ဆူရှီစားရင်ဘယ်လို ကောင်းကျိုးတွေခံစားရနိုင်လဲ
trend.com.mm
|
2019-08-24



အစားသောက်ကြိုက်နှစ်သက်တဲ့ လူတွေအတွက်အစားသောက်ကလည်း ပြန်လည်ပြီးအကျိုးပြုတာတွေရှိပါတယ်။အစားသောက်တွေထဲမှာ ဂျပန်အစားအစာတစ်ခုဖြစ်တဲ့
ဆူရှီဟာ လည်းမြန်မာလူမျိုးတွေကြားရေပန်းစားနေတဲ့အစားစာတစ်မျိုးပဲဖြစ်ပါတယ်။ ဆိုတော့ကိုယ်ကြိုက်တဲ့အစားစာလေးကိုစားလည်းစားရင်း ဘယ်အကျိုးကျေးဇူးတွေ
ရနိုင်လည်းဆိုတာ ကိုလည်းလေ့လာကြည့်ပါ…
ဆူရှီလေးစားရင် ဘာတွေအကျိုးုရှိလဲ?
(၁) ခန္ဓာကိုယ်အလေးချိန်ကိုထိန်းပေးနိုင်တယ်
ဆူရှီမှာပါတဲ့ ကယ်လိုရီဟာအလွန်နည်းပါးတာကြောင့် body လေးကို ဝိတ်တက်မှာဆိုးတဲ့မမတို့အတွက်အရမ်းသင့်တော်ပါတယ်။


(၂) ကြွက်သားတွေကိုသန်မာစေတယ်
ဆူရှီထမင်းလိတ်မှာထမင်းဟာ ပလိုတင်းဓာတ်ပြည့်ဝစေပါတယ်။နောက်ပြီး ထမင်းပြင်တစ်ခြားသော ငါးအသားလွှာ၊ပုစွန်လွှာတို့မှာ ပါတဲ့ဓာတ်တွေဟာ ကြွက်သားကိုသန်မာစေပြီးအရိုးကြီးထွားစေပါတယ်။
(၃) ကိုယ်ခံအားပြည့်ဝလာမယ်
ဆူရှီထဲမှာရောထည့်ထားတဲ့ ဟင်းသီးဟင်းရွက်ရဲ့လတ်ဆက်မှု ဟာ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ကာဗွန်ဟိုက်ဒရိုက်တွေကို ဖယ်ရှားပေးတာကြောင့် ကိုယ်ခံအားပိုမိုကောင်းလာနိုင်ပါတယ်။
(၄) ဓာတ်ပေါင်းစုံ ပြည့်ဝတယ်
အသီးအရွက်ထဲမှာရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးတဲ့အန်တီအောက်စီဒန့်(antioxidants ) ပါဝင်ပြီးဆူရှီတစ်ခုလုံးကို ခြုံငုံကြည့်ရင် magnesium, iodine နဲ့copper စတဲ့ခန္ဓာကိုယ်အတွက်အကျိုးရှိစေတဲ့
အရာတွေပါ ပါရှိတာကြောင့် ဓာတ်ပေါင်းစုံပြည့်ဝတဲ့စားစရာလို့လည်းသတ်မှတ်နိုင်ပါတယ်။
(၅)အစာကြေလွယ်တယ်
ဆူရှီဟာနူးညုံတဲ့အစားစာဖြစ်ပြီး ပါဝင်တဲ့အရာတိုင်းကလည်းအစာချေအားအများကြီးသုံးစရာမလိုပဲအလွန်တကူအစာကြေလွယ်စေတဲ့အစားအစာဖြစ်ပါတယ်။




Unicode


အစားသောက်ကြိုက်နှစ်သက်တဲ့ လူတွေ အတွက် အစားသောက်ကလည်း ပြန်လည်ပြီးအကျိုးပြုတာတွေရှိပါတယ်။ အစားသောက်တွေထဲမှာ ဂျပန်အစားအစာတစ်ခုဖြစ်တဲ့
ဆူရှီဟာ လည်းမြန်မာလူမျိုးတွေကြားရေပန်းစားနေတဲ့အစားစာတစ်မျိုးပဲဖြစ်ပါတယ်။ ဆိုတော့ကိုယ်ကြိုက်တဲ့ အစားစာလေးကိုစားလည်းစားရင်း ဘယ်အကျိုးကျေးဇူးတွေ
ရနိုင်လည်းဆိုတာ ကိုလည်းလေ့လာကြည့်ပါ…
ဆူရှီလေးစားရင် ဘာတွေ အကျိုးုရှိလဲ?
(၁) ခန္ဓာကိုယ် အလေးချိန်ကိုထိန်းပေးနိုင်တယ်
ဆူရှီမှာပါတဲ့ ကယ်လိုရီဟာ အလွန်နည်းပါးတာကြောင့် body လေးကို ၀ိတ်တက်မှာဆိုးတဲ့မမတို့အတွက် အရမ်းသင့်တော်ပါတယ်။
(၂) ကြွက်သားတွေကိုသန်မာစေတယ်
ဆူရှီထမင်းလိတ်မှာထမင်းဟာ ပလိုတင်းဓာတ်ပြည့်ဝစေပါတယ်။နောက်ပြီး ထမင်းပြင်တစ်ခြားသော ငါးအသားလွှာ၊ပုစွန်လွှာတို့မှာ ပါတဲ့ဓာတ်တွေဟာ ကြွက်သားကိုသန်မာစေပြီး အရိုးကြီးထွားစေပါတယ်။
(၃) ကိုယ်ခံအားပြည့်ဝလာမယ်
ဆူရှီထဲမှာရောထည့်ထားတဲ့ ဟင်းသီးဟင်းရွက်ရဲ ့လတ်ဆက်မှု ဟာ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ကာဗွန်ဟိုက်ဒရိုက်တွေကို ဖယ်ရှားပေးတာကြောင့် ကိုယ်ခံအားပိုမိုကောင်းလာနိုင်ပါတယ်။
(၄) ဓာတ်ပေါင်းစုံ ပြည့်ဝတယ်
အသီးအရွက်ထဲမှာရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးတဲ့ အန်တီအောက်စီဒန် ့(antioxidants ) ပါဝင်ပြီးဆူရှီတစ်ခုလုံးကို ခြုံငုံကြည့်ရင် magnesium, iodine နဲ ့copper စတဲ့ခန္ဓာကိုယ်အတွက် အကျိုးရှိစေတဲ့
အရာတွေပါ ပါရှိတာကြောင့် ဓာတ်ပေါင်းစုံပြည့်ဝတဲ့စားစရာလို့လည်းသတ်မှတ်နိုင်ပါတယ်။
(၅) အစာကြေလွယ်တယ်
ဆူရှီဟာနူးညုံတဲ့အစားစာဖြစ်ပြီး ပါဝင်တဲ့အရာတိုင်းကလည်း အစာချေအားအများကြီးသုံးစရာမလိုပဲ အလွန်တကူ အစာကြေလွယ်စေတဲ့ အစားအစာဖြစ်ပါတယ်။




Some text some message..