ဝိုင်သောက်ခြင်းနဲ့ ကျန်းမာရေး
yoyarlay.com
|
2018-09-16

ဝိုင်ကြိုက်တဲ့ ကိုကို၊ မမတွေအတွက်တော့ ဝမ်းနည်းစရာပါပဲ။ တစ်ပတ်ကို ဝိုင် (၁၀) ခွက်နဲ့အထက်သောက်သုံးခြင်းဟာ သင်မျှော်မှန်းထားတဲ့အသက်ထက်

(၂) နှစ်ပိုစောပြီး သေဆုံးစေနိုင်တယ်လို့ မှတ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ တစ်နည်းအားဖြင့် "စိတ်ချရတဲ့ပမာဏထက် ပိုလို့သောက်သုံးမယ်ဆို စီးကရက်လိုမျိုးပဲ တစ်ယူနစ်တိုင်းမှာ သင့်ကိုအသက် (၁၅) မိနစ်တိုစေနိုင်ပါတယ်" လို့ The Daily Telegraph ရဲ့ သိပ္ပံပညာရပ်အယ်ဒီတာ ဆာရာ နတ်ပ်တွန် (Sarah Knapton) ကဆိုပါတယ်။

Cambridge တက္ကသိုလ်နဲ့ British Heart ဖောင်ဒေရှင်းတို့ရဲ့. သတိပေးချက်တွေကလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ၎င်းတို့ရဲ့လေ့လာတွေ့ရှိချက်အရအယ်လ်ကိုဟောကို တစ်ပတ် (၁၂.၅) ယူနစ် တနည်းအားဖြင့့် ဝိုင် (၅) ခွက်နှုန်း (သို့) ဘီယာပိုင့်တွေနဲ့သောက်သင့်တယ်လို့ Lancet ကဖော်ပြထားပါတယ်။ ဒီထက်ပိုသောက်မယ်ဆိုရင်တော့အဝလွန်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်ပြီးအသက်အန္တရာယ်ဆုံးရှုံးတဲ့အထိတောင် ဖြစ်နိုင်တယ်လို့ The Guardian ကတင်ပြထားပါတယ်။


Cambridge တက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးဖြစ်သူ ဒေးဗစ် စပီဂယ်လ်ဟောကာ (Dvid Spiegelhalter) ဆိုသူက "တစ်နေ့ (၂) ယူနစ်အထက်သောက်မယ်ဆိုရင်တော့ ငယ်ငယ်ရွယ်ရွယ်သေဆုံးနိုင်ချေက တဖြည်းဖြည်းမြင့်တက်လာမှာပဲ" လို့ပြောကြားခဲ့ပါတယ်။ နိုင်ငံ (၁၉) ခုမှာရှိတဲ့အရက်သောက်တတ်သူ (၆၀၀,၀၀၀) နီးပါးရဲ့ ကျန်းမားရေးဆေးစစ်ချက်ကို ပြုလုပ်ခဲ့တဲ့ သုတေသနမှာတော့ တစ်နည်းအားဖြင့်လည်းအယ်လ်ကိုဟောသောက်သုံးခြင်းဟာ သင့်ကျန်းမာရေးကို ကောင်းစေနိုင်တယ်ဆိုပြီး တွေ့ရှိခဲ့ကြပါတယ်။

(၂၀၁၆) ခုနှစ်ရဲ့ Britain lowered guidelines မှာတော့ ဆေးပညာဌာနရဲ့အကြီးအကဲမှုးဖြစ်တဲ့ ဒိန်း စရေးလ် ဒေးဗစ် (Dame Sally Davies) ဆိုသူက "ယောက်ျားလေးရော၊ မိန်းကလေးရော တစ်ပတ်ကိုအယ်လ်ကိုဟော (၁၄) ယူနစ်ထက်ပိုမသောက်သင့်ဘူးလို့ ဆိုပါတယ်။ ဒီလေ့လာတွေ့ရှိချက်ကအယ်လ်ကိုဟောကို ချင့်ချိန်သောက်သုံးပေးရင် နှလုံးနဲ့ နှလုံးသွေးကြောရောဂါတွေအတွက်အထောက်အကူဖြစ်စေနိုင်တယ်ဆိုတဲ့ တွေ့ရှိထားချက်ကို စိန်ခေါ်သလိုဖြစ်သွားပြီလို့လည်း ဆိုပါတယ်။

မျိုးဆက်သစ်တွေနဲ့ ပုံမှန်အရက်နဲ့မပြတ်သူတွေအတွက်တော့ ဒီအရာဟာအသက်အန္တရာယ်ကိုစိုးရိမ်ရပြီးအသက်တိုစေနိုင်တာဖြစ်လို့ ဆင်ခြင်ကြဖို့ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ဒါဆို ဝိုင်ကများကျန်းမာရေးအတွက် ပိုကောင်းတာလားဆိုပြီးမေးစရာရှိလာပါတယ်။ BBC Health ရဲ့ သတင်းထောက်တစ်ဦးဖြစ်သူအဲလတ်စ် တေရီယံ (Alex Therrien) က "ဆေးဖြစ်ဝါးဖြစ်သောက်သူတွေကတော့ ဘယ်လိုမှသေဆုံးနိုင်ချေ မမြင့်မားလာပါဘူး" လို့ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မှတ်တမ်းတွေကတော့အယ်လ်ကိုဟောကို ချင့်ချိန်သောက်သုံးတာက ကျန်းမားရေးအကျိုးကျေးဇူးရှိပါတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ယုံကြည်ချက်ချုပ်ကို စိန်ခေါ်သွားခဲ့ပါပြီ။ တေရီယံကတော့ "အယ်လ်ကိုဟောသောက်သုံးခြင်းဟာ သေစေနိုင်လောက်တဲ့ နှလုံးရောဂါကိုတောင် လျော့ချပေးနိုင်တဲ့အစွမ်းရှိပါတယ်" လို့ဆိုပါတယ်။ ဒါပေမဲ့လည်း ကောင်းကျိုးထက် ဆိုးကိုးကပိုများနေတာမို့ သိပ္ပံပညာရှင်တွေကအဆိုပါအကျိုးကျေးဇူးကို ထည့်မစဉ်းစားနေတော့ပါဘူး။


အချို့သိပ္ပံပညာရှင်တွေကတော့ ပြီးခဲ့တဲ့လေ့လာတွေ့ရှိချက်အရအနီရောင်ဝိုင်က ကျွန်တော်တို့နှလုံးစွမ်းဆောင်ရည်အတွက်အထောက်အကူဖြစ်စေနိုင်တယ်ဆိုပြီး ယုံကြည်နေကြတယ်လို့ တေရီယံကဆိုပါတယ်။ နောက်ထပ် သုတေသနပြုချက်တစ်ခုမှာဆိုရင်လည်း တစ်ပတ် သုံးကြိမ်ကနေ လေးကြိမ်အတွင်းသောက်ပေးတာက ဆီးချိုရောဂါကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိခဲ့ကြပြန်ပါတယ်။ နောက်ဆုံးသုတေသနပြုချက်ရဲ့ရလဒ်ကိုတော့ ဘယ်သူမှမယုံကြည်ကြသေးပါဘူး။ ဒီရလဒ်က မမှန်ကန်တဲ့ ကောလာဟလတစ်ခုဆိုရင်တော့ လူထုကြားကနေအမြန်ပျောက်ကွယ်သွားသင့်တယ်လို့ The Hearlad သတင်းစာမှာဖော်ပြထားပါတယ်။

ယခုဆိုရင်အယ်လ်ကိုဟောက လူတော်တော်များများရဲ့ ခေတ်သစ်စိတ်အပန်းဖြေစရာတစ်ခု ဖြစ်လို့နေပါပြီ။ စိတ် ဖိစီးမှုတွေများပြားလှတဲ့ လောကကြီးထဲ ချောကလတ်တစ်တောင့်၊ ဝိုင်တစ်ခွက်နဲ့ ဘာဂါတစ်လုံးကနေရလိုက်တဲ့ လောကစည်းစိမ်ကြောင့် ဘယ်လောက်စိတ်သတ်သာရသွားလဲဆိုတာကိုတော့ တိုင်းတာရခက်ပါတယ်လို့ ဆိုပါတယ်။

Ref: newsrepublic "Is drinking wine good or bad for your health"

Po Mo Htoo Aung (ရိုးရာလေး)




Some text some message..