သမီးလေး မမွေးခင် မေမေက ရေချိုူးပုံရေချိုးနည်းသင်တန်းကို မြို့နယ်ကအခမဲ့ လုပ်ပေးတဲ့နေရာမှာ တတ်ခဲ့သလို ဆေးရုံပေါ်မှာလည်း ကလေးရေချိုးပုံ ထပ်ပြပေးပါတယ်။ ကလေးတစ်ယောက် ရေချိုးပေးဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ရေချိုးဇလုံတစ်ခု၊ ရေချိုးဆပ်ပြာရည်၊ လက်ကိုင်တာဝါအသေးလေးရယ် ကလေးနားကြပ်တောင် လေးတွေပါပဲ။ ရေအပူချိန်တိုင်းမဲ့ ကိရိယာလေးလည်း ဆောင်ချင်ရင်ဆောင်ပေါ့နော်။ ကလေးသုတ်ဖို့ မျက်နှာသုတ်ပုဝါအကြီးတစ်ထည်ဆောင်ပါ။ လေးထောင့်စပ်စပ်ဖြစ်လျှင် ပိုကောင်းပါသည်။ ကလေးတစ်ယောက် ရေမချိုးခင် ကြိုတင်ပြင်ဆင်ရမှာက ရေချိုးဇလုံထဲကို ရေဖြည့်ပါ။ နွေမှာဆို ၃၇ ဒီဂရီစင်တီထားပြီး ဆောင်းမှာဆို ၄ဝ ဒီဂရီထားပေးပါ။ ရေဖြည့်ထားပြီးချိန်မှာအရင်ဦးဆုံး စားပွဲသို့ ကုတင်ပေါ်မှာ ကလေးအနှီးဒိုင်ဗာကို ဖြန့်ပါ။အပေါ်က ကလေးဝတ်ဖို့အကျီအတွင်းခံနဲ့အပေါ်အကျီကို ကလေးချပြီးဝတ်လို့ရအောင် တစ်ခါတည်းပြင်ပေးပါ။အဲဒီအပေါ်ကမှ ကလေး မျက်နှာသုတ်ပုဝါကို တင်ပါ။ ကလေးကိုအရင်နို့တိုက်ပြီးမှရေချိုးတာ ပို၍ကောင်းပါသည်။ဘာလို့ဆို ရေချိုးပြီး မကြာခင် ကလေး ချက်ချင်းအိပ်တတ်လို့ဖြစ်ပါသည်။ ဗိုက်ဝတော့ ပို၍အိပ်သည်ကိုး။အပူချိန်တိုင်းပါ။ ကဲ ရေချိုးဖို့အဆင်သင့်ဖြစ်ပါပီ။ သင်တန်းတုန်းကတော့ ၃ကီလို ဂရမ် ရှိတဲ့အရုပ်နဲ့ လက်တွေ့ လုပ်ခဲ့ရပါတယ်။အရုပ်က မလှုပ်ဘူး ကလေးကတော့ လှုပ်တာပေါ့နော်။ သတိထားပါ။အထူးသဖြင့် ကလေးဇက်မလည်ဖို့ပါ။ ကလေးရေချိုးနေချိန်မှာ ဧည့်သည်တို့ ဖုန်းတို့ ဘာပဲလာလာ ကလေးကို ထားပြီးဘာမှ မလုပ်ပါနှင့်။ ကလေးကအရေးအကြီးဆုံးပါ။ကလေးကိုအထက်ကပြထားတဲ့အဝတ်ပုံပေါ်မှာထားပြီး ကလေးအဝတ်များကို စတင်ချွတ်ပါမည်။ ပြီးလျှင် မျက်နှာသစ်သုတ်ပုဝါအသေးစားကို ရေလေးဆွတ်ပြီး မျက်နှာသစ်ပါမည်။ နဖူး ပါး၂ ဖက်နှင့် နှာခေါင်းတဝိုက်ကို ပွတ်ပေးပါ။ ပြီးလျှင် နား၂ ဖက်။ ပြီးလျှင် လက်ညှိုးထဲ မျက်နှာသုတ်ဝတ်ကိုထည့်ကာ မျက်စိ ၂ ဖက်ကို ခပ်ဖွဖွ ပွတ်ပေးပါ။အထက်ပါအဆင့်ပြီးလျှင် မျက်နှာသုတ်ပုဝါကို ရေပြန်ဆွတ်ပြီး ညှစ်ပြီးလျှင်ကလေးရင်ဖတ်ပေါ် တင်ပေးပါ။ သို့မှသာ ကလေးကို ရေထဲချလျှင် ရေမလန့်မှာ ဖြစ်ပါသည်။ ဒါဆိုလျှင် ရေထဲထည့်ပါတော့မည်။ ရေထဲထည့်လျှင် ခြေထောက်လေးကနေမှာ ရေထဲကို တဖြည်းဖြည်း ညင်ညင်သာသာ ချပေးပါ။ ချသည့်အခါ ဇက်အောက်ကနေ မိမိလက် တစ်ဖက်ကို ပင့်ထိန်းပြီးကိုင်ပေးပါ။ ကျန်သော လက်တစ်ဖက်က ကလေးရဲ့တံတောင်ဆစ်ကြား၊ ဂျိုင်းကြား၊ ဖင်ကြား၊ ဒူးခေါင်းကြားများကို ရှင်းလင်းပေးပါ။ လည်ပင်းအောက်ကို လက်ညှိုးလေးဖြင့် ဂျီးရှင်းပေးပါ။ ဆပ်ပြာကိုင်လျှင် ကိုင်ပြီးအထက်ပါနေရာများကို လုပ်ပေးပါ။ (ကိုယ်ကတော့ ခေါင်းပါလျေျာ်လို့ရသည့် ကလေးဆပ်ပြာရည်ကို သုံးပါသည်။ ကိုယ်သုံးသည့် ဆပ်ပြာရည်က တခါတည်း ရေချိုးဇလုံထဲ ထည့်ရပါသည်။) ပြီးလျှင် ခေါင်းလျှော်ပါသည်။ ယောင်္ကျားလေးများ ရေချိုးပေးလျှင် ရွှေပန်းကိုသေချာ ဆေးပေးရသလို မိန်းကလေးများကို ဖင်သေချာဆေးပေးပါ။ ဒီမှာကတော့ ဝမ်းသွားထားလျှင် ကလေးအဆီလေးဖြင့် ရေချိုးချိန်မှာ ဆေးပေးလျှင် ပိုကောင်းပါသည်တဲ့။ (နောက်တချက် မိန်းကလေးများ ဝမ်းသွားပြီး သုတ်သင်သည့်အခါ စအိုအောက်မှအထက်မသုတ်မိရန် သတိထားပါ။အပေါ်မှအောက်သာ သုတ်ပေးပါ။ မိန်းမကိုယ်ထဲ ပိုးမဝင်စေရန်ဖြစ်ပါသည်။) ရေချိုးသည့်အပေါ်ပိုင်းကိစ္စြပြီးလျှင် ကျောဖက်ကို လှန်ပါမည်။ လှန်သည့်အခါ ကလေးဇက်ကို သတိထားပါ။ သို့အတွက်ကြောင့် ကလေးကို လှန်ရာမှ လက်၂ ဖက်ဖြင့် ထိန်းပြီး မှောက်ပါမည်။ အမှန်က လက်တဖက်က ခေါင်းကို ထိန်းပြီး ကျန်တဖက်ရဲ့ လက်မကို ပေါင်ကြားအရှေ့ ဖက်မှာထားပြီး ကျန် ၄ ချောင်းကို ကျောဖက်မှာ ဆုပ်ကိုင်ပြီး မှောက်ပါလေ။ ကလေးလည်မထွက်ပါ။ ကျောကို ရေပွတ် လည်ပင်း ပေါင်ကြားရေပွတ် ပြီးလျှင် ရေချိုးခြင်း ပြီးပါပီ။ ရေချိုးနေချိန်မှာ ကလေးကို စကားပြောပေးပါ။ ဥပမာ သမီးလေးရေ.. ရေချိုးတော့မယ်.. ရေချိုးရတာ ကောင်းတယ်နော်..ပျော်လားသမီးရေ..နဲနဲလေး ကြီးလာရင် ရေဆော့တတ်လာပီ ဆိုရင်..ဟယ်..သိပ်တော်တဲ့ သမီးလေး... ရေဆော့တတ်နေပီ..အစရှိသဖြင့် ကလေးတွေကို စကားပြောပြီး ရေချိုးပေးပါ။ ဉာဏ်ရည်ဖွံ့ဖြိုးစေပါသည်။ ကလေးကို ရေထဲက စစ်ပြီးထုတ်လာလျှင်အထက်က ကြိုတင်ပြင်ဆင်ထားသည့် မျက်နှာသုတ်ပုဝါ ပေါ်မှာတင်ပြီး တခါတည်းမျက်နှာပဲဖော်ကာ ပတ်ပြီး ခေါင်းကိုအရင်သုတ်ပါ။ ပြီးတာနဲ့ကိုယ်ကိုသုတ်ပါ။ ကလေးရေခြောက်ပြီဆိုတာနဲ့ ကလေးအနှီးဝတ်ပတ်ပါ။ (ကိုယ်ကတော့ ပေါင်ကြားကို ပေါင်ဒါအနည်းငယ်သုံးပါသည်။ ဆရာဝန်တွေ မသုံးခိုင်းပါ။) ပြီးလျှင် ရာသီဥတုကြောင့် ကိုယ်တို့ကတော့ ကလေးအသားမပတ်စေရန် လိုရှင်းလူးပေးပါသည်။အားလုံးကို လုပ်ပေးနေရင်း စကားတွေလည်းပြောပေးပါသည်။ ပြီးလျှင်အသင့်ပြင်ထားသော ကလေးအကျီကို ဝတ်ပါသည်။ ကလေးနားများလည်း သန့်ရှင်းရေးလုပ်နိုင်ပါသည်။ မွေးကင်းစဖြစ်သည့်အတွက် ချက်ကိုလည်းအရက်ပြန်လေးဖြင့် ပွတ်ပေးပါ။ ကလေးသည် မကြာမီ မျက်စိစင်းပြီးအိပ်ချင်လာပါမည်။အချိန်မှန်ရေချိုးပေးခြင်းသည်ကောင်းပါသည်။ ဤတွင် ကလေးရေချိုးခြင်းပြီးပါပီ။ ကလေးရေမချိုးခင် ကိုယ်အပူချိန်တိုင်းသင့်ပါသည်။ Credit : နောင်ဂျိန် သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။