ဒီလိုအချိန်တွေမှာစားမိရင် ဆေးမဖြစ်ဘဲဘေးဖြစ်နိုင်စေတဲ့အစားအစာ ၇ မျိုး
shwemom.com
|
2019-07-15

ထမင်းဆိုရင် နေ့လည်ဖက်မှာစားတဲ့အခါ ဗိုက်ဝပြီးအားအင်ဖြစ်စေပေမယ့် ညဖက်မှာစားတဲ့အခါမှာတော့ ကယ်လိုရီတွေတက်လာနိုင်ပြီး ဝစေနိုင်သလိုမျိုးပေါ့။ လူတွေမှာလည်းအခြေအနေနဲ့အချိန်အခါရှိသလိုအစားအသောက်နဲ့ သင်တို့ခန္ဓာကိုယ်နဲ့ဆိုတာဟာလည်း ထိုနည်းတူစွာပါပဲ။ ဘယ်လိုအစားအသောက်မျိုးလေးတွေ ဖြစ်မလဲဆိုတာ ဆင်ခြင်နိုင်အောင်လို့ Bride Sideကနေပြီး ကိုးကားဖော်ပြပေးလိုက်ရပါတယ်။

(၁) မိုးလင်းလို့ ရေတောင်မသောက်ရသေးဘဲ ကော်ဖီတစ်ကျိုက်မော့သောက်ရင်း ရုံးကိုသွား၊ ရုံးရောက်တဲ့အခါမှာလည်း ကော်ဖီထပ်ဖျော်သောက်တာဟာ သင့်ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်နော်။အထူးသဖြင့်အာရုံကြောတွေကိုပေါ့။ ကော်ဖီသောက်ဖို့အကောင်းဆုံးအချိန်ကတော့ ညနေဖက် ရုံးဆင်းချိန်ပါပဲ။ ညအိပ်မပျော်ခြင်းကို ကာကွယ်နိုင်ပြီး ညနေဖက်အားကစားမလုပ်ခင် ကော်ဖီသောက်ခြင်းဟာလည်း ပိုပြီးစိတ်ပါဝင်စားစွာအားကစားလပ်နိုင်ပါတယ်တဲ့။


jules-21/Pixabay

(၂)အသားစားပြီးအချိုတည်းခြင်းကိုတော့ တတ်နိုင်သလောက်ရှောင်ကျဉ်ပါလို့အကြံပေးပါရစေ။ သွေးတိုးနဲ့ သွေးချိုအခံရှိတဲ့သမားတွေရော၊ မရှိပေမယ့််လည်း ဒီလိုရောဂါတွေဖြစ်ခြင်းကိုအားပေးနိုင်ပါတယ်။


Pexels/Pixabay

(၃) ညဖက်မှာ နွားနိုးသောက်သုံးပေးခြင်းဟာအရိုးကျန်းမာရေး၊အိပ်ပျော်ခြင်းနဲ့ တခြားကျန်းမာရေးကောင်းကျိုးတွေ ရှိနိုင်ပေမယ့်လို့ မနက်ခင်းတခြားအစာတွေနဲ့ ရောပြီး နွားနို့သောက်သုံးခဲ့မယ်ဆိုရင်တော့ နှလုံးအောင့်တာတွေနဲ့အခန့်မသင့် ဗိုက်ရစ်တာ၊ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။


congerdesign/Pixabay

(၄) ငှက်ပျောသီးဟာ မနက်စာအတွက် သိပ်ကောင်းတဲ့အာဟာရဖြစ်အသီးအနှံလို့ ထင်ရပေမယ့်လို့ သူ့အရှေ့မှာ ဘာအစားအစာမှ မခံဘဲနဲ့အိပ်ယာနိုးနိုးချင်း စားလိုက်တာဟာအထင်နဲ့ပြောင်းပြန်အင်အားယုတ်လျော့ခြင်းကို ဖြစ်စေပါတယ်တဲ့။ မနက်စာအဖြစ် စားချင်ရင်တော့ တခြား ကွေကာအုတ်တို့၊ ပန်ကိတ်တို့လိုမျိုး နဲ့ရောပြီးမှ စားသုံးသင့်ပါတယ်။


4924546/Pixabay

(၅) ဒိန်ချဉ်ကိုလည်း ဗိုက်ထဲမှာအစာမရှိဘဲ သောက်သုံးခြင်းကို ရှောင်ကျဉ်ပေးပါ။ ဒိန်ချဉ်မှာ လက်တစ်အက်ဆစ်ပါဝင်တဲ့အတွက်အစာခံမရှိတဲ့အခါအစာအိမ်အတွင်းကအက်ဆစ်ဓာတ်တွေကို မြင့်တက်စေပြီးအစာချေစနစ်ကို နှောင့်နှေးစေပါတယ်။အကောင်းဆုံးကတော့ နေ့လည်စာစားပြီးချိန်တို့၊ ညစာစားပြီးချိန်တို့ရဲ့ ၂ နာရီအတွင်းမှာ သောက်သုံးပေးတာပါပဲ။ နောက်တ်ခုကတော့ ညအိပ်ယာဝင်ခါနီးမှာ ဒိန်ချဉ် ၁ ဇွန်း သို့မဟုတ် ၂ စွန်းစားသုံးခြင်းကြောင့် ပရိုတင်းဓာတ်ဖြစ်စေပြီး ကြွက်သားတက်ခြင်းအတွက်အထောက်အကူပြုပါတယ်တဲ့။


EliasSch/Pixabay

(၆) ပန်းသီးတစ်နေ့တစ်လုံး မှန်မှန်စားရင် ဆေးရုံဆေးခန်းနဲ့ ကင်းဝေးတယ်ဆိုတဲ့ စကားအတိုင်း ပန်းသီးတော့စားပါပြီရဲ့ညဖက်ကြီးအိပ်ခါနီး သွားစားမယ်ဆိုရင်တော့အဆင်မပြေပါဘူးနော်။အစာချေရခက်တဲ့အသီးထဲ ပန်းသီးပါဝင်တာကြော်င့အိပ်ချိန်နဲ့ နီးကပ်ပြီး သွားစားလိက်တဲ့အခါအစာအိမ်တွင်းမှာ ဂတ်စ်ထစေလာနိုင်ပြီး နေရထိုင်ရခက်စေပါတယ်။


Nietjuh/Pixabay

(၇)အသားဟင်းနဲ့ထမင်းစားတော့မယ့်အခါအိပ်ချိန်ထက် ၃ နာရီစောပြီး စားပေးဖို့ သိပ်ကိုအရေးကြီးပါတယ်နော်။ မဟုတ်ရင်တော့ ဝိတ်တက်လာနိုင်ပြီး ပရိုတင်းမဟုတ်ဘဲအဆီဖြစ်လာနိုင်ပါတယ်။ ဒီအပြင် မနက်စာကိုလည်းအသားတွေအများကြီးပါတာ စားမယ်ဆိုရင် ရင်ပြည့်ရင်ကယ်ဖြစ်စေနိုင်တာကြော့် နေ့လည်ပိုင်းနဲ့ ညနေပိုင်းမှာသာ စားဖို့အတွက်အကြံပေးချင်ပါတယ်။


vika-imperia550/Pixabay


Penny




Some text some message..