လူပျိုစတင်ဖြစ်တဲ့အရွယ်ဆိုတာ ကလေးတွေအတွက်တော့ ကြီးမားတဲ့ ပြောင်းလဲမှုပုံစံကို စတင်တွေ့ရတာပါပဲ။ ကိုယ်ခန္ဓာက ကြီးထွားလာတယ်။အသံတွေက ခပ်သြသြဖြစ်လာတယ်။ ကလေးတုန်းကလို မဟုတ်တော့ဘဲ ပိုသန်စွမ်းလာတယ်။
လိင်အင်္ဂ
ါတွေ ဖွံ့ဖြိုးလာမယ်။ လိင်စိတ်တွေ စတင်ဖြစ်လာမယ်။ မိဘတွေ သတိမထားလိုက်ခင်မှာပဲ ကိုယ့်သားလေးက ယောက်ျားငယ်လေးအဖြစ် စတင်ပြောင်းလဲတဲ့အရွယ်ဖြစ်နေပါပြီ။
ဘယ်အသက်အရွယ်မှာ လူပျိုဖော်စဝင်လဲ။
မိန်းကလေးတွေနဲ့ ယှဉ်လိုက်ရင်တော့ ယောက်ျားလေးတွေ
လူပျို
စဖြစ်တဲ့အသက်က နည်းနည်းနောက်ကျပါတယ်။ ပုံမှန်အားဖြင့်အစောဆုံးအသက် ၉ နှစ်၊ နောက်အကျဆုံးအသက် ၁၄ နှစ်အရွယ်မှာ လူပျိုစတင်ဖြစ်ပါတယ်။ တချို့ယောက်ျားလေးတွေမှာ ကိုယ်ခန္ဓာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဟာ ပိုပြီးမြန်နေတတ်ပါတယ်။ မိဘတွေအနေနဲ့ သတိမထားမိပေမဲ့ ကိုယ့်ကလေးကတော့ ရေချိုးနေတဲ့အချိန်၊အဝတ်လဲနေတဲ့အချိန်ဆိုရင် ဒီပြောင်းလဲမှုတွေကို တွေ့နေမှာပါ။ ဒီပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ဘယ်သူမှ မသိစေလိုတဲ့ စိုးရိမ်မှုတွေ၊ ရှက်ရွံ့စိတ်တွေ ဖြစ်နေတတ်တာလည်း သဘာဝပါပဲ။
လူပျိုဖော်ဝင်ကာစ ဘာတွေပြောင်းလဲသွားမလဲ။
၁။ ကိုယ်ခန္ဓာပုံစံ
အပြင်ဘက်က ကြည့်ရင်တော့ ကိုယ့်သားက လူကောင်ကြီးလာတယ်၊ ထွားလာတယ်လို့ ထင်ရပါတယ်။ ဒီလိုမဖြစ်ခင်လေးမှာ ကိုယ်အလေးချိန်က နည်းနည်းတက်သွားပြီး လက်မောင်းနဲ့ ခြေသလုံးတွေမှာ ပိုပြီး ကြီးလာပါတယ်။အသက် ၁၅ နှစ်ဝန်းကျင်မှာ ပုခုံးတွေက ဘေးဘက်ကို ကျယ်ပြန့်သွားမယ်။
အရပ်
ပိုရှည်လာမယ်။ ကြွက်သားတွေ ပိုသန်မာပြီးအချိုးကျလာမယ်။အရင်ကထက် ပိုသန်စွမ်းလာတဲ့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အခါအရင်ကထက် ပိုပြီး ပြင်းပြင်းထန်ထန် လုပ်နိုင်လာပါပြီ။
၂။ ကိုယ်နံ့
ဒါကတော့ ယောက်ျားလေးတွေ တော်တော်များများ စိတ်ကသိကအောက် ဖြစ်ရတဲ့ ပြောင်းလဲမှုပါ။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် ပိုချွေးထွက်ပြီး ချွေးနံ့ကလည်း ပိုပြင်းနိုင်ပါတယ်။ ဒီအတွက်ကြောင့်အရင်ကလို ရေမချိုး၊
တစ်ကိုယ်ရေ သန့်ရှင်းမှု
နည်းလာပြီဆိုတာနဲ့ ခန္ဓာကိုယ်ကနေ မကောင်းတဲ့အနံ့အသက်တွေ ချက်ချင်းထွက်လာတာကို သတိထားမိမှာပါ။
၃။ ဝက်ခြံ
ဆယ်ကျော်သက်အရွယ်ကနေ စဖြစ်လိုက်တဲ့
ဝက်ခြံ
ဆိုတာ လူလတ်ပိုင်းအရွယ်ထိကို စိတ်အနှောင့်အယှက်ပေးနေတဲ့ ပြဿနာတစ်ခုပါ။ ကလေးအရွယ်ကထက် ချွေးတွေကလည်း ပိုထွက်လာတယ်၊ မျက်နှာကအဆီတွေပြန်ပြီး ချွေးပေါက်တွေ ကျယ်လာတယ်။ ဒီချွေးပေါက်တွေကြားထဲအဆီ၊ ဖုန်မှုန့်တွေ ပိတ်မိရာကနေ ဝက်ခြံတွေကအဆက်မပြတ်ကို ပေါက်လာတော့တာပေါ့။ လူပျိုဖြစ်စမှာ
ကျားဟော်မုန်
းအဆမတန် များလာတဲ့အတွက်လည်း ဝက်ခြံကအပြွတ်လိုက် ပေါက်လာတတ်ပါတယ်။
၄။ လိင်အင်္ဂါတစ်ဝိုက်
စစချင်းမှာ ဆီးခုံမွေးတွေ ထူထပ်စွာ ပေါက်လာမယ်။ ဝှေးစေ့က ပိုကြီးလာပြီး
ကပ္ပယ်အိတ်
ကအောက်က တွဲကျလာမယ်။ လိင်တံရဲ့အရှည်နဲ့ လုံးပတ်ဟာလည်း ဖြည်းဖြည်းချင်းကြီးလာမယ်။ လိင်တံက ကောင်းစွာ ထောင်မတ်ပြီး သုက်ရည်လည်း စတင်ထွက်နေပါပြီ။ လိင်တံအရွယ်အစားဟာ လူပျိုဖြစ်ကာစအသက် ၁၈နှစ်အထိ တောက်လျှောက်ကြီးထွားမှာဖြစ်ပြီးအဲ့နောက်ပိုင်းမှာတော့ ကြီးထွားမှုရပ်သွားမှာပါ။
၅။ လိင်တံထောင်မတ်ခြင်းနဲ့ သုက်လွှတ်ခြင်း
လူပျိုဖြစ်ကာစအရွယ်မှာ ကျားဟော်မုန်းပမာဏ လွန်စွာမြင့်တက်လာတဲ့အတွက် မကြာခဏ
လိင်တံထောင်မတ်
တာမျိုးတွေ ဖြစ်တတ်ပါတယ်။အိပ်နေစဉ်မှာလည်း လိင်တံထောင်မတ်ပြီး သုက်လွှတ်ခြင်း (Wet Dreams) ဖြစ်နိုင်ပါတယ်။
၆။အသံပြောင်းလဲမှု
ကြီးထွားမှုဖြစ်စဉ် နှေးလာတဲ့အချိန်၊အသက် ၁၈နှစ် မပြည့်ခင်မှာအသံပြောင်းလဲမှုတွေ စတင်ဖြစ်လာပါတယ်။အသံရဲ့အတိုးအကျယ်ကို ထိန်းညှိပေးတဲ့အသံအိုးကလည်း ကြီးလာတဲ့အတွက်အသံက သြသြကြီးဖြစ်လာမယ်။ ကလေးတုန်းကလိုအသံမဟုတ်တော့ဘဲ လူကြီးတစ်ယောက် လေသံအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
၇။ စိတ်ခံစားချက်အပြောင်းအလဲမြန်ခြင်း
ဟော်မုန်းအပြောင်းအလဲကြောင့် ဆယ်ကျော်သက်ယောက်ျားလေးတွေရဲ့ စိတ်မှာ ပြောင်းလဲမှုတွေ များစွာ ဖြစ်နေနိုင်ပါတယ်။ ကလေးဘဝကထက် ပိုပြီး စိတ်ခံစားလွယ်တာ၊အထီးကျန်တာ၊ ဝမ်းနည်း၊ စိတ်ဆိုး၊
ဒေါသထွက်
လွယ်တာတွေ ပိုဖြစ်တတ်ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ကလေးနဲ့ ဘယ်လိုတိုင်ပင်ကြမလဲ။
ဆယ်ကျော်သက်
အရွယ်ရောက်လာပြီ ဖြစ်တာကြောင့် ကလေးတွေကအရင်ကလို လူကြီးတွေနဲ့အမြဲတိုင်ပင်စကားပြောနေတော့မှာ မဟုတ်ပါဘူး။ ဒီလိုအချိန်မှာအတင်းအကြပ်လုပ်ယူတာထက် သူတို့အတွက် စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေ၊ သူတို့ စိတ်အားထက်သန်တဲ့အကြောင်းအရာလေးတွေကိုအမြဲပြောပေးပါ။ မိသားစုအတူ ထမင်းလက်စုံစားနေတဲ့အချိန် ပျော်ပျော်ရွှင်ရွှင် စကားပြောပါ။ သူတို့အနေနဲ့ မိဘတွေနဲ့ စကားပြောရတာ စိတ်ထဲသက်တောင့်သက်သာဖြစ်တယ်လို့ ခံစားရပြီဆိုရင် ခံစားနေရတဲ့ ပြဿနာတွေကို ဖွင့်ပြောပြပါလိမ့်မယ်။
လူပျိုဖော်ဝင်တာ နောက်ကျခြင်းနဲ့ ပတ်သက်ပြီး စိုးရိမ်စရာလိုအပ်လား။
အသက် ၁၄နှစ်ပြည့်တဲ့အချိန်မှာတောင် သားလေးက ကိုယ်ခန္ဓာမှာ ပြောင်းလဲမှုတွေ ဖြစ်မလာဘူး၊ လိင်အင်္ဂါကြီးထွားမလာဘူးဆိုရင်တော့ မိဘတွေအနေနဲ့အနည်းငယ်စိုးရိမ်စိတ် ဖြစ်မိမှာပါ။ ဒီဖြစ်စဉ်ကအဖြစ်နည်းပေမယ့် နောက်ပိုင်းမှာ လူပျိုဖော်ဝင်လာတဲ့အချိန်ကျရင် သူ့အလိုလို ကြီးထွားဖွံ့ဖြိုးလာမှာဖြစ်တဲ့အတွက် သိပ်ပြီး စိတ်ပူဖို့တော့ မလိုပါဘူး။ တချို့ယောက်ျားလေးတွေမှာ လူပျိုဖြစ်တာ နောက်ကျတဲ့အတွက်အသက် ၁၆ နှစ်နောက်ပိုင်းမှာတောင် ကြီးထွားနေတုန်းပါပဲ။ တခြားရွယ်တူကလေးတွေနဲ့ ယှဉ်လိုက်ရင်တော့ လူကောင်သေးညှက်နေမယ်လို့ ထင်ရပေမယ့်အချိန်တန်ရင် သူ့ဟာနဲ့သူ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ခန္ဓာအချိုးအစား ရလာမှာပါ။
Hello Health Group
သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။