၃ ပတ်အတွင်း သွေးတိုးရောဂါအရှင်းပျောက်စေမည့် လေးညှင်းပွင့်ရဲ့အစွမ်း
popolay.com
|
2019-05-02
အခုခေတ်မှာ လူကြီးလူငယ်မရွေးခြိမ်းခြောက်နေတဲ့ ရောဂါက သွေးတိုးရောဂါ ဖြစ်ပါတယ်။ သွေးတိုးရောဂါဟာ စားသောက်နေထိုင်မှုပုံစံနဲ့အဓိကဆက်စပ်ပြီးအဲဒီကနေတစ်ဆင့် နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေပါဖြစ်ပွားတတ်ပြီး သတိမထားရင်အသက်သေဆုံးနိုင်တဲ့ထိ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။

သွေးတိုးရောဂါအတွက် သောက်ဆေးတွေနဲ့ တိုင်းရင်းဆေးတွေကလည်း မျိုးစုံရှိပါတယ်။ ဒါပေမယ့် ဘာဆေးတွေပဲသောက်သောက် ထင်သလောက် သိသိသာသာ သက်သာမလာဘူးဆိုရင်တော့ လေညှင်းပွင့်သုံးထားတဲ့ ဖော်ပြပါနည်းလမ်းက သွေးတိုးရောဂါကို သုံးပတ်အတွင်းအရှင်းနီးပါး သက်သာပျောက်ကင်းအောင် ကူညီနိုင်ပါလိမ့်မယ်။

လေညှင်းပင်ဟာ ဆေးဖက်ဝင်အပင်မျိုးဖြစ်ပြီးအပွင့်၊အမှုန့် စသည်ဖြင့် ပုံစံမျိုးစုံအသုံးပြုကြလေ့ရှိပါတယ်။ လေညှင်းကို များသောအားဖြင့်အစားအသောက်ချက်ပြုတ်ရာမှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့လည်း သုံးကြပါတယ်။ လေညှင်းဟာအစာချေစနစ်ကို ပိုကောင်းအာင် လှုံ့ဆော်ပေးသလို နာကျင်မှုတွေကိုလည်း သက်သာပျောက်ကင်းတဲ့အစွမ်းသတ္တိရှိပါတယ်။

ဖော်ပြပါနည်းဟာအလွန်လွယ်ကူပေမယ့် ဆေးစွမ်းထက်ဖို့ဆိုရင်တော့ သုံးပတ်ဆက်တိုက် မပျက်မကွက် လုပ်ဆောင်ဖို့လိုပါတယ်။



ပထမတစ်ပတ်


(ပြင်ဆင်ရန်)
လေးညှင်းပွင့် (၂၂)ပွင့်ကိုအပူခံနိုင်သော ခွက် သန့်သန့်တစ်ခွက်ထဲတွင် ထည့်ပြီး ရေနွေးဆူဆူကိုအပေါ်ကနေ လောင်းချပါ။ ထို့နောက်အဖုံးလုံအောင်အုပ်ထားပြီး တစ်ညသိပ်ထားလိုက်ပါ။



(သောက်သုံးရန်)
နောက်တစ်နေ့မှာအစာမစားမီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ သောက်ပါ။ တစ်ရက် ၃ ကြိမ် (မနက်၊ နေ့လည်၊ ည)သောက်ရမှာဖြစ်ပြီး တစ်ပတ်လုံး နေ့တိုင်း ပုံမှန်သောက်ရပါမယ်။

လေးညှင်းပွင့် စိမ်ထားတဲ့ ရေကို ရေခဲသေတ္တာထဲမှာ သိမ်းထားနိုင်ပြီး ၂ ရက်ထက်ပိုပြီး မသိမ်းရပါ။
ဒါကြောင့် လေးညှင်းပွင့်တွေကို ရေနွေးစိမ်တဲ့အခါ ရေပမာဏကို ၂ ရက်စာလောက်ပဲခန့်မှန်းပြီး ထည့်ဖို့လိုပါတယ်။

၂ ရက်ပြည့်တဲ့အခါ နောက်ထပ် ၂ ရက်စာအတွက်အသစ်ထပ်ပြင်ဆင်ပါ၊ ဒီနည်းအတိုင်း ပထမတစ်ပတ်လုံး သွားရပါမယ်။




ဒုတိယတစ်ပတ်
ဒုတိယအပတ်မှာတော့ လေးညှင့်ပွင့်အနည်းငယ်ထပ်တိုးပါမယ်။ ဒီတစ်ပတ်မှာ (၂၇)ပွင့် သုံးပြီး ပထမတစ်ပတ်က ပြင်ဆင် သောက်သုံးသလိုပဲ တစ်ပတ်လုံး မှန်မှန် သောက်ပါ။အကယ်၍ သောက်နေကျ သွေးကျဆေးရှိလို့ လိုအပ်ရင်လည်း ဆေးပါတွဲသောက်နိုင်ပါတယ်။



တတိယတစ်ပတ်
နောက်ဆုံး တတိယပတ်မှာတော့ လေးညှင်းပွင့် (၃၂)ပွင့် သုံးပြီး ထုံးစံအတိုင်း ပြင်ဆင် သောက်သုံးပါ။

တတိယအပတ်ထိ မှန်မှန်သောက်သုံးလို့ ပြီးသွားပြီဆိုရင်တော့ သွေးတိုးရောဂါရဲ့အခြေအနေ သိသိသာသာကြီး လျော့ပါးသက်သာလာတာကို ခံစားရပါလိမ့်မယ်။
ပို၍ပို၍အရှင်းပျောက်လိုရင်တော့ ဖော်ပြပါနည်းကို ၁ လ သို့မဟုတ် ၂ လ ကြာသည့်အခါ ထပ်မံပြုလုပ် သောက်သုံးနိုင်ပါတယ်။

(ပိုပိုလေး)




Some text some message..