တစ်အိမ်သားလုံးအတွက် ဒုက္ခအရောက်ရဆုံးအချိန်ဟာအိမ်သာပိုက်ပိတ်တဲ့အချိန်ပဲ ဖြစ်ပါတယ်။ ရေဆွဲချလိုက်ရင် ကျသွားတာပဲဆိုတဲ့အထင်နဲ့အိမ်သာပိုက်ထဲကို မလိုချင်တော့တဲ့အရာအားလုံး ပစ်ထည့်ခဲ့သမျှ ပိုက်တစ်ခုလုံး ပိတ်ဆို့သွားမှသာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ပိုက်ပြင်ဆရာ ပြေးခေါ်ရတဲ့အဖြစ်ကို ကြုံဖူးကြမှာပါ။ သို့ပေမယ့်အိမ်သာရေဆင်းပိုက်ကို ပိတ်ဆို့စေမယ်လို့ သင်မထင်ထားတဲ့အောက်ပါပစ္စည်းတွေကလည်းအိမ်သာရေပိုက်ကိုအကြီးအကျယ် ဒုက္ခပေးနိုင်တယ်ဆိုတာရော သတိပြုမိပါရဲ့လား။
![]()
သွားကြားသန့်ရှင်းရေးအတွက် သုံးလေ့ရှိတဲ့ သွားပွတ်ကြိုးတွေကိုအိမ်သာရေပိုက်ထဲမှာ စွန့်ပစ်မယ်ဆိုရင် ပမာဏများလာတဲ့အခါ ပိုက်လမ်းကြောင်းတစ်လျှောက်မှာ ချည်မျှင်အလုံးအထွေးကြီးတစ်ခုအဖြစ် ပြောင်းလဲပြီး ပိတ်ဆို့သွားစေနိုင်ပါတယ်။ သွားပွတ်ကြိုးတွေကိုအိမ်သာခွက်ထဲ စွန့်ပစ်တာဟာ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။အထူးသဖြင့် သဘာဝချည်မျှင် မဟုတ်ဘဲ ဓာတုအခြေခံထုတ်လုုပ်ထားတဲ့ သွားပွတ်ကြိုးမျိုးတွေဆိုရင်အလွယ်တကူ မပကျ်စီး၊ မဆွေးမြေ့နိုင်တဲ့အတွက် ရေဆင်းပိုက်ထဲမှာ ကာလကြာရှည် ပိတ်ဆို့နေစေပါလိမ့်မယ်။
![]()
ပီကေတွေ ဝါးပြီးအချိုကုန်သွားတဲ့အခါ လွယ်လွယ်ကူကူပဲအိမ်သာခွက်ထဲ ထွေးချလိုက်တာမျိုး မလုပ်သင့်ပါဘူး။ ပီကေဟာ ရေမှာ မပျော်ဝင်နိုင်တဲ့အတွက် ပိုက်နံရံတွေမှာ ကပ်တွယ်ပြီး ရေဆင်းမယ့် လမ်းကြောင်းကို ပိတ်ဆို့ထားနိုင်ပါတယ်။
![]()
အိမ်မှာအလှမွေးငါးလေးတွေ မွေးထားတဲ့သူတွေ ကြုံဖူးမယ့်ကိစ္စမျိုးပါပဲ။ ငါးလေးတွေ သေသွားရင်ဖြစ်ဖြစ်၊ တစ်ခါတစ်လေ စိတ်ရူးပေါက်ပြီးပဲဖြစ်ဖြစ် ငါးတွေကိုအိမ်သာပိုက်ထဲ စွန့်ပစ်မိမယ်ဆိုရင် ပိုက်ထဲမှာအကြီးအကျယ် တစ်ဆို့စေနိုင်ပါတယ်။ တကယ်လို့ ပိုက်ထဲမှာ မပိတ်ခဲ့ရင်လည်း မိလ္လာရေပိုက်ကနေတစ်ဆင့် ရေပြင်ကျယ်ဆီ ရောက်သွားတဲ့အခါ ကန်ထဲကအခြားသော ငါးများကိုပါ သေဆုံးစေနိုင်တဲ့အန္တရာယ် ရှိပါတယ်။
![]()
ထိခိုက်ဒဏ်ရာ တစ်စုံတစ်ခု ရရှိလို့ ကပ်ထားတဲ့အနာကပ်ပလာစတာကိုအများဆုံး ခွာမိတဲ့နေရာဟာ ရေချိုးခန်းနဲ့အိမ်သာတွေပဲ ဖြစ်ပါတယ်။ သာမန်အနာကပ်ပလာစတာတစ်ခုဟာ ဖယောင်း၊ ရာဘာ၊အဆီနဲ့အခြားသော ပါဝင်ပစ္စည်းတွေ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်လို့ ရေဆင်းပိုက်ထဲမှာ ကပ်ငြိပြီး ပိတ်ဆို့စေနိုင်ပါတယ်။
![]()
မျက်ကပ်မှန်တွေဟာ polymers လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးနဲ့ ထုတ်လုပ်ထားတာဖြစ်လို့ နှစ်ပေါင်းများစွာကြာအောင် မပျက်စီးနိုင်ပါဘူး။ မျက်ကပ်မှန်သေးသေးလေးဟာအိမ်သာရေပိုက်ကိုတော့ ပိတ်စေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွမ်းကျင်သူတွေရဲ့အဆိုအရ နှစ်စဉ်နှစ်တိုင်း မျက်ကပ်မှန် တန်(၂၀)ကျော်ဟာအိမ်သာရေဆင်းပိုက်ကနေတစ်ဆင့် စွန့်ပစ်ခံနေရပြီး ရေထုကိုအကြီးအကျယ် ညစ်ညမ်းနေစေတယ်လို့ သိရပါတယ်။
![]()
အိမ်သာခွက်ဟာ ပုံမှန်အားဖြင့် မစင်စွန့်တဲ့နေရာဖြစ်လို့ ကြောင်ရဲ့မစင်ကိုလည်းအတူတူပဲ စွန့်ပစ်လို့ရတယ်လို့ မထင်လိုက်ပါနဲ့။ ကြောင်ရဲ့မစင်ဟာ စွန့်ပစ်ပြီး နာရီအနည်းငယ်ကြာတဲ့အခါအခဲအသွင်ပြောင်းသွားပြီး ပိုက်လိုင်းတစ်နေရာရာမှာ ပိတ်ဆို့နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်အိမ်မှာကြောင်မွေးထားတယ်ဆိုရင် ကြောင်မစင်ကိုအခြားသောအမှိုက်တွေနဲ့အတူအမှိုက်ထုပ်ထဲမှာသာ ရောနှောစွန့်ပစ်သင့်ပါတယ်။
![]()
ရွှံ့စေးကိုအခြေခံပြီး ထုတ်လုုပ်ထားတဲ့ ပေါင်းတင်ဆေးတွေကို လက်ဆေးကန်၊ ဒါမှမဟုတ်အိမ်သာခွက်တွေထဲကို ဆေးမချပစ်သင့်ပါဘူး။ တကယ်လို့ ဆေးချလိုက်မိမယ်ဆိုရင် ရက်ပေါင်းများလာတဲ့အခါ ပိုက်ထဲမှာအပြည့် ခဲပြီးပိတ်နေတဲ့ ရွှံ့ဆေးတွေနဲ့အခက်တွေ့ရပါလိမ့်မယ်။ ဒါကြောင့် မျက်နှာပေါင်းတင်ဆေးရည်ကို လိမ်းကျံပြီး သန့်ရှင်းတဲ့အခါ ပထမဦးဆုံးအဝတ်သန့်နဲ့ သုတ်ပစ်ပြီး ကျန်ရှိနေတဲ့အကြွင်းအကျန်လေးတွေကိုသာ ရေနဲ့စင်အောင် ဆေးပစ်သင့်ပါတယ်။
ဒါလေးတွေကတော့ လူတိုင်းအမှတ်မထင် ပြုလုုပ်တတ်ပြီး မသိလိုက်တဲ့အချိန်အတွင်းမှာ ရေဆင်းပိုက်တွေ ပိတ်ဆို့ပြီးအခက်မတွေ့စေဖို့ မျှဝေပေးထားတဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။အသုံးဝင်တယ်လို့ထင်ရင် သင့်ရဲ့သူငယ်ချင်းမိတ်ဆွေတွေ သိရအောင် share လုပ်ခြင်းဖြင့် ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။
Source: brightside