောင်ပဲသောက်သောက် ၊ ဘယ်လိုပဲသောက်သောက် ကိုယ်သောက်နေတဲ့ ဘီယာရဲ့ ကောင်းကျိုးလေးကို သိထားရတေ့ာ ပိုပြီးအဓိပ္ပါယ်ရှိရှိ သောက်ကောင်းတာပေါ့ဗျာ….
၁။ လေ့လာမှုတွေအရအခြားအယ်လ်ကိုဟော ပါဝင်တဲ့ သောက်သုံးဖွယ်ရာတွေထက် ဘီယာက ပိုပြီး ကျောက်ကပ်ကို ကျန်းမာစေပါတယ်တဲ့ ။ ဘီယာတစ်ပုလင်းသောက်တိုင်း ကျောက်ကပ်ကျောက်တည်မှု မဖြစ်အောင် ၄၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်တဲ့ခမျာ ။
၂။ ဘီယာသောက်ခြင်းကအစာလည်းကြေစေပါတယ် ။အထူးသဖြင့်Dark Beer တွေမှာအမျှင်ဓါတ် 1g နှင့်အထက် ပါဝင်လို့အစာခြေစနစ်ကို ကောင်းစွာအကျိုးဖြစ်ထွန်းစေပါတယ်။
၃။ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးတယ် ။ ဘီယာမှာပါဝင်တဲ့အမျှင်ဓါတ်ကြောင့်ပဲ ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးနိုင်တာပါ ။
၄။ ဘီယာက သင့်ခန္ဓာကိုယ်အတွက် ဗီတာမင်ဘီကိုအပြည့်အဝ ရရှိစေပါတယ် ။ ဘီယာမှာ ဗီတာမင် B ၊ B1 ၊ B2 ၊ B6 နှင့် B12 စသဖြင့် ဗီတာမင် ဘီ ဓါတ်အားလုံး ပါဝင်တာကြောင့် ဘီယာသောက်သုံးသူတွေက မသောက်တဲ့သူတွေထက် ဗီတာမင်ဘီ ၃၀ ရာခိုင်နှုန်းထိ ပိုပြီးများပါတယ် ။
၅။ ၂၀၀၉ ခုနှစ် လေ့လာတွေ့ရှိချက်များအရ ဘီယာမှာပါဝင်တဲ့ မြင့်မားတဲ့ siliconအဆင့်ကြောင့်အရိုးများ၏ သိပ်သည်းဆကို ထောက်ပံ့ပေးပြီး သန်စွမ်းစေတယ်လို့ ဆိုပါတယ် ။
၆။အိပ်မပျော်တဲ့ ရောဂါကို ဘီယာသောက်တဲ့သူတွေ ဘယ်တော့မှ မခံစားရဘူး ။ ဘီယာက ကောင်းကောင်းအိပ်ပျော်စေဖို့အတွက်အရိုးရှင်းဆုံး ကုသနည်းတစ်ခုပါပဲတဲ့ ။
၇။ ရုတ်တရက် နှလုံးထိခိုက်တဲ့ heart attack ဖြစ်ခြင်းမျိုးကိုလည်း ဘီယာသောက်ခြင်းက လျှော့ချပေးနိုင်ပါတယ် ။ ဘီယာပုံမှန်သောက်လေ့ရှိသူတွေက မသောက်တဲ့သူတွေထက် Heart Attack ဖြစ်နိုင်ခြေ ၄၀ရာခိုင်နှုန်းမှ ၆၀ရာခိုင်နှုန်းအထိကို လျော့ကျစေပါတယ် ။
၈။ ဘီယာမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက သွေးကြောများ ခဲခြင်း မဖြစ်ပွါးနိင်အောင် ကာကွယ်ပေးပါတယ်။
၉။ လေ့လာတွေ့ရှိချက်များအရ ဘီယာသောက်သုံးသူတွေဟာ မသောက်တဲ့သူတွေထက်အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ ပိုနည်းပြီး မှတ်ဉာဏ်အား ပိုကောင်းစေပါတယ် ။ ဘီယာသောက်တဲ့သူတွေ ဉာဏ်ပိုကောင်းပါတယ်တဲ့ ခမျ . ^_^ .လေ့လာမှုတွေကပြောတာနော်..
၁၀။ တစ်နေ့ကို ဘီယာနှစ်ခွက်သောက်မယ်ဆိုရင်အလုပ်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှု ၊ စိတ်ရှုပ်ထွေးမှုတွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ် ။
၁၁။ ဘီယာဆိုတဲ့အမျိုးကအေးအေးလေးမှ သောက်လို့ကောင်းတဲ့အမျိုးလေ ။ ဒါပေမယ့် ပူသွားလို့ရော ဘာမှမဖြစ်ဘူးနေ်ာ ။ ပိုပြီးတောင်အကျိုးများသေးတယ် ။ ပူနွေးတဲ့ ဘီယာက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီးအသက်ရှူကြပ်တဲ့အချိန်ခါမျိုးဆိုအသက်ရှူစနစ်ကိုလည်း ပြန်ကောင်းမွန်စေပါတယ်တဲ့ ။အကြောအဆစ် နာကြင်ခြင်းကိုလည်း သက်သာစေပြီး ကိုုယ်ခံအားကောင်းစေပါတယ် ။ ပူနွေးတဲ့ ဘီယာကောင်းကောင်း သောက်ချင်လျှင်တော့ ရေပွက်ပွက်ဆူထားတဲ့အိုးထဲကို ဘီယာတစ်ပုလင်းထည့်ပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၃ဇွန်းလောက် ထည့်ပြီး သောက်ကြည့်လိုက်ပါ ခင်ဗျာ ။
၁၂။ ဘီယာကအသားအရေကိုလည်း လှစေတယ်တဲ့ ။ ဘီယာကြိုက်တဲ့ မိန်းကလေးတွေအတွက် သတင်းကောင်းပေါ့လေ ။ ဘီယာမှာပါဝင်တဲ့ ဗီတာမင်ဓါတ်တွေကအသားအရေကို နူးညံ့စေပြီး ကျန်းမာ လှပစေတယ်လို့ ဆိုထားပါတယ် ခမျာ ။
ကဲ..ဘီယာသောက်တိုင်း ဒီကောင်းကျိုးလေးတွေကိုအာရုံပြုရင်း.. CHEERS ! ! !
CHAN (ရွှေအင်းလေး)