အစာအိမ်ရောင်ခြင်း
healthcare.com.mm
|
2019-08-27


လူသားတို့အသက်ရှင်စေရန် နေ့စဉ်အစားနေကြရသည်။ ထိုအစာများကိုကြေစေရန် ခြေပေးနိုင်သောအလုပ်ကိုလုပ်သောအစာအိမ်သည် ကျန်းမာနေစေရန်အထူးအရေးကြီးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိ၏အစာအိမ် ကျန်းမာရေးကိုအထူးအစဉ်အမြဲ ကောင်းမွန်စေရန်အစားအသောက်များကို ဆင်ခြင်စားသုံးပေးရန် လိုအပ်သည်။အစားအသောက်မဆင်ခြင်ပါကအစာအိမ်ကိုထိခိုက်ကာ ရောင်ခြင်း၊ နာခြင်းနှင့် ရောဂါများ ရလာစေနိုင်သည်။အစာအိမ်ရောင်ခြင်း၊ နာခြင်းဖြစ်စေသည့်အကြောင်းအရင်းများစွာ ရှိပါတယ်။အစာအိမ်ကို ထိုးနှက်နိုင်သောအရည်၊အစပ် စားခြင်း၊အရက်အလွန်အကျွံ သောက်ခြင်း၊ ဆေးနှင့်ဓာတုဗေဒ ဆေးဝါးနှင့် ရောဂါပိုးမွှားများကြောင့် ဖြစ်နိုင်ခြင်း၊အချဉ်အစပ်အလွန်အကျွံစားမိခြင်း၊ နာခြင်းကို ဖြစ်စေနိုင်သည်။အဓိကအားဖြင့်အကိုက်အခဲပျောက်ဆေးများသည်အစာအိမ်ကို ထိခိုက်စေနိုင်သောကြောင့် သောက်သုံးရသည့်အခါအထူးသတိထားရန်လိုမည်။အစာအိမ်ရောင်သူများသည် ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း ၊ ပျို့အန်ခြင်း၊ ဝမ်းမည်းသွားခြင်း၊အစာမကြေခြင်း၊ ဗိုက်နာ၊ ဗိုက်အောင့်ခြင်း စသော ရောဂါလက္ခဏာများ ခံစားရတတ်သည်။ နာတာရှည်အစာအိမ်ရောင်သူများမှာ မကြာခဏ မနက်ပိုင်းအိပ်ရာထချိန်တွင် (သို့) ဆာလောင်မှုပြင်းထန်နေသည့်အချိန်များတွင် ပို၍အန်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ဖြစ်သည်။ ဆရာဝန်ညွှန်ကြားချက် နာတာရှည်အစာအိမ်ရောင်နေသူများသည် နေ့စဉ် ထမင်းသုံးနပ်စားခြင်းမှ တစ်နပ်လျော့၍ စားသုံးပေးသင့်သည်။အနားယူချိန် များများလိုအပ်သည့်အပြင်အနားယူချိန်တွင်လည်း လုံလောက်စွာအနားရရန်အရေးကြီးသည်။ ရေငတ်နေချိန်တွင် တစ်ကြိမ်တည်းနှင့် ရေအများကြီးမသောက်သုံးရ။အစာအိမ်ရောင်ရမ်းခြင်း ကောင်းမွန်သွားစေရန်အစားများစွာစားသုံးခြင်းကို လျှော့ပါ။အစာဝင်မှုနည်းလျှင်အစာအိမ်အခြေအနေ ပိုကောင်းပါတယ်။အစာအိမ်ရောင်နေချိန်တွင် မနက်စာနှင့်ညစာ နှစ်နပ်ကိုသာ စားသုံးသင့်ပါသည်။ ပါးပါးအစားအစာကို သာစားသင့်သည်။အဝမစားသင့်ပါ။ မအိမ်ခင်နှစ်နာရီအတွင်းအစားမစားသင့်ပါ။အစာကိုအချိန်မှန်မှန် စားသုံးသောအကျင့် လုပ်ထားပေးပါ။ ကောက်ညှင်းနှင့် မာသောအစာများကို မစားသင့်ပါ။ ထိုအစာများသည်အစာခြေရန်မလွယ်ကူသဖြင့်အစာခြေနိုင်ရန်လွယ်ကူသောအစာများကို ရွေးချယ်စားသုံးပေးပါ။ ညစာအဖြစ် ဆန်ပြုတ်စားခြင်းကသာ ပိုသင့်လျော်ပါသည်။အစာအိမ်ရောင်နေချိန်တွင် နွေးသောအစာများကို စားသုံးရန် သင့်လျော်ပါသည်။အမျှင်ဓာတ်ပါသောအစာ၊ ပျော့ပျောင်းသောအစာ၊အစာခြေရန် လွယ်ကူသောအစာများကို စားသုံးပေးခြင်း သည်အစာအိမ်ကို ပိုအနားရစေနိုင်သည်။အစာအိမ်ရောင်တတ်သူများသည်အချဉ်နှင့်အချို ပိုမြင့်မားစွာပါသောအစားအစာများကို မစားသင့်ပါ။အဘယ်ကြောင့်ဆိုသော်အစာအိမ်ကို ထိုးနှက်မှု ပိုစေနိုင်၍ဖြစ်သည်။ ထိုအစားအစာများကို မဖြစ်မနေစားမည် ဆိုပါက ထမင်းစားပြီးသည့်အချိန်မှ စားပေးသင့်သည်။ လိုအပ်သောဓာတ်များအစာအိမ်ရောင်နေသူများသည် ဗီတာမင် A,B,C,D,E ဗီတာမင် K၊ EPA၊ သံဓာတ်၊ မဂ္ဂနိဓာတ်၊ DHA နှင့် ဇင့်ဓာတ် တို့လိုအပ်ပါသည်။ စားသင့်သောအစာအစာအိမ်ရောင်နေသူများသည် ငါး၊အဆီမပါသောအသား၊ ကလီစာ၊ ကြက်ဥပြုတ်၊ ကြာစွယ်၊ ဟင်းနုနယ်၊ သင်္ဘောသီး၊ စပျစ်သီး၊ ပန်းသီး၊ သစ်တော်သီး၊ ပဲနို့၊ ပဲပြား၊ ဂျုံပါသောအစားအစာတို့ စားပေးသင့်ပါသည်။ မစားသင့်သောအစာအစာအိမ်ရောင်နေသူများသည်အသားကင်၊ ဘဲကင်၊ ကြက်ကြော်၊အဆီပါအသား၊ နံနံပင်၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ငရုတ်ကောင်းမှုန့်၊အရက်၊အအေး၊ ကော်ဖီ၊ လက်ဖက်ရည်အပျစ်၊ ကိတ်မုန့်၊ မုန့်လုံးရေပေါ်၊ ကောက်ညှင်းထုတ်၊ ချောကလက်၊ ရေခဲ၊အာလူးကြော်၊ ဘီစကွတ်မုန့်၊အချိုအစားအစာများ မစားသင့်ပါ။ သတိပြုရန် နာတာရှည်အစာအိမ်ရောင်သူများသည် နွားနို့ပမာဏများစွာ မသောက်သင့်ပါ။အဘယ်ကြောင့်ဆိုသော် နွားနို့သောက်ပြီး မိနစ် ၂ဝ၊ ၃ဝအတွင်းအစာအိမ်ကို နွားနို့၏ ထိုးနှက်မှုကြောင့်အစာအိမ်ကို ပိုပြီးအချဉ်ပေါက်စေနိုင်သောကြောင့် ဖြစ်သည်။ ဓာတ်စာ ၁။ ပျားရည်ပျားရည်ကို ဖျော်ရည်လုပ်သောက်ပေးနိုင်သည်။ ပျားရည်သည်အစာအိမ်အမြှေးပါးကို ကာကွယ်ထိန်းသိမ်းပေးသောအစားအစာဖြစ်သည်။အစာအိမ်အချဉ်ပေါက်ခြင်းကို ထိန်းညှိပေးနိုင်သည်။အစာအိမ်ကို ထိုးနှက်မှုများရှိလာပါက ပျားရည်က တားမြစ်ပေးနိုင်သည်။အစာအိမ်မကျန်းမာခြင်းကိုလည်း သက်သာစေရန် ပျားရည်က ပြုလုပ်ပေးနိုင်သည်။ ၂။ ကြာစွယ်၊ ပျားရည်ပြုတ် ပါဝင်ပစ္စည်း ကြာစွယ် ၂ဝဝ ဂရမ်၊ ရေကျက်အေးအနည်းငယ်၊ ပျာရည်တစ်ဇွန်း။ ပြုလုပ်နည်း ကြာစွယ်ကို ရေစင်အောင်ဆေး၍ ရေနွေးဆူဆူတွင် နှစ်မိနစ်၊ သုံးမိနစ်ခန့် ထည့်ပြုတ်ပြီး ပြန်ဆယ်ထားကာ ပါးပါးအချပ်လေးများဖြစ်အောင် လှီးထားပါ။ ၎င်းနောက်အိုးတစ်လုံးထဲသို့ ရေကျက်အေးထည့်၍ ဆူအောင်တည်ပါ။ ရေဆူလာလျှင် ကြာစွယ်ထည့်၍ ကျက်အောင်ချက်ပါ။ ကျက်ပါက စားမည့်ပန်းကန်သို့ထည့်ကာ ထိုထဲသို့ ပျားရည်တစ်ဇွန်း ထည့်မွှေကာ စားသုံးနိုင်ပါသည်။ ကောင်းကျိုး ကြာစွယ်သည်အစာအိမ်၊အူမကြီးကို ကျန်းမာစေရန် ကာကွယ်ပေးသည်။အစာချေရန် ကူညီပေးသည်။ ကိုယ်ခံအားကို တိုးစေမည်။ ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားပေးကာအစာအိမ်ကို ကောင်းမွန်စေရန် ပြုပြင်ပေးနိုင်၍အစာအိမ်ပိုင်းကို ကောင်းကျိုးများစေရန် ပြုလုပ်ပေးနိုင်သည်။ Credit : ယမုံအေး (စမ်းချောင်း)သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..