မနက်ခင်းလေးကို လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်စတင်ပါ
hellosayarwon.com
|
2019-05-13

တစ်နေ့တာ အတွက်အရေးကြီးဆုံးအချိန်က

မနက်ခင် းပါ။ မနက်ခင်းကို ကျက်သရေရှိရှိလေး နိုးထမှုက တစ်နေ့တာကို စိတ်ကြည်လင်စေနိုင်ပါတယ်။ ဒီတော့ မနက်ခင်းကို ကောင်းမွန်စွာစတင်နိုင်ဖို့ ဒီ

အလေ့အထလေး ကို မွေးမြူကြည့်ဖို့ တိုက်တွန်းပါရစေ။

မနက်ခင်းကိုလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စတင်ပါ
မနက်ခင်းအလင်းရောင်ပျို့ချိန်မှာ

လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါလန်းဆန်းစေနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ မနက်ခင်းမှာလေ့ကျင့်ခန်းလုပ်တာကအခုလိုအကျိုးကျေးဇူးတွေလည်းရရှိစေနိုင်ပါသေးတယ်။

အာရုံစူးစိုက်မ ှုကောင်းစေတယ် မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာက

စိတ်ပိုင်းဆိုင်ရ ာကို လန်းဆန်းတက်ကြွစေပြီး တစ်နေ့တာလုံးမှာအာရုံစူးစိုက်နိုင်တာကို ကင်းဝေးချင်ရင်တော့ မနက်ခင်းမှာအနည်းဆုံး ၁၅ မိနစ်လောက်လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ကြည်လင်လန်းဆန်းစေတယ် အိပ်ရာကနိုးနိုးချင်းလေ့ကျင့်ခန်းလုပ်တာက ချွေးထွက်စေပြီ ကိုယ်တွင်းသွေးလည်ပတ်မှုကောင်းစေသလို

ဦးနှောက် ဆီကို လိုအပ်တဲ့

သွေးစီးဆင်းမှု နဲ့ အောက်ဆီဂျင်ကိုရောက်ရှိစေတာကြောင့် စိတ်ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။ တစ်နေ့တာလုံးထိုင်နေရတာကြောင့် စိတ်ညစ်ညူးမှုဖြစ်တာကို သက်သာစေချင်ရင် မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ပါ။အလုပ်တာဝန်တွေကိုအကောင်းဆုံးလုပ်နိုင်စေမှာအသေအချာပါ.

ခန္ဓာကိုယ် ကျန်းမာစေနိုင်တယ် ကျန်းမာဖို့က တစ်နေ့ထက်တစ်နေ့ပိုအရေးကြီးလာတဲ့အခြေအနေမှာ နေ့ရက်တိုင်းကျန်းမာေနေစေဖို့ မနက်ခင်းမှာ

သွေးပူလေ့ကျင့်ခန်းလေး လုပ်ဖို့ မမေ့ပါနဲ့။ တစ်နေ့တာမှာ ကျန်းမာရေးနဲ့ ညီညွတ်တာရော မညီညွတ်တာရောစားမိနိုင်ပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အပြုအမူတွေလည်းလုပ်မိနိုင်ပါတယ်။ ဒါတွေကြောင့်

ကျန်းမာရေး မထိခိုက်စေဖို့ မနက်ခင်းအိပ်ရာကထတာနဲ့ လေ့ကျင့်ခန်းလုပ်ပေးပါ။

ဇီဝတွင်းဖြစ်စဉ် ကို တိုးတက်ကောင်းမွန်စေနိုင်တယ် လေ့ကျင့်ခန်းလုပ်တာက ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်တယ်ဆိုတာသိပြီးဖြစ်မှာပါ။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့နေရာမှာ မနက်ခင်းစောစောလေ့ကျင့်ခန်းလုပ်တာက ဇီဝတွင်းဖြစ်စဉ်ကိုအကောင်းဆုံးလှုံ့ဆော်ပေးနိုင်ပြီး ကျန်းမာရေဒအတွက်အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။ ကောင်းကောင်းအိပ်ပျော်စေနိုင်တယ် လေ့ကျင့်ခန်းလုပ်တာက ကိုယ်တွင်

းဟော်မုန်းတွေ ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်ရဲ့ စနစ်ကို ဟန်ချက်ညီစေနိုင်ပါတယ်။ ဒီအချက်အလက်တွေပြည့်စုံမှုက သင့်ကို ကောင်းကောင်းအိပ်ပျော်စေဖို့အထောက်အကူပြုပေးနိုင်မှာပါ။ ညဘက်မှာကောင်းကောင်းအိပ်ပျော်တဲ့အတွက် မလိုအပ်ဘဲ

ကိုယ်အလေးချိန် တက်မလာအောင်လည်း ကာကွယ်ပြီးသားဖြစ်စေမှာပါ။ မနက်ခင်းမှာ ၁၅ မိနစ်လောက် ကနေ ၄၅ မိနစ်လောက်အထိ

ချွေး ထွက်အောင်လေ့ကျင့်ခန်းလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက တစ်နေ့တာအတွက်တင်မဟုတ်ဘဲ ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ရော

စိတ်ကျန်းမာ ဖို့အတွက်ပါအကောင်းဆုံးအထောက်အပံ့ဖြစ်စေမှာပါ။ ကဲ..... ဘယ်လိုလဲ။ မနက်ဖြန်မနက်ကစလို့ လေ့ကျင့်ခန်းလုပ်ကြမလား.........................




Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..