![]()
အဆစ်အမြစ် ရောင်ရမ်း ကိုက်ခဲတဲ့ ‘ဂေါက်’ ရောဂါရှိသူတွေဟာအစားအသောက်ကြောင့် သွေးထဲမှာ ယူရစ်အက်ဆစ် Level တွေ မြင့်လာတဲ့အခါ မချိမဆံ့နာကျင်တဲ့ ဝေဒနာကို ခံစားရပြီး ခြေဆစ်၊ လက်ဆစ်တွေ ကိုက်ခဲကာ လမ်းမလျှောက်နိုင် မသွားနိုင်တဲ့အခြေနေထိ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့်မို့ ‘ဂေါက်’ရောဂါအခံရှိသူတွေအတွက်အစားမမှားရအောင် ယူရစ်အက်ဆစ်ကို မြင့်စေမယ့် ရှောင်ကျဉ်သင့်တဲ့အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။
၁။အနီရောင်အသား
အမဲသား၊ ဆိတ်သား၊ သိုးသား စတဲ့အနီရောင်ရှိတဲ့အသားတွေမှာ ပရိုတိန်းအများကြီးပါလို့ ယူရစ် Level ကို တက်စေပါတယ်
၂။ နေကြာစေ့
နေကြောစေ့မှာ ပါတဲ့ ပြူရင်း(purine)ဓါတ်က ခန္ဓာကိုယ်ထဲက ယူရစ်အက်ဆစ်ကို မြှင့်ပေးလို့ လျှော့စားပါ ဒါမှမဟုတ် လုံးဝ မစားပါနဲ့
၃။အချိုရည်/ဆိုဒါ
အချိုရည်နဲ့အသီးဖျော်ရည်ပုလင်းတွေမှာ တာရှည်ခံဆေးနဲ့ သစ်သီးတွေကထုတ်တဲ့ သဘာဝသကြားတို့အများပြားပါဝင်တဲ့အတွက် ယူရစ်ကို မြင့်စေပါတယ်
၄။ ပဲအမျိုးမျိုး
ပဲနီလေး၊ ပဲတောင့်ရှည်၊ ပဲပင်ပေါက်အပါအဝင် ပဲအမျိုးမျိုးတို့မှာ ဖိုက်ဘာနဲ့ ပရိုတိန်းပြည့်ဝစွာပါဝင်လို့ ယူရစ်အက်ဆစ်ပြဿနာရှိရင် တစ်လမှာ တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ စားသင့်ပါတယ်
၅။ ပင်လယ်စာ
ငါးအများစုဟာ ပြူရင်း(purine)ဓါတ် ကြွယ်ဝပါတယ်။ တူနာ၊ ငါးပြေမအနွယ်ဝင်ငါး၊ ငါးပါးနီ နဲ့ ငါးသေတ္တာငါးတွေက ယူရစ်အက်စစ်ကို တက်စေတဲ့အဓိကငါးတွေဖြစ်ပါတယ်။
ခုံးကောင်တွေကိုတွေကိုတော့ လုံးဝမစားပဲ ရှောင်သင့်ပါတယ်။
၆။ ကလီဆာ
ဆိတ်ကလီစာ၊ ဝက်ကလီစာ စတဲ့ သတ္တဝါတွေရဲ့အတွင်းကလီစာတွေအားလုံးမှာ ပြူရင်း(purine)ဓါတ်အပြည့်ပါလို့ ယူရစ်တက်စေပါတယ်။ စားချင်တယ်ဆိုရင်တောင် တစ်ပတ်မှာ နှစ်ကြိမ်ထက် မပိုသင့်ပါ။
၇။အရက် (အယ်လ်ကိုဟော)
အယ်လ်ကိုဟောဆိုထဲကအပြင်းအပျော့တွေအပြင် ဘီယာပါ ပါသွားပြီနော်။အယ်လ်ကိုဟော ဟာ ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ် ထုတ်လုပ်ဖို့အဓိကစေ့ဆော်ပါတယ်။ ဘီယာကို ပုံမှန်သောက်လာခဲ့တဲ့သူအများစုဟာ ‘ဂေါက်’ရောဂါ ခံစားနေရကြောင်း သုတေသီတွေ တွေ့ထားပါတယ်။
၈။အချို့ဟင်းသီးဟင်းရွက်များ
ပဲ၊ ပဲတောင့်ရှည်၊ မှို၊ ဟင်းနုနွယ်၊ ဂေါ်ဖီကန်းပွင့် နဲ့ ကညွတ် တို့မှာ ပြူရင်း(purine) များစွာပါဝင်လို့အများကြီးမစားသင့်ပါ။
မှိုကတော့အဆိုးဆုံးပါပဲ..
‘ဂေါက်’ရောဂါအတွက် ယူရစ်ကျဖို့ဆိုရင်တော့ −
၁။ ရေများများ သောက်ပါ
၂။ သစ်သီးစားပါ
၃။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်သောက်ပါ (သကြားမပါ)
(ပိုပိုလေး)