![]()
ကမ္ဘာပေါ်မှာ ဘာတွေဖြစ်ခဲ့တယ်၊ ဘာတွေပျက်ခဲ့တယ်ဆိုတာကို ပြောဖို့အတွက်ကအဆုံးမရှိနိုင်အောင်ပါပဲ။အချိန်တိုင်း၊ နေရာတိုင်းမှာ ဖြစ်နေတဲ့ သမိုင်းကြောင်းဆိုင်ရာတွေဟာအမြဲဖြစ်ပေါ်နေတာမို့လို့ ပြည့်စုံအောင်ပြောပြနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။အဲဒီလို များပြားလှတဲ့ သမိုင်းကြောင်းဆိုင်ရာတွေထဲကမှ ကောင်းနိုးရာရာကို ကောက်နှုတ်ပြီး Shwemom ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
Pinterest
ရေခဲချောင်းကို စတင်တီထွင်ခဲ့သူ
ကျွန်တော်တို့ မြင်တွေ့နေရတဲ့ ရေခဲချောင်းကို စတင်တွေ့ရှိသူက သိပ္ပံပညာရှင်လည်းမဟုတ်၊အတတ်ပညာရှင်လည်း မဟုတ်၊ ပါမောက္ခတစ်ယောက်လည်း မဟုတ်ပါဘူး။ တကယ်တော့ ရေခဲချောင်းကို စတင်တီထွင်ခဲ့သူကတော့အသက် ၁၁ နှစ်သာရှိသေးတဲ့ Frank Epperson ဆိုတဲ့ ကလေးငယ်တစ်ယောက်ပါ။ ယနေ့ခေတ်မြင်တွေ့နေရတဲ့ ရေခဲချောင်းဖြစ်ပေါ်လာပုံကလည်းအဆန်းပါပဲ။
အဆိုပါ Frank Epperson ဆိုတဲ့ ကလေးမလေးဟာ ဖန်ခွက်အလွတ်တစ်လုံးထဲမှာ ဆိုဒါမှုန့်အနည်းငယ်နဲ့ ရေကို ထည့်ထားပြီးအထဲမှာ တုတ်တစ်ချောင်းကိုပါ စိုက်ပြီးအိမ်အပြင်ဘက်မှာ တစ်ညလုံး ပစ်ထားမိခဲ့ပါတယ်။အေးခဲတဲ့အရပ်ဒေသဖြစ်တာကြောင့် မနက်ရောက်တဲ့အခါ ရေခဲနေတဲ့အဆိုပါအရာကို မြင်တွေ့ခဲ့ရပြီးအရသာကို မြည်းစမ်းကြည့်တဲ့အခါမှာအလွန်ထူးခြားတဲ့အရာတစ်ခုအဖြစ် တွေ့ရှိခဲ့ရတာပါတဲ့။အဲဒီအရာလေးဟာ နှစ်များစွာ ကြာတဲ့အခါ ကျနော်တို့ မြင်တွေ့နေကျ ရေခဲချောင်းဖြစ်လာခဲ့ပြီး Epsicle လို့ မူလက ခေါ်ဝေါ်ခဲ့ပါတယ်။
![]()
wikimedia commons
ရေဘဝဲတွေမှာ နှလုံးသား ၃ ခုပါတယ်
နှလုံးသားတစ်ခုတည်းတင်ပါတဲ့ လူတွေအတွက် ဒီနှလုံးသားလေးတစ်ခုအတွက်အပြင်းအထန် တိုင်ပတ်နေကြချိန်မှာ ရေဘဝဲဆိုတဲ့အကောင်မှာ နှလုံးသား သုံးခုတောင်ပါပါသတဲ့။ မကြာခဏ ချစ်သူနဲ့ ပြတ်ပြီးအသည်းကွဲနေတဲ့သူတွေ ရေဘဝဲဖြစ်သွားရင် သူတို့ဘဝက မတွေးရဲစရာပါပဲ။ ရေဘဝဲဆိုတဲ့အကောင်ရဲ့ သွေးကလည်းအပြာရောင်ပါတဲ့။
![]()
HistoryChannel/YouTube
ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက်အမည်စာရင်းတင်သွင်းခံရတဲ့ ဟစ်တလာ
ဒီလောက် သန်းနဲ့ချီတဲ့လူတွေကို သတ်ဖြတ်ထားတဲ့ ဟစ်တလာလို လူမျိုးဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက်အမည်စာရင်းတင်သွင်းခံခဲ့ရပါတယ်တဲ့။ သမိုင်းကြောင်းမှာအင်မတန်ရယ်စရာကောင်းတဲ့အဖြစ်အပျက်ပါပဲ။ ဒါပေမယ့် ဒါဟာ တကယ့်ကိုအမည်စာရင်းတင်သွင်းခဲ့တာပါ။
တင်သွင်းခဲ့သူကတော့ ဆွီဒင်နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး ဟစ်တလာကို ငြိမ်းချမ်းရေးနိုဘယ်ဆုစာရင်းမှာ ပါဝင်ဖို့ recommendation letter တွေပါ ရေးခဲ့ပါသေးတယ်။
![]()
wikimedia commons
ကျောက်ပုစွန်တွေရဲ့လျှာဟာအရသာခံလို့ မရ
သတ္တဝါအများစုရဲ့ လျှာဟာအာရုံခံစနစ်အတွက်အလုပ်လုပ်ကြပေမယ့် ကျောက်ပုစွန်တွေအတွက်တော့ မဟုတ်ခဲ့ပါဘူး။ ကျောက်ပုစွန်တွေဟာ လျှာနဲ့အရသာမခံကြဘဲ ခြေထောက်နဲ့အရသာခံတတ်ကြပါတယ်တဲ့။ ပိုပြီးအံ့သြစရာကောင်းတဲ့အချက်ကတော့ သူတို့မှာအစာအိမ်သုံးခုတောင် ပါရှိပြီးအစာအိမ်ထဲမှာ သွားတွေလည်း ရှိပါတယ်တဲ့လေ။ ဘယ်လိုသတ္တဝါအမျိုးအစားပါလဲ။
![]()
istock/pexels
ဝေလငါးတစ်ကောင်ရဲ့လျှာအလေးချိန်က ဆင်တစ်ကောင်ရဲ့အလေးချိန်နဲ့ တူညီ
ကမ္ဘာကြီးပေါ်မှာအကြီးဆုံးသတ္တဝါလို့ ပြောလိုက်ရင် ဝေလငါးတွေလို့ ဖြေကြမှာပါ။ ဟုတ်ပါတယ်။ ကမ္ဘာပေါ်က သက်ရှိတွေထဲမှာအကြီးဆုံးသတ္တဝါက ဝေလငါးပါပဲ။အဲဒီဝေလငါးတစ်ကောင်ရဲ့ လျှာအလေးချိန်ကအရွယ်ရောက်ပြီးသား ဆင်တစ်ကောင်ရဲ့အလေးချိန်နဲ့ တူညီပါတယ်တဲ့။
![]()
wikimedia commons
အီဖယ်မျှော်စင်ကို ဘာစီလိုနာမှာ ဆောက်ဖို့ စီစဉ်ခဲ့
ပြင်သစ်နိုင်ငံရယ်လို့ ကြားလိုက်ရင်း ချက်ချင်းပြေးမြင်မိမှာကအီဖယ်မျှော်စင်ကြီးပဲ ဖြစ်မှာပါ။ မြို့လည်ခေါင်မှာ ချွန်ချွန်ကြီး ထွက်နေတဲ့အဆိုပါ မျှော်စင်ဟာ ပြင်သစ်နိုင်ငံရဲ့ သင်္ကေတလို့ ဆိုရရင်လည်း မှားမယ် မထင်ပါဘူး။ ဒါပေမယ့်အဲဒီအီဖယ်မျှော်စင်ကြီးဟာ ကနဦးက ဘာစီလိုနာမြို့မှာ တည်ဆောက်ဖို့ စီစဉ်ခဲ့ပါတယ်တဲ့။ မျှော်စင်ရဲ့အခြေခံဒီဇိုင်းကို ဘာစီလိုနာမြို့သူမြို့သားတွေကို ပြကြည့်ချိန်မှာတော့ “မျှော်စင်ကြီးက ပုံတုံးကြီး” ဆိုတဲ့အကြောင်းပြချက်နဲ့ ဆောက်လုပ်ဖို့ ငြင်းပယ်ခဲ့ပါသတဲ့။
Ye Yint Kyaw
Ref : Wikipedia , MentalFloss , mrsgeek