![]()
စားစရာတွေအထားခံအောင် ရေခဲသေတ္တာကိုအသုံးပြုကြတာများပါတယ်။ဒါပေမယ့် ရေခဲသေတ္တာထဲကို ထည့်သင့်တဲ့ စားစရာတွေရှိသလို ရေခဲသေတ္တာထဲကို လုံး၀ မထည့်သင့်တဲ့ စားစရာတွေလည်း ရှိပါတယ်။Shwemom စာဖတ် သူတွေအတွက် ရေခဲသေတ္တာ မထည့်သင့်တဲ့ စားစရာတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
ကြက်သွန်နီ၊ကြက်သွန်ဖြူ
![]()
Image By Robert-Owen-Wahl (pixabay)
ကြက်သွန်နီကို ရေခဲသေတ္တာထည့်လိုက်ရင်တော့ မြန်မြန်ပျက်စီးသွားပါလိမ့်မယ်။ကြက်သွန်နီဆိုတာမျိုးကအလင်းရောင်ကောင်းကောင်း(နေနဲ့ တိုက်ရိုက်မထိတာမျိုး) ရပြီး ခြောက်သွေ့တဲ့ နေရာမျိုးမှာ ထားပေးရမှာပါ။ကြက်သွန်ဖြူ ကလည်း ဒီအတိုင်းပါပဲ။ရေခဲသေတ္တာထဲကို ထည့်လိုက်ရင် သူ့ရဲ့အရသာပျက်သွားနိုင်ပါတယ်။အေးမြပြီး(ရေခဲသေတ္တာ လိုအရမ်းအေးစရာမလို) ခြောက်သွေ့တဲ့နေရာမျိုးမှာ သိမ်းပေးသင့်ပါတယ်။
ဖရဲသီး၊သခွားမသီး
![]()
Image By paulbr75 (pixabay)
ဖရဲသီးနဲ့ သခွားမသီးလိုအသီးမျိုးတွေကိုတော့အများစု က ရေခဲသေတ္တာထဲမှာ ထည့်သိမ်းတတ်ပါတယ်။အေးအေးလေး စားချင်တဲ့အတွက်ကြောင့်အခုလို သိမ်းကြတာပါ။ဒါပေမယ့် ဒီလိုအသီးတွေရဲ့ တကယ့်အရသာစစ်စစ်ကို ခံစားချင်ရင်တော့အခန်းအပူချိန်တိုင်း ထားတာအကောင်းဆုံးပါ။လေ့လာတွေ့ရှိချက်တစ်ချို့မှာဆိုရင်တော့ ဒီလိုအသီးတွေ ကို ရေခဲသေတ္တထဲမှာ ထည့်သိမ်းရင် သူ့မှာပါတဲ့ antioxidant တွေက လျှော့နည်းသွားတတ်ပါတယ်။ဒါကြောင့် ပိုပြီး ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေအကျိုးများစေချင်ရင်တော့ ရေခဲသေတ္တာထဲမထည့်ပဲ ဒီအတိုင်းစား တအကောင်းဆုံးပါ။ခွဲပြီးသွားရင်တော့ ရေခဲသေတ္တထဲမှာ သုံးရက်ကနေ လေးရက်အထိ ထက်ပိုပြီး သိမ်းထားတာ မကောင်းပါဘူး။
အာလူး
![]()
Image By Couleur (pixabay)
အာလူးဆိုတာမျိုးကအလင်းရောင် မစူးတဲ့ ခပ်မှောင်မှောင်၊အေးမြခြောက်သွေ့တဲ့ ပတ်ဝန်းကျင်မျိုးမှာ သိမ်းထား သင့်တဲ့အရာပါ။ရေခဲသေတ္တာဆိုတဲ့ နေရာမျိုးကအရမ်းအေးလွန်းတာကြောင့်အာလူးကို ထည့်ထားဖို့ မသင့်တော်ပါဘူး။
ပေါင်မုန့်
![]()
Image By DomAlberts (pixabay)
ပေါင်မုန့်ဆိုတာ မျိုးက ကြာကြာအထားခံတဲ့ စားစရာမျိုးမဟုတ်ပါဘူး။မှိုတတ်လွယ်တတ်တဲ့ စားစရာမျိုးပါ။ပေါင် မုန့်ကိုေ ရခဲသေတ္တာထဲ ထည့်သိမ်းလိုက်မယ်ဆိုရင် ပေါင်မုန့်ကအေးခဲပြီး မာမာကြီးဖြစ်သွားတတ်တာမို့ သူ့ကိုလဲ ရေခဲ သေတ္တာထဲ မထည့်သင့်ပါဘူး။
မြေပဲ
မြေပဲ ကလည်း ရေခဲသေတ္တာထဲ မှာ ထည့်မသိမ်းသင့်ပါဘူး။ကြာကြာခံအောင်လို့ ရေခဲသေတ္တာထဲမှာ သိမ်းတာ ဆိုပေမယ့် မြေပဲ ကို ရေခဲသေတ္တာထဲမှာ ကြာကြာထားရင် သူ့ရဲ့ မူလအနံ့အရသာက လျှော့ ပါး ပျောက်ကွယ် သွားတတ်ပါတယ်။ရေခဲသေတ္တာထဲက တခြား ပစ္စည်းတွေရဲ့အနံ့တွေကို စုပ်ယူပစ်လိုက်တာကြောင့် စားရတာအရာသာ ပေါ့သွားတတ်ပါတယ်။သူ့ကိုလည်းအခန်းအပူချိန်မှာပဲ ထားပေးရင် လုံလောက်ပါပြီ။
ပန်းသီး
![]()
Image By 955169 (pixabay)
ပန်းသီးကတော့ ရေခဲ သေတ္တာထဲမှာပဲအထားများကြပါတယ်။ဒါပေမယ့် ဒါကလည်း ပန်းသီးရဲ့ မူလအရသာကို ထိခိုက် စေတတ်ပါတယ်။ပန်းသီးရဲ့ ပင်ကိုယ်ကျွတ်ကျွတ်ရွရွအရသာဟာ ရေခဲသေတ္တာထဲမှာ ကြာကြာ ထားရင် ထိခိုက်သွားတတ်ပါတယ်။ပန်းသီးက ရေခဲသေတ္တာထဲမှာ ထည့်မထားပဲအခန်းအပူချိန်တိုင်းထားရင်လည်း ကြာကြာအထားခံ တဲ့အသီးမျိုးပါ။
ကော်ဖီ
တစ်ခါတလေကျရင် ကော်ဖီထုပ်တွေကိုလည်း ရေခဲသေတ္တာထဲမှာ သိမ်းထားမိတတ်ကြပါတယ်။ကော်ဖီကလည်း မသိမ်းသင့်တဲ့အရာတစ်ခုပါ။ရေခဲသေတ္တာထဲ ထည့်လိုက်ရင်အထဲကအအေးတွေ နဲ့ ငွေ့ရည်ရည်ဖွဲ့ ပေါင်းချွေးဖြစ်သွာ ရင် ကော်ဖီရဲ့အရသာကို ပျက်သွားစေပါတယ်။
ပျားရည်
![]()
Image By Daria-Yakovleva (pixabay)
ပျားရည်ကတော့ ပုရွတ်ဆိတ်တွေ လာမှာစိုးလို့ ရေခဲသေတ္တာထဲမှာ ထည့်သိမ်းတတ်ကြပါတယ်။တကယ်တော့အဲ့လို မလုပ်သင့်ပါဘူး။ရေခဲသေတ္တာထဲကို ထည့်လိုက်ရင် ပျားရည်ကအခဲ ဖြစ်ပြီး ပျစ်သွားတတ်ပါတယ်။ကြာကြာ ထားရင် တော့ ပုံဆောင်ခဲကြီးဖြစ်သွားနိုင်တာမို့အသုံးပြုရတာအဆင်မပြေ တော့ပါဘူး။ဒါကြောင့်အခန်းအပူချိန် တိုင်း သိမ်းထားတာအကောင်းဆုံးပါ။
Ref:research/foods