( ၁ )အဟာရရှိပြီးကျန်းမာစွာ နေထိုင်ခြင်းအဟာရရှိမည့်အစားအစာများကို ရွေးချယ်စားသောက်ခြင်းဟာ ကိုယ်ဝန်ရစေဖို့အခွင့်အရေးကိုအလျှင်အမြန် တိုးတက်စေမည့် နည်းတစ်နည်းဖြစ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ် ပေးခြင်းနှင့် ကျန်းမာစွာစားသောက်ခြင်းတွေဟာ သင့်ကိုယ်ခန္ဓာအားအကောင်းဆုံ ပုံစံရစေပြီး ကိုယ်ဝန်ရစေရန်အထောက်အကူပြု ပါလိမ့်မယ်။ မျိုးအောင်ဖို့အတွက်ကိုအထောက်အကူပြုစေဖို့သင်ဟာ သန့်ရှင်း လက်ဆပ်တဲ့အသီးအနှံတွေ၊အရောင်ပေါင်းစုံတဲ့ မတူညီတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးရပါမယ်။ ဘယ်ရီသီးအမျိုးမျိုး၊ ငရုတ်ပွအနီရောင်၊ ခရမ်းချဉ်သီး၊အစိမ်းရောင်အရွက်များစ သည်ဖြင့်အဟာရပြည့်ဝစာများကို မကြိုက်သော်လည်း စားသုံးသင့်ပါတယ်။ ထိုအတူ ဇင့်ဓာတ်ကြွယ်ဝသော ကမာကောင် ကဲ့သို့သောအစားအစာများ၊ ဖော်လစ်( Folic) ကြွယ်ဝသောအစားအစာများဖြစ်တဲ့ ထောပတ်သီး၊ Broccoli ၊ ဟင်းနုနယ်ရွက် ကဲ့သိုသောအစာများကိုလည်း စားသုံးသင့်ပါတယ်။အဟာရဖြစ်စေမည့်အသီးများ၊အသားများဟာ သင့်ကိုအမေ တစ်ယောက်ဖြစ်လာစေဖို့အထောက်အကူဖြစ်စေမှာပါ။ ဒီလိုအစားအသောက် ပုံစံ သုံးမျိုးကို ပုံမှန် တစ်နေ့တာအတွင်းပါဝင်အောင် စားသုံးပေးခြင်းဖြင့် သင့်လိုအင်ဆန္ဒများ ပြည့်ဝလာပါလိမ့်မယ်။ သင့်၏အမျိုးသားကိုလည်း သုတ်ပိုးကို ကျန်းမာ သန်စွမ်းစေမည့် ဗိုက်တာမင် စီ၊အီး ဓာတ်ပါသော ဖြည့်စွက်အစာများကို စားသောက်ဖို့တိုက်တွန်းပါ။ ထို့အတူအမျိုးသားများအနေဖြင့် ပူအိုက်စေသည့်အတွင်းခံဘောင်းဘီများ ဝတ်ခြင်းဟာ သုတ်ပိုးထုတ်လုပ်မှူကို ထိခိုက်စေနိုင်သောကြောင့် ပွသောအတွင်းခံများကိုသာ ဝတ်ဆင်သင့်ပါတယ်။ ( ၂ ) ဗိုက်တာမင် ဆေးများဖြည့်စွက် ပါ။ လိုအပ်သော ဗိုက်တာမင်ဆေးဝါးများ လည်းဖြည့်စွက်သောက်သုံးနိုင်ပါတယ်။အလွန်အကျွံ မဖြစ်စေရန်ကိုတော့ သတိပြုပါ။ Vitamin E Zinc Copper Panthothenic acid Potassium Vitamin A Vitamin C Vitamin D Thiamin B6 Riboflavin Niacinအကောင်းဆုံးကတော့အစားအသောက်များမှ ထိုဓာတ်များကို ရှာဖွေပါ။ ( ၃ ) မှန်ကန်တဲ့ ကိုယ်အလေးချိန်။ ကိုယ်ဝန်ဆောင်ဖို့အကောင်းဆုံး ကိုယ်ခန္ဓာဖြစ်စေရန် ဂရုပြုပါ။ ပိန်လွန်းခြင်း ဝလွန်းခြင်းတွေဟာလည်း သင့်၏က လေးရနိုင်ခြေ ကိုလျှော့နည်းစေပါတယ်။ ထို့အတွက်ကြောင့် ကလေးယူရန်ဆုံးဖြတ်ထားပါက မိမိကိုယ်ခန္ဓာကျန်းမာသော ကိုယ်အလေးချိန်ဖြစ်စေရန် ကြိုးစားတည်ဆောက်ပါ။အမြန်အလေးချိန် လျော့ကျစေနိုင်သော ဆေးများ၊ နည်းလမ်းများကိုတော့အသုံး မပြုသင့်ပါဘူး။ ထို့အတူ သင့်အမျိုးသားလည်း ထိုနည်းအတိုင်း ကျန်းမာသန်စွမ်းစေရန် နေထိုင်ဖို့ တိုက်တွန်းရပါမယ်။ ( ၄ )အရက်၊ ဆေးလိပ်ဖြတ်ပါ။ ကိုယ်ခန္ဓာအား ဆိုးကျိုးဖြစ်စေပြီး ကိုယ်တွင်းအင်္ဂါများတွင်အဆိပ်အတောက်များ ကျန်ရစ်စေမည့် ဆေးလိပ်အရက်၊ မူးရစ်ဆေးဝါးများကို သင်ကော သင်၏အမျိုးသားပါ လုံးဝဖြတ်တောက်ရပါမယ်။ ဒါတွေဟာ သင်တို့ ၂ ဦးစလုံးအတွက် မျိုးအောင်နိုင်ခြေကို များစွာကျဆင်းစေလို့ပဲဖြစ်ပါတယ်။အရက်ဟာလည်းအမျိုးသား၏ သုတ်ပိုးအရည်အသွေးကို များစွာထိခိုက်စေပါတယ်။ ( ၅ ) Caffeine Caffeine ဓာတ်ဟာအမျိုးသမီးများ၏ မျိုးဆက်ပွားခြင်းကို ဘယ်လိုမှ ကောင်းကျိုး မဖြစ်စေပါဘူး၊ caffeine ဓာတ်များသော ကော်ဖီ၊ ချောက်ကလက်အစရှိသည့်အရည်များကို တစ်နေ့ ၄ ခွက်ထက် ပိုမိုသောက်သုံးပါကအမျိုးသမီးများ မျိုးအောင်နိုင်ခြေကို ၂၆% ကျဆင်းစေပါတယ်။ ( ၆ ) ပုံမှန် လိင်ဆက်ဆံခြင်းကိုပြုလုပ်ပါ။အကောင်းဆုံးအကြံပြုချက်ကတော့ တစ်ပတ်လျှင် ၂ ကြိမ် ၃ ကြိမ်ဖြင့်အပတ်တိုင်း ပြုလုပ်ခြင်းဖြင့် သင့်အား ကလေးရစေဖိုအခွင့်အလမ်း ပိုများလာစေပါလိမ့်မည်။ လိင်ဆက်ဆံပြီးပါကလည်း ချက်ခြင်း ထပြီးရေချိုးခြင်း မျိုးထက် ၁ဝ မိနစ် ၁၅ မိနစ်ခန့် လှဲလှောင်းနေပေးပါ။ တချို့တွေကတော့ ခြေ ၂ ချောင်းကို လေထဲတွင် မြှောက်ထားလျှင် ပိုကောင်းသည်ဟု ဆိုကြသော်ငြားလည်း တကယ်တန်းတော့ မလိုအပ်ပါဘူး။ တင်ပါးအောက်တွင် ခေါင်းအုံးကဲ့သို့သော မြင့်တက်လာစေမည့် ပစ္စည်းတစ်ခု ခံထားလျှင်လည်းအဆင်ပြေနိုင်ပါတယ်။အမျိုးသားများ၏ သုတ်ပိုးများဟာ ၇ ရက်လောက် ကူးခတ်အသက်ရှင်နိုင်တာကြောင့် နေတိုင်း ကလေးရစေရန်အတွက်တော့ ကြိုးစားဖို့မလိုအပ်ပါဘူး။ ကျန်းမာသော သုတ်ပိုးများ ရရှိစေဖို့ကို သာကြိုး စားကြစေလိုပါတယ်။ ( ၇ ) ရာသီစက်ဝန်းကို နားလည်သိရှိခြင်းအမျိုးသမီးများအနေ့ဖြင့် ပုံမှန်၂၈ ရက် ရာသီစက်ဝန်းအတွက် ရာသီပေါ်ချိန်အစရက်မှ ( ၁၄ ) ရက်မြောက်နေ့တွင် မျိုးဥကြွေလေ့ရှိပါတယ်။ ထိုရက်တွေမှာ လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရစေမဲ့အကောင်းဆုံး နည်းလမ်းပါ။အမျိုးသား သုတ်ပိုးဟာအမျိုးသမီး၏ ကိုယ်အတွင်း ၇ ရက်လောက်အသက်ရှင်နိုင်ပြီးအမျိုးသမီး၏ မျိုးဥများကတော့ ၁၂ နာရီမှ ၂၄ နာရီအတွင်းသာအသက်ရှင်နိုင်ကြတာပါ။ ထို့အတွက်ကြောင်း သင်တို့နှစ်ဦးအနေနှင့်အကောင်းဆုံးအချိန်မှာအကောင်းဆုံးကြိုးစားခြင်းဖြင့်လည်း ကလေးရစေဖို့အခွင့်အလမ်းများ ဖြစ်ပေါ်စေပါလိမ့်မယ်။ ထို့ကြောင့်အမျိုးသမီးတိုင်း မတူညီနိုင်တဲ့ မိမိ ရက်တွေကို နားလည်တွက်ချက်နိုင်အောင် လုပ်ခြင်းဟာအရေးကြီးဆုံးပါပဲ။ ( ၈ ) ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ လူအများစု ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးဖို့အရမ်းနောင့်နှေးနေ တတ်ပါတယ်။ နီးစပ်ရာ ဆေးမှီးတိုများနဲ့ ကုသတာတွေ၊ စမ်းတဝါးဝါး လုပ်နေတာတွေကိုအချိန်ကိုကြာစေသလို၊ မှားယွင်းတဲ့ ကုသမှူတွေကလည်း သင့်အား ဘေးဖြစ်စေနိုင်ပါတယ်။ ဒါမဖြစ်သင့်ပါဘူး။အထူးကုများနှင့်ပြပါ။ မိမိအခက်အခဲတွေကို ပွင့်လင်းစွာပြောပြပါ။ ဆွေးနွေးပါ။အကူညီတောင်းပါ။ ဒါဟာ မိမိ ဘာဖြစ်နေလည်းဆိုတာ သိပ္ပံနည်းကျကျ တိကျစွာသိနိုင်မဲ့ နည်းတစ်ခုတည်းသော နည်းလမ်းပါ။ ဒါမှလည်း သင်၏အားနည်းချက်လား၊ သင့်အမျိုးသား၏အားနည်းချက်လား ဆိုသည်ကိုသိရှိပြီးအမြန်ဆုံးအကောင်းဆုံးသော နည်းလမ်းများဖြင့် ကိုယ်ဝန်ဆောင်နိုင်စေရန်အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင် မှာဖြစ်ပါတယ်။ တစ်ဖက် ဖက်မှဖြစ်စေ ၂ ဦး လုံးမှဖြစ်စေ ချို့ယွင်းချက်ရှိသူများအနေနဲ့ကတော့အထူးကု ဆရာဝန်များနှင် ကုသ မှသာအောင်မြင်နိုင်ဖို့နီးစပ်မှာပါ။ ( ၉ ) စိတ်ဖိစီးမှုလျှော့ပါ။ စိတ်ဖိစီးမှူဟာ ကိုယ်ဝန်လိုချင်သော မိဘများဖြစ်တတ်သောအရာပါ။ ကလေ ရအောင်ကြိုးစားရင်း ထိုစိတ်ဖိစီးမှူကြောင့်ပဲ ကလေးရစေဖို့အဟန့်အတားဖြစ်စေပါတယ်။ ထို့အတွက် ၂ ဦးစလုံး စိတ်ဖိစီးမှူကို လျှော့ချနိုင်အောင် ကြိုးစားပါ။ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းများ ပြုလုပ်ခြင်းဖြင့်လည်း စိတ်ဖိစီးမှူတွေကို လျှော့ချပေးနိုင်ပါလိမ့်မယ်။ ဒါဟာ ၂ ဦးစလုံး လုပ်ရမဲ့အရာပါ။ ( ၁ဝ )အချိန်ယူပါ။ ကိုယ်ဝန်ရဖို့လွယ်ကူသူတွေမဟုတ်တဲ့အတွက် ချက်ခြင်းကြီးဖြစ်လာဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ထို့အတွက်အချိန် ယူပြီးနေထိုင်ပါ။ ဆရာဝန်နဲ့ ပုံမှန်မဟုတ်တောင်အခွင့်သင့်သလိုပြသပြီး ကုသမှုခံယူပါ။ ထို့အတွက်ကြောင့်လည်းအမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်ရန်အကောင်းဆုံးအချိန်ဖြစ်တဲ့ ၁၈ နှစ်မှ ၂၅ နှစ်အတွင်းအိမ်ထောင်ပြုပြီးပါက ကလေးယူသင့်သည်။အသက် ၃၅ နှစ်အောက်တွေအတွက်ကတော့အခက်ခဲမရှိသေးပေမယ့်အသက် ၃၅ နှစ်ကျော်လာပါက မျိုးဥအောင်ဖို့အတွက် ခက်ခဲလာနိုင်ပြီး ကိုယ်ဝန်ဆောင်နိုင်ဖို့ရာခိုင်နှုန်းလည်း သူများနှင့် ယှဉ်လျှင်နည်း ပါးလာပါလိမ့်မည်။ မိခင်လောင်းများ ဘဝကိုအမြန်ဆုံးပိုင် ဆိုင်နိုင်ကြပါစေ။ Credit : ရင်ခွင်လမ်းလေးထဲမှာ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။